Property Expo
×

ေတာင္တ႐ုတ္ပင္လယ္ တြင္ မုန္တိုင္းတစ္လံုးျဖစ္ေပၚေန ၿပီး ဘဂၤလားပင္လယ္ေအာ္၌လည္း ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚေန၍ ျမန္မာႏိုင္ငံေဒသအခ်ဳိ႕ ၌ အခ်ိန္အခါမဟုတ္ မိုးရြာႏုိင္ေၾကာင္း မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပး ထားသည္။

 ေတာင္တ႐ုတ္ပင္လယ္ တြင္ အပူပိုင္းမုန္တိုင္း T OKAGE တိုက္ခတ္ေနၿပီး ဘဂၤလားပင္လယ္ေအာ္၌ ႏို၀င္ဘာ ၂၇ ရက္မွစတင္ကာ ေလဖိအားနည္းရပ္၀န္းတစ္ခုျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

 ‘‘မိုးေလ၀သပညာအရ ေတာ့ ဘီနဲ႔ စီဆက္စပ္မႈျဖစ္ေနတာေပါ့။ ဘီ (ဘဂၤလားပင္လယ္)နဲ႔ စီ (ေတာင္တ႐ုတ္ပင္လယ္)တို႔ရဲ႕ ဆက္စပ္မႈသေဘာကို ေတြ႕ေနရ တယ္။ ေတာင္တ႐ုတ္ပင္လယ္က မုန္တိုင္းက ေျမာက္ဘက္ကိုသြား ရင္ ဘဂၤလားပင္လယ္က မုန္တိုင္းကလည္း တစ္ႏြယ္ငင္တစ္စင္ပါ ၿပီး ေျမာက္ဘက္ကို တက္လာ တတ္တာေၾကာင့္ မုန္တိုင္းျဖစ္ႏိုင္ တဲ့ အလားအလာေတြ တိုးလာ တတ္တယ္။ လက္ရွိအေျခအေန မွာေတာ့ ျမန္မာႏိုင္ငံေတာင္ပိုင္း ေဒသေတြမွာ မိုးေတြရြာဖို႔ရွိေနပါ တယ္’’ဟု ေျပာသည္။


 မိုးေလ၀သပညာရပ္တြင္ အာေရဗ်ပင္လယ္၊ ဘဂၤလားပင္ လယ္ႏွင့္ ေတာင္တ႐ုတ္ပင္လယ္ တို႔၏ အေျခအေနကို ေအဘီစီ ဆက္စပ္မႈအျဖစ္ သတ္မွတ္၍ ပညာရွင္မ်ားက တြက္ခ်က္ကာ သတင္းထုတ္ျပန္ၾကသည္။

မိုးဇလဦးစီးဌာနက ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသမ်ားျဖစ္ေသာ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာကြက္မိုးရြာႏိုင္ကာ ရွမ္းႏွင့္ ကယားျပည္နယ္တို႔၌ ပံုမွန္ထက္ အေအးပိုႏိုင္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

တောင်တရုတ်ပင်လယ် တွင် မုန်တိုင်းတစ်လုံးဖြစ်ပေါ်နေ ပြီး ဘင်္ဂလားပင်လယ်အော်၌လည်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေ၍ မြန်မာနိုင်ငံဒေသအချို့ ၌ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။

 တောင်တရုတ်ပင်လယ် တွင် အပူပိုင်းမုန်တိုင်း T OKAGE တိုက်ခတ်နေပြီး ဘင်္ဂလားပင်လယ်အော်၌ နိုဝင်ဘာ ၂၇ ရက်မှစတင်ကာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 ‘‘မိုးလေဝသပညာအရ တော့ ဘီနဲ့ စီဆက်စပ်မှုဖြစ်နေတာပေါ့။ ဘီ (ဘင်္ဂလားပင်လယ်)နဲ့ စီ (တောင်တရုတ်ပင်လယ်)တို့ရဲ့ ဆက်စပ်မှုသဘောကို တွေ့နေရ တယ်။ တောင်တရုတ်ပင်လယ်က မုန်တိုင်းက မြောက်ဘက်ကိုသွား ရင် ဘင်္ဂလားပင်လယ်က မုန်တိုင်းကလည်း တစ်နွယ်ငင်တစ်စင်ပါ ပြီး မြောက်ဘက်ကို တက်လာ တတ်တာကြောင့် မုန်တိုင်းဖြစ်နိုင် တဲ့ အလားအလာတွေ တိုးလာ တတ်တယ်။ လက်ရှိအခြေအနေ မှာတော့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးတွေရွာဖို့ရှိနေပါ တယ်’’ဟု ပြောသည်။


 မိုးလေဝသပညာရပ်တွင် အာရေဗျပင်လယ်၊ ဘင်္ဂလားပင် လယ်နှင့် တောင်တရုတ်ပင်လယ် တို့၏ အခြေအနေကို အေဘီစီ ဆက်စပ်မှုအဖြစ် သတ်မှတ်၍ ပညာရှင်များက တွက်ချက်ကာ သတင်းထုတ်ပြန်ကြသည်။

မိုးဇလဦးစီးဌာနက မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်မိုးရွာနိုင်ကာ ရှမ်းနှင့် ကယားပြည်နယ်တို့၌ ပုံမှန်ထက် အအေးပိုနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top