Property Expo
×

မယ္ကမၻာ ၂၀၁၆ ၿပိဳင္ပြဲ ၏ အမွတ္တရ ပစၥည္းေလလံတင္ သည့္ အစီအစဥ္အတြက္ ေဒၚေအာင္ဆန္းစုၾကည္၏ ႐ုပ္တုကို ယူေဆာင္သြားမည္ျဖစ္ေၾကာင္း ယင္းၿပိဳင္ပြဲတြင္   ျမန္မာႏုိင္ငံ ကိုယ္စားျပဳ အလွမယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္မည့္ ျမတ္သီရိလြင္ (ေခၚ)ဘယ္လာက ေျပာၾကားသည္။

‘‘ေလလံဆြဲဖို႔အတြက္ သစ္ သားနဲ႔လုပ္ထားတဲ့ အေမစုရဲ႕ ပံုတူပန္းပု႐ုပ္တုကို ယူသြားပါမယ္။ အဲဒီေလလံပြဲမွာက ကိုယ့္ႏုိင္ငံက အထင္ကရပစၥည္း၊ ရွားပါးပစၥည္း ေတြ၊ တခ်ိဳ႕ေတြက်ေတာ့ ႏိုဗယ္ ဆုရွင္ေတြရဲ႕ လက္မွတ္ေတြ ယူ လာၾကတယ္။ အဲဒါေၾကာင့္ ညီမ ကလည္း အေမစုက လူေတြအား လံုးရဲ႕ ေလးစားျခင္း၊ စိတ္ဝင္စား ျခင္းကို ခံရတာဆိုေတာ့ အေမစု ရဲ႕ ႐ုပ္တုက ညီမတုိ႔ႏုိင္ငံရဲ႕ အဖိုး တန္တဲ့႐ုပ္တုတစ္ခုလို႔ ေျပာလို႔ရ တယ္။ အဲဒီအတြက္ ယူေဆာင္ သြားျဖစ္မွာပါ’’ဟု ေဒၚေအာင္ ဆန္းစုၾကည္၏ ပံုစံတူ႐ုပ္တု ယူ ေဆာင္ရသည့္အေၾကာင္းရင္းကို ၎က ေျပာသည္။

ျမတ္သီရိလြင္သည္ ျမန္မာ ႏုိင္ငံကိုယ္စားျပဳ အလွမယ္အျဖစ္ အေမရိကန္ႏုိင္ငံ ဝါရွင္တန္ဒီစီ တြင္ ျပဳလုပ္မည့္ မယ္ကမၻာ ၂၀၁၆ၿပိဳင္ပြဲသို႔ သြားေရာက္ယွဥ္ၿပိဳင္ မည္ျဖစ္ၿပီး ႏိုဝင္ဘာ ၂၅ ရက္၌ ျမန္မာႏုိင္ငံမွ ထြက္ခြာမည္ျဖစ္ သည္။ ထို႔အျပင္ ယင္းၿပိဳင္ပြဲ၏ Title ဆုတစ္ခုျဖစ္ေသာ Miss World Beauty With a Purpose ဆုအတြက္လည္း ျမစ္ႀကီးနားၿမိဳ႕ အနီးရွိ စစ္ေဘးေရွာင္ျပည္သူမ်ား ထံ သြားေရာက္၍ ပရဟိတလုပ္ခဲ့ သည့္ ဗီဒီယိုဖိုင္ကို ျပသမည္ျဖစ္ သည္။ အဆုိပါ ဗီဒီယိုဖိုင္သည္ ေရြးခ်ယ္ခံရပါက မယ္ကမၻာၿပိဳင္ပြဲ အဖြဲ႕အစည္းက အဆုိပါေဒသမ်ားတြင္ ပရဟိတလုပ္ငန္းမ်ား လုပ္ ေဆာင္ေပးမည္ျဖစ္သည္။

မယ္ကမၻာ ၂၀၁၆ ၿပိဳင္ပြဲကို ဒီဇင္ဘာ ၁၈ ရက္တြင္ အေမရိ ကန္ႏုိင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕၌ ျပဳ လုပ္မည္ျဖစ္ၿပီး အခ်ိန္ကြာဟ ခ်က္ေၾကာင့္ Channel 7 ႐ုပ္သံ လုိင္းက တုိက္႐ိုက္ထုတ္လႊင့္ျပသ ႏုိင္မည္မဟုတ္ဘဲ ဒီဇင္ဘာ ၁၉ ရက္မွသာ ျပသေပးႏုိင္မည္ဟု မယ္ကမၻာျမန္မာအဖြဲ႕အစည္း၏ National Director ကိုစိုးသူရက ေျပာၾကားသည္။

