Property Expo
×

မြန္ျပည္နယ္ က်ိဳက္ထိုရွိ စစ္ေတာင္းစကၠဴစက္ ႐ံု ေျမဧရိယာ ဧက ၇၀၀ ခန္႔ကို တစ္ႏွစ္လွ်င္ က်ပ္သိန္း ၄၀၀ ေက်ာ္မွ်ျဖင့္ ယခင္အစိုးရလက္ထက္က ေရႊသံလြင္ဟိုင္းေဝး   ကုမၸဏီသို႔ ႏွစ္ ၃၀ ငွားရမ္းခဲ့ေၾကာင္း စက္မႈ ဝန္ႀကီးက အမ်ိဳးသားလႊတ္ေတာ္ ၌ ႏိုဝင္ဘာ ၂၉ ရက္တြင္ ေျပာ ၾကားသည္။

ေရႊသံလြင္ ဟိုင္းေဝးကုမၸဏီ က စက္႐ံုစုမ်ား ေဖာ္ထုတ္ႏုိင္ရန္ ေလွ်ာက္ထားခဲ့ရာ ၂၀၁၅ မွ ၂၀၄၅အထိ ငွားရမ္းထားေၾကာင္း ဝန္ ႀကီးဦးခင္ေမာင္ခ်ိဳက ေျပာၾကား ခဲ့သည္။

သို႔ျဖစ္၍ ေျမဧက ၇၀၀ ခန္႔ (၆၉၈ ဧက)ကို တစ္လလွ်င္ က်ပ္၃၅ သိန္းခန္႔ျဖင့္ ငွားရမ္းထားျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္ အမွတ္(၁၁) အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးလွျမင့္၏ ေမးျမန္းမႈကို ဝန္ႀကီးက လာေရာက္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

‘‘ေျမကို ႏွစ္ ၃၀ ငွားရမ္းလိုက္လုိ႔ ကာလေပါက္ေဈးနဲ႔တြက္ရင္ က်ပ္သိန္းေပါင္း ႏွစ္ေသာင္း ေက်ာ္ခန္႔ နစ္နာပါတယ္’’ဟု ဦးလွျမင့္က ေျပာသည္။

စကၠဴစက္ႏွင့္ပတ္သက္၍ စုစုေပါင္း က်ပ္ ၁၁ ဘီလီယံေက်ာ္ ခန္႔ နစ္နာခဲ့ရသျဖင့္ အစိုးရက ျပန္ လည္သံုးသပ္ရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းခဲ့ျခင္းျဖစ္သည္။ စက္ ႐ံုရွိ အေဆာက္အအံုမ်ား၊ စက္ ႏွင့္ စက္ပစၥည္းကို ပံုေသပိုင္ ပစၥည္းလက္က်န္တန္ဖိုး (Book Value) ျဖင့္ ကုမၸဏီသို႔ ေရာင္းခ်ခဲ့ျခင္း ေၾကာင့္ ႏုိင္ငံေတာ္အေနျဖင့္ နစ္ နာဆံုး႐ႈံးမႈမရွိပါေၾကာင္း စက္မႈ ဝန္ႀကီးက ျပန္လည္ေျဖၾကားခဲ့ သည္။

၂၀၁၁ စက္တင္ဘာက ျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုအစိုးရ အဖြဲ႕ အစည္းအေဝးသေဘာတူညီ ခ်က္အရ စစ္ေတာင္းစကၠဴစက္ကို တစ္ႏွစ္လွ်င္ က်ပ္သိန္း ၂၀၀ ေက်ာ္ျဖင့္ ေရႊသံလြင္ ဟိုင္းေဝးကုမၸဏီ သို႔ ၁၀ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆုိ ငွားရမ္း ခဲ့သည္။ သို႔ေသာ္ အ႐ႈံးေပၚသည္ ဟုဆိုကာ ကုမၸဏီက ၂၀၁၂ တြင္ ကုန္ထုတ္လုပ္မႈ လံုးဝရပ္ဆုိင္းခဲ့ ၿပီး စက္႐ံုကို Industrial Complexအသြင္ျဖင့္ ေဆာင္ရြက္ခြင့္ျပဳရန္ ႏုိင္ငံေတာ္သမၼတ႐ံုးသို႔တင္ျပခဲ့ ရာ လုပ္ထံုးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္ရြက္ရန္ သမၼတ႐ံုးက ၫႊန္ၾကားခဲ့သည္။

စက္႐ံုေျမကို စက္မႈဝန္ႀကီး ဌာနက ေျမအသံုးခ်မႈစီမံခန္႔ခြဲမႈ ေကာ္မတီသို႔ ျပန္လည္အပ္ႏွံခဲ့ၿပီး ျပည္ထဲေရးဝန္ႀကီးဌာနက စက္႐ံု ေျမကို ႏုိင္ငံေတာ္၏ စီမံခန္႔ခြဲပိုင္ ခြင့္ရွိေသာ ေျမအျဖစ္ မြန္ျပည္ နယ္အစိုးရအဖြဲ႕သို႔ ၂၀၁၄ တြင္ လႊဲေျပာင္းေပးခဲ့သည္။

