Property Expo
×

အဲဒီေန႔က သူတစ္ေယာက္တည္း အခ်စ္က မီးလား ဆိုတာကို ေတြးေနျဖစ္တယ္။ တစ္ခါတစ္ခါေတာ့လဲ အခ်စ္က မီးပါလို႔ လက္ခံလိုက္တယ္၊ တစ္ခါတစ္ခါေတာ့လဲ အခ်စ္က မီးမဟုတ္ျပန္ဘူးလို႔ ျငင္းဆန္လိုက္တယ္။ သူတစ္ေယာက္တည္း တစ္ထုိင္တည္းနဲ႔တစ္ေနရာတည္းမွာ အခ်စ္က မီးျဖစ္သြားလိုက္ ေရျဖစ္သြားလိုက္နဲ႔ အဆံုးမသတ္တဲ့ အေတြးေတြနဲ႔ လံုးခ်ာလိုက္ေနတာပဲ။ အခ်စ္နဲ႔ ပတ္သက္ၿပီးလဲ အဆံုးအမေတြ အမ်ားႀကီး ဖတ္ဖူးတဲ့သူ႔မွာေမးခြန္းေတြကို ဘာသာထုတ္လိုက္ ဘာသာျပန္ ေျဖလိုက္နဲ႔ အခ်စ္က ဘာဆိုတာ ကြဲကြဲျပားျပားအေျဖ မရခဲ့ဘူး။

ဒီလိုနဲ႔ အဲဒီေန႔ဟာ တစ္ေနကုန္ၿပီး တစ္မိုးခ်ဳပ္ခဲ့တယ္။ မၿပီးျပတ္ေသးတဲ့ အေတြးကို အေျဖရွာဖို႔ သူ စာအုပ္စင္ ေပၚက ဇာတ္ေတာ္စာအုပ္ေလး ေကာက္ကိုင္လိုက္တယ္။

သူ စဖတ္မိတဲ့စာမ်က္ႏွာ အစမွာပဲ-

စာဖတ္သူမ်ားလဲ အဲဒီလိုအေတြးေတြနဲ႔ ခ်ာခ်ာလည္ခဲ့တဲ့အႀကိမ္ေတြ မနည္းမေနာ ရွိခဲ့ဘူးမွာပါ။ ဘာလို႔လဲဆိုရင္ အားလံုးက ပုထုဇဥ္ေတြေလ အခ်စ္အေၾကာင္းမေတြးပဲ ဘယ္ေနလိမ့္မလဲေနာ္၊ ေတြးမိမွာပါပဲ။

အခ်စ္က မီးပဲျဖစ္ျဖစ္၊ ေရပဲျဖစ္ျဖစ္ မခ်စ္မိေအာင္ေတာ့ ဘယ္သူမွ ေနႏိုင္ၾကမွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုရင္ အားလံုးက ခ်စ္တတ္တဲ့ႏွလံုးသားရွိေနၾကတဲ့သူေတြမို႔ပါ။ အဝိဇၨာနယ္တြင္းမွာ သိကၡာဆယ္ရင္းနဲ႔ ခ်စ္လိုက္ လိပ္ျပာငယ္ရင္းနဲ႔ ခ်စ္လိုက္။

ခ်စ္လိုက္၊ ခ်စ္လိုက္၊ ခ်စ္လိုက္နဲ႔ အခ်စ္မႀကိဳက္တာေတြ လုပ္မိလို႔ အခ်စ္နဲ႔ ကြဲကြာ ခြဲခြာရလိုက္၊ အခ်စ္ႀကိဳက္တာေတြ လုပ္မိျပန္ေတာ့ အခ်စ္နဲ႔ ျပန္လည္ ေပါင္းစည္းမိၾကနဲ႔ အခ်စ္သံသရာႏြံေတာမွာ ခ်စ္တတ္ ျမတ္ႏိုးတတ္တဲ့ ပုထုဇဥ္ သတၱဝါ သူသူငါငါ ေမ်ာလြင့္ဖူးတာေပါ့။

အဲဒီေတာ့ မခ်စ္တတ္တဲ့ သတၱဝါထဲမွာလဲ ကိုယ္ကဝင္ပါရတဲ့အခါလဲ ရွိၾကတာပဲ။ အခ်စ္ငတ္တဲ့ သတၱဝါထဲမွာ ကိုယ္က ဝင္ပါရတဲ့ အႀကိမ္ေတြလဲ မနည္းမေနာရွိခဲ့ၾကမွာပါ။ ကိုယ့္ေၾကာင့္ အခ်စ္ခမ်ာ မ်က္ႏွာငယ္၊ ဒုကၡေရာက္ မျဖစ္စေလာက္ကေလးက စ အနာတရ ျဖစ္ခဲ့ရတဲ့အခ်ိန္ေတြလဲ မနည္းခဲ့ဘူးေပါ့။