ျမန္မာႏုိင္ငံသည္ မယ္ကမၻာ ၿပိဳင္ပြဲသို႔ ၿပီးခဲ့သည့္ ၂၀၁၄ တြင္ စတင္သြားေရာက္ယွဥ္ၿပိဳင္ျခင္း ျဖစ္ၿပီး ျမတ္သီရိလြင္သည္ မယ္ ကမၻာၿပိဳင္ပြဲသို႔ ျမန္မာႏုိင္ငံကိုယ္ စားျပဳ အလွမယ္အေနျဖင့္ တတိ ယအႀကိမ္ သြားေရာက္ယွဥ္ၿပိဳင္ မည့္ အလွမယ္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မယ်ကမ္ဘာ ၂၀၁၆ ပြိုင်ပွဲ ၏ အမှတ်တရ ပစ္စည်းလေလံတင် သည့် အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တုကို ယူဆောင်သွားမည်ဖြစ်ကြောင်း ယင်းပြိုင်ပွဲတွင်      မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် မြတ်သီရိလွင် (ခေါ်)ဘယ်လာက ပြောကြားသည်။

‘‘လေလံဆွဲဖို့အတွက် သစ် သားနဲ့လုပ်ထားတဲ့ အမေစုရဲ့ ပုံတူပန်းပုရုပ်တုကို ယူသွားပါမယ်။ အဲဒီလေလံပွဲမှာက ကိုယ့်နိုင်ငံက အထင်ကရပစ္စည်း၊ ရှားပါးပစ္စည်း တွေ၊ တချို့တွေကျတော့ နိုဗယ် ဆုရှင်တွေရဲ့ လက်မှတ်တွေ ယူ လာကြတယ်။ အဲဒါကြောင့် ညီမ ကလည်း အမေစုက လူတွေအား လုံးရဲ့ လေးစားခြင်း၊ စိတ်ဝင်စား ခြင်းကို ခံရတာဆိုတော့ အမေစု ရဲ့ ရုပ်တုက ညီမတို့နိုင်ငံရဲ့ အဖိုး တန်တဲ့ရုပ်တုတစ်ခုလို့ ပြောလို့ရ တယ်။ အဲဒီအတွက် ယူဆောင် သွားဖြစ်မှာပါ’’ဟု ဒေါ်အောင် ဆန်းစုကြည်၏ ပုံစံတူရုပ်တု ယူ ဆောင်ရသည့်အကြောင်းရင်းကို ၎င်းက ပြောသည်။

မြတ်သီရိလွင်သည် မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ တွင် ပြုလုပ်မည့် မယ်ကမ္ဘာ ၂၀၁၆ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်၌ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ် သည်။ ထို့အပြင် ယင်းပြိုင်ပွဲ၏ Title ဆုတစ်ခုဖြစ်သော Miss World Beauty With a Purpose ဆုအတွက်လည်း မြစ်ကြီးနားမြို့ အနီးရှိ စစ်ဘေးရှောင်ပြည်သူများ ထံ သွားရောက်၍ ပရဟိတလုပ်ခဲ့ သည့် ဗီဒီယိုဖိုင်ကို ပြသမည်ဖြစ် သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် ရွေးချယ်ခံရပါက မယ်ကမ္ဘာပြိုင်ပွဲ အဖွဲ့အစည်းက အဆိုပါဒေသများတွင် ပရဟိတလုပ်ငန်းများ လုပ် ဆောင်ပေးမည်ဖြစ်သည်။

မယ်ကမ္ဘာ ၂၀၁၆ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် အမေရိ ကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ပြု လုပ်မည်ဖြစ်ပြီး အချိန်ကွာဟ ချက်ကြောင့် Channel 7 ရုပ်သံ လိုင်းက တိုက်ရိုက်ထုတ်လွှင့်ပြသ နိုင်မည်မဟုတ်ဘဲ ဒီဇင်ဘာ ၁၉ ရက်မှသာ ပြသပေးနိုင်မည်ဟု မယ်ကမ္ဘာမြန်မာအဖွဲ့အစည်း၏ National Director ကိုစိုးသူရက ပြောကြားသည်။

မြန်မာနိုင်ငံသည် မယ်ကမ္ဘာ ပြိုင်ပွဲသို့ ပြီးခဲ့သည့် ၂၀၁၄ တွင် စတင်သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြတ်သီရိလွင်သည် မယ် ကမ္ဘာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ် စားပြု အလှမယ်အနေဖြင့် တတိ ယအကြိမ် သွားရောက်ယှဉ်ပြိုင် မည့် အလှမယ်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top