Property Expo
×






Credit: 7 day daily

#Unicode Version

 မြန်မာနိုင်ငံသို့ တင် သွင်းသည့် ကုန်ပစ္စည်းများ အရည်အသွေးစစ်ဆေးရန် ကုန်သွယ်ဖက်နိုင်ငံများ၏ ဆိပ်ကမ်းများတွင် စစ်ဆေးရေးအဖွဲ့များ (Inspection Team) ကို လာ မည့်နှစ်ဆန်းပိုင်းတွင် စတင်ထား ရှိရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ယခင်က ၂၀၁၆ တွင်စတင် နိုင်ရန် ရည်ရွယ်ထားသော်လည်း တစ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းမှုပြု လုပ်နေရ၍ ၂၀၁၇ မှသာစတင်နိုင်မည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနမှ ဒုညွှန်ကြားရေးမှူးက ပြောသည်။

ပြည်ပမှတင်သွင်းလာသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပါ မစ်ပါ အချက်အလက်အတိုင်း ကိုက်ညီမှု ရှိ၊ မရှိ ပြည်ပကုန်သွယ်ဖက်နိုင်ငံများမှ စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ပြီး ယာဉ်တင်သွင်းမှုအပိုင်းကို ဦးစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။‘‘ကားကသွင်းတာ အရမ်း များတယ်။ အရည်အသွေးပိုင်းမှာ လည်း အားနည်းတာတွေရှိတော့ အဓိကထားစစ်ဖို့ ဂျပန်ဆိပ်ကမ်း မှာ စစ်ဆေးရေးအဖွဲ့တွေထား မယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံတကာကုန်သွယ်ဖက် ဆိပ်ကမ်းများတွင် ကမ္ဘာ့အဆင့်မီ စစ်ဆေးရေးအဖွဲ့များသာ ထားရှိမည် ဖြစ်ပြီး ၂၀၁၇ တွင် စတင်လုပ်ဆောင်ရန် လျာထားသော်လည်း သတ်မှတ်ချိန်ထက် ပိုမိုကြာမြင့်နိုင်သည်ဟု သိရသည်။

ပြည်ပဆိပ်ကမ်းများတွင် တင်သွင်းကုန်များ စစ်ဆေးခြင်းမှာ ပြည်တွင်းမှ အချို့သော ကုန် စည်တင်သွင်းသူများသည် တင်သွင်းခွင့်ပါမစ်ပါ ကုန်စည်များကို ဆိပ်ကမ်းအတွင်း ပြုပြင်မှုများ
ဆောင်ရွက်ပြီးမှသာ ကုန်စည်ပို့ဆောင်ခြင်းများပြုလုပ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top