လူတိုင္း၊ သတၱဝါတိုင္းကေတာ့ အခ်စ္ကို မ်က္ႏွာလဲငယ္ေစခ်င္မွာ မဟုတ္ပါဘူး။ ဒုကၡလဲ ေရာက္ေစခ်င္မွာ မဟုတ္ပါဘူး။ အနာတရေတြနဲ႔ နာက်င္ေနတာမ်ဳိးလဲ ျဖစ္ေစခ်င္မွာ မဟုတ္ပါဘူး။ အခ်စ္ကို အၿမဲတမ္း ေပ်ာ္ရႊင္ေနေစခ်င္ မွာပါ။

ဒါေပမဲ့ လူတိုင္း သတၱဝါတိုင္းက မခ်စ္တတ္ေတာ့ အခ်စ္ခမ်ာ နာမည္ေကာင္း မရရွာပဲ ခဏခဏ နာမည္ပ်က္ ရရွာတယ္ေလ။ အခ်စ္နာမည္ေကာင္းေကာင္းရေအာင္ ခ်စ္တတ္ေအာင္ သင္ရမွာေပါ့ေနာ္။

ဒါဆို ခ်စ္တတ္ေအာင္ ဘယ္လို သင္မလဲ၊ လြယ္လြယ္ေလးပါ စာဖတ္သူေရ။ လြယ္လြယ္ေလးဆိုျပန္ေတာ့ စာဖတ္သူက ေတြးေနမွာေပါ့ လြယ္ေနရင္ လူတိုင္းလုပ္တတ္ေနမွာေပါ့လို႔ေလ။ ဒါေပမဲ့ လြယ္မေယာင္နဲ႔ခက္၊ တိမ္မေယာင္ နဲ႔ နက္ဆိုသလို အခ်စ္ကို ကိုင္တြယ္ရတာ ခက္တယ္ေလ၊ လြယ္လြယ္နဲ႔ စံပယ္ပြင့္ရင္ လူတိုင္းေခါင္းမွာ စံပယ္ေတြ ေဝေနမွာေပါ့ စာဖတ္သူ။

ဒါဆို ဘယ္လို လုပ္မလဲ၊ ဘယ္လို သင္မလဲဆိုတာ သိရေအာင္ စာေရးသူ ဖတ္ဖူးတဲ့ ဇာတ္ဝတၴဳေလးတစ္ခုကို ေဖာက္သည္ခ်ျပခ်င္ပါတယ္။

သူဖတ္ၿပီးသြားတဲ့ စာပိုဒ္ေတြက သူေတြးခဲ့တာေတြနဲ႔ ကြက္တိက်ေနပါေရာလား။


ဒါနဲ႔ အေျဖဆက္သိခ်င္တာနဲ႔ သူက က်န္ေနတဲ့ စာပိုဒ္ေတြကို ဆက္ဖတ္လိုက္တယ္။

ဘုရားအေလာင္းေတာ္ ႏုစဥ္က မစလရြာမွာ မဃဆိုတဲ့ အမ်ဳိးသားေလး ျဖစ္တုန္းက အခ်စ္ကို ေရႊတင္ျမခက္ စံုဖက္ျမတ္ႏိုး ေအာင္ျမင္မႈတန္ခိုးနဲ႔ နာမည္ေကာင္းရေအာင္ လုပ္သြားတဲ့ နည္းေလးကို ေျပာျပခ်င္ပါတယ္။ ေျပာျပရမယ္ဆိုရင္ ဇာတ္ေတာ္ကေတာ့ အရွည္ႀကီးပါ။ စာဖတ္သူမ်ား ဖတ္ရတာ မ်ားေနမွာစိုးလို႔ အက်ဥ္းခ်ဳံး ေျပာျပပါမယ္။ အဲဒီ မစလရြာမွာ မဃဆိုတဲ့ အမ်ဳိးသားေလးက လမ္းေတြ ျပင္တယ္, တံတားေတြ ေဆာက္တယ္, အမ်ားအက်ဳိးကို ကူညီတာ စတဲ့ ကုသိုလ္အလုပ္ေတြကိုလုပ္ပါတယ္။

အဲဒီလိုပါပဲ သူနဲ႔အတူ သူ႔ေနာက္လိုက္ လူငယ္ေလးေတြ ၂၉-ေယာက္ကလဲ အမ်ားအက်ဳိးေတြကို သယ္ပိုး ေဆာင္ရြက္ၾကပါတယ္။ အဲဒီ မာဃလူငယ္ေလး ဦးေဆာင္တဲ့အဖြဲ႕ဟာ ငါးပါးသီလကိုလဲ အၿမဲေစာင့္ထိန္းပါတယ္။ အဲဒီ မာဃဆိုတဲ့ လူငယ္ေလးမွာလဲ မယားက ေလးေယာက္ေတာင္ရွိသတဲ့။ သူတို႔တစ္ေတြကေတာ့-