စက္႐ံုေျမဧရိယာ ၉၂၆ ဧက အနက္ ၆၉၈ ဒသမ ၄၂ ဧကကို ေရႊ သံလြင္ ဟိုင္းေဝးကုမၸဏီက စက္​႐ံုစုမ်ား ေဖာ္ထုတ္ႏုိင္ရန္ စက္မႈ/ စီးပြားေျမငွားဂရန္ေလွ်ာက္ထား ခဲ့ၿပီး တစ္ႏွစ္လွ်င္ ေျမငွားရမ္းခေငြ က်ပ္သိန္း   ၄၀၀   ေက်ာ္မွ်ျဖင့္ ၂၀၁၅ မွ ၂၀၄၅ အထိ ငွားရမ္း ထားသည္ဟု မြန္ျပည္နယ္အစိုးရ အဖြဲ႕က ေျဖၾကားထားေၾကာင္း စက္မႈဝန္ႀကီးက လႊတ္ေတာ္တြင္ ေျဖၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မွန်ပြည်နယ် ကျိုက်ထိုရှိ စစ်တောင်းစက္ကူစက် ရုံ မြေဧရိယာ ဧက ၇၀၀ ခန့်ကို တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ ကျော်မျှဖြင့် ယခင်အစိုးရလက်ထက်က ရွှေသံလွင်ဟိုင်းဝေး   ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းခဲ့ကြောင်း စက်မှု ဝန်ကြီးက အမျိုးသားလွှတ်တော် ၌ နိုဝင်ဘာ ၂၉ ရက်တွင် ပြော ကြားသည်။

ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ က စက်ရုံစုများ ဖော်ထုတ်နိုင်ရန် လျှောက်ထားခဲ့ရာ ၂၀၁၅ မှ ၂၀၄၅အထိ ငှားရမ်းထားကြောင်း ဝန် ကြီးဦးခင်မောင်ချိုက ပြောကြား ခဲ့သည်။

သို့ဖြစ်၍ မြေဧက ၇၀၀ ခန့် (၆၉၈ ဧက)ကို တစ်လလျှင် ကျပ်၃၅ သိန်းခန့်ဖြင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးလှမြင့်၏ မေးမြန်းမှုကို ဝန်ကြီးက လာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘မြေကို နှစ် ၃၀ ငှားရမ်းလိုက်လို့ ကာလပေါက်ဈေးနဲ့တွက်ရင် ကျပ်သိန်းပေါင်း နှစ်သောင်း ကျော်ခန့် နစ်နာပါတယ်’’ဟု ဦးလှမြင့်က ပြောသည်။

စက္ကူစက်နှင့်ပတ်သက်၍ စုစုပေါင်း ကျပ် ၁၁ ဘီလီယံကျော် ခန့် နစ်နာခဲ့ရသဖြင့် အစိုးရက ပြန် လည်သုံးသပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ စက် ရုံရှိ အဆောက်အအုံများ၊ စက် နှင့် စက်ပစ္စည်းကို ပုံသေပိုင် ပစ္စည်းလက်ကျန်တန်ဖိုး (Book Value) ဖြင့် ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်း ကြောင့် နိုင်ငံတော်အနေဖြင့် နစ် နာဆုံးရှုံးမှုမရှိပါကြောင်း စက်မှု ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ သည်။

၂၀၁၁ စက်တင်ဘာက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးသဘောတူညီ ချက်အရ စစ်တောင်းစက္ကူစက်ကို တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ သို့ ၁၀ နှစ် စာချုပ်ချုပ်ဆို ငှားရမ်း ခဲ့သည်။ သို့သော် အရှုံးပေါ်သည် ဟုဆိုကာ ကုမ္ပဏီက ၂၀၁၂ တွင် ကုန်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ ပြီး စက်ရုံကို Industrial Complexအသွင်ဖြင့် ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးက ညွှန်ကြားခဲ့သည်။

စက်ရုံမြေကို စက်မှုဝန်ကြီး ဌာနက မြေအသုံးချမှုစီမံခန့်ခွဲမှု ကော်မတီသို့ ပြန်လည်အပ်နှံခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနက စက်ရုံ မြေကို နိုင်ငံတော်၏ စီမံခန့်ခွဲပိုင် ခွင့်ရှိသော မြေအဖြစ် မွန်ပြည် နယ်အစိုးရအဖွဲ့သို့ ၂၀၁၄ တွင် လွှဲပြောင်းပေးခဲ့သည်။

စက်ရုံမြေဧရိယာ ၉၂၆ ဧက အနက် ၆၉၈ ဒသမ ၄၂ ဧကကို ရွှေ သံလွင် ဟိုင်းဝေးကုမ္ပဏီက စက်ရုံစုများ ဖော်ထုတ်နိုင်ရန် စက်မှု/ စီးပွားမြေငှားဂရန်လျှောက်ထား ခဲ့ပြီး တစ်နှစ်လျှင် မြေငှားရမ်းခငွေ ကျပ်သိန်း   ၄၀၀   ကျော်မျှဖြင့် ၂၀၁၅ မှ ၂၀၄၅ အထိ ငှားရမ်း ထားသည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ဖြေကြားထားကြောင်း စက်မှုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top