၁။ သုဓမၼာ

၂။ စိတၱာ

၃။ နႏၵာ

၄။ သုဇာ တို႔ ျဖစ္ပါတယ္။

တစ္ေန႔မွာ သူတို႔လူငယ္ေလးေတြ တိုင္ပင္ၿပီး ရြာလယ္ ေျမ ကြက္လပ္မွာ ဇရပ္ႀကီးတစ္ေဆာင္ ေဆာက္လုပ္ၾက ပါတယ္။ အဲဒီဇရပ္ႀကီးရဲ႕ထိပ္မွာ အထြဋ္ထပ္ဖို႔အေနနဲ႔ လိုတဲ့ပစၥည္းအသားေတြကို သုဓမၼာက ပါဝင္ကုသိုလ္ယူပါတယ္။ စိတၱာဆိုတဲ့အမ်ဳိးသမီးေလးကေတာ့ အဲဒီဇရပ္ႀကီးနားမွာ ပန္းမ်ဳိးစံုဖူးပြင့္ေနတဲ့ ဥယ်ာဥ္ႀကီးတစ္ခုေဆာက္လုပ္လွဴဒါန္း ပါတယ္။ နႏၵာဆိုတဲ့ အမ်ဳိးေလးကေတာ့ အဲဒီဥယ်ာဥ္နားမွာပဲ ၾကာငါးပါးနဲ႕ ျပည့္စံုတဲ့ေရကန္ႀကီးတစ္ကန္ တူးေဖာ္ လွဴဒါန္းပါတယ္။ အဲဒီလို လူအမ်ားက ကုသိုလ္ေကာင္းမႈေတြ လုပ္ၾက၊ သီလေဆာက္တည္ၾကေပမယ့္ သုဇာဆိုတဲ့ အမ်ဳိးသမီးေလးကေတာ့ သူ႔အလွသူျပင္၊ သူ႔လင္ေတာ္ေမာင္ လုပ္ရင္ ငါလဲရမွာပဲ ဆိုၿပီး ဘာသိဘာသာ ေနလာပါတယ္။

အဲဒီလိုနဲ႔ မာဃလူငယ္တို႔ အေယာက္သံုးဆယ္နဲ႔ သုဓမၼာ၊ စိတၱာ၊ နႏၵာတို႔တစ္ေတြဟာ အသက္အတိုင္း အရွည္အတိုင္း လူျပည္မွာ ေနထိုင္ ကုသိုလ္ေကာင္းမႈေတြျပဳၿပီး၊ ေသလြန္သြားၾကပါတယ္။ ေသလြန္ေတာ့ တာဝတိ႔သာနတ္ျပည္ မွာ မာဃလူငယ္ေလးက သိၾကားမင္းႀကီးျဖစ္လာၿပီး က်န္တဲ့သူေတြက သူရဲ႕ေနာက္လိုက္နတ္သားေတြ နတ္သမီးေတြ ျဖစ္လာပါတယ္။

အဲဒီအခ်ိန္မွာ တာဝတႎသာမွာ အသုရာေတြ ေနထိုင္တာပါ။ သိၾကားမင္းပိုင္ဆိုင္တဲ့နတ္ျပည္ မဟုတ္ေသးပါဘူး။ အသုရာေတြကပဲ ဆိုင္တဲ့ျပည္ပါ၊ မာဃတို႔လူငယ္ေတြ ေရာက္လာမွ အသုရာေတြကို ျမင့္မိုရ္ေတာင္ေျခရင္းကို ႏွင္ထုတ္လိုက္ပါတယ္။ အဲဒီအသုရာေတြက အၿမဲတမ္း အရက္မူးေနၾကပါတယ္။ အရက္အမူးေျပလို႔ သခြတ္ပန္း ပြင့္ခ်ိန္ေရာက္တိုင္း သူတုိ႔ျပည္တာဝတႎသာကို သတိရၾကသတဲ့ေလ။

သခြတ္ပန္းပြင့္ခ်ိန္ေရာက္တိုင္းလဲ တာဝတႎသာက သိၾကားမင္းနဲ႔ အသုရာေတြနဲ႔ စစ္ျဖစ္ၾကတယ္တဲ့။ အဲဒီလိုနဲ႔ သူတိုဟာ တစ္ဦးနဲ႔တစ္ဦး ရန္သူႀကီးေတြျဖစ္လာပါတယ္။

ဒါေပမဲ့ စစ္ျဖစ္တိုင္း အသုရာေတြ ႐ံႈးတာပါတဲ့။ သိၾကားမင္းက အၿမဲတမ္းႏိုင္ပါတယ္။ သိၾကားမင္းက တာဝတႎသာမွာ အေနၾကာလာရင္း တစ္ေန႔ေတာ့ သူ႔မယားေလးေယာက္ထဲ တစ္ေယာက္ျဖစ္တဲ့ သုဇာေလး တာဝတႎသာမွာ ပါမလာတာ သတိထားမိသြားပါတယ္။ ငါရဲ႕အခ်စ္ဆံုး သုဇာေလး ဘယ္ဘဝမ်ား ေရာက္ေနလဲ၊ အဆင္ေျပရဲ႕လား၊ ေနေကာင္းရဲ႕ လားဆိုၿပီး နတ္မ်က္စိနဲ႔ ရွာၾကည့္ပါတယ္။

လားလား အဲဒီအခ်ိန္မွာ သုဇာေလးက ကုသိုလ္ေကာင္းမႈ ဘာမွ မလုပ္ခဲ့ေတာ့ ငါးေတြ ဖမ္းစားေနတဲ့ ဗ်ဳိင္းမေလး ျဖစ္ေနရွာသတဲ့။

ဒါနဲ႕ သိၾကားမင္းကလဲ မျဖစ္ေခ်ဘူး။ ငါရဲ႕ အခ်စ္ေဟာင္းကို ကယ္မွပဲဆိုၿပီး သုဇာ ဗ်ဳိင္းမေလးဆီ သြားပါတယ္။ သြားၿပီးေတာ့ ရွင္မရယ္ မင္းမလဲ ေရွးက ကုသိုလ္ေကာင္းမႈနည္းခဲ့လို႔ အခုလို တိရစၧာန္ဘဝေရာက္ေနတာ၊ ဒီဘဝက လြတ္ေအာင္ ငါးပါးသီလ ေဆာက္တည္ပါကြယ္လို႔ တိုက္တြန္းအားေပးခဲ့ပါတယ္။

သုဇာေလးကလဲ သိၾကားမင္းေျပာတဲ့အတိုင္း ခ်စ္တဲ့စိတ္နဲ႔လိုက္နာၿပီး ငါးပါးသီလေတြ ၿမဲေအာင္ေစာင့္ပါတယ္။ အဲဒီဗ်ဳိင္းမေလးဘဝမွာ သုဇာဟာ ငါးပါးသီလေတြ ေစာင့္စည္းခဲ့တဲ့အတြက္ သူေသ လြန္တဲ့အခါ လူျပည္က ဗာရာဏသီျပည္မွာ အိုးလုပ္တဲ့အိမ္မွာ သမီးကေလးအျဖစ္နဲ႔ ေမြးဖြားလာပါတယ္။

အဲဒီ အိုးထိန္းသည္ သမီးကေလးဘဝမွာလဲ သုဇာဟာ ငါးပါးသီလေတြကို ဆက္လက္ေစာင့္ထိန္းပါတယ္။ အဲဒီအခါမွာလဲ တာဝတႎသာက သိၾကားမင္းႀကီးခမ်ာ မေနသာဘူး။ အခ်စ္ေဟာင္း သုဇာေလး ဘယ္ဘဝေရာက္ေနလဲဆိုတာ နတ္မ်က္စိနဲ႕ ရွာၾကည့္ျပန္ရွာတယ္။ ဗာရာဏသီက အိုးထိန္းသည္အိမ္မွာ အိုးလုပ္သမေလးျဖစ္ေနၿပီး ဆင္းရဲေနတာ ျမင္ျပန္ေတာ့၊ သိၾကားမင္းခမ်ာ အဖိုးအို ေယာင္ဖန္ဆင္းၿပီး အဲဒီအိုးလုပ္တဲ့ရြာထဲမွာလွည္းႀကီးနဲ႔ ေရႊဖ႐ံုသီးေတြ တင္ၿပီး ဝင္သြားတယ္။ ရြာသူရြာသားေတြက ေရႊဖ႐ံုသီးေတြ ေရာင္းပါလို႔ အဖိုးအို ေယာင္ေဆာင္တားတဲ့ သိၾကားမင္းကိုေျပာေတာ့ သိၾကားမင္းက ငါက ေရာင္းဖို႔ မဟုတ္ဘူးကြာ။ ငါးပါးသီလေစာင့္တယ္၊ ငါးပါးသီလကို သိတဲ့သူကို ေပးဖို႔ယူလာတာလို႔ ေျပာလႊတ္ေတာ့ ရြာသူ ရြာသားေတာ္ေတာ္မ်ာမ်ားက ငါးပါးသီလကို မသိၾကေတာ့ တစ္ေယာက္မွ ေရႊဖ႐ံုသီးေတြ မရၾကဘူး။

အဲဒီအခ်ိန္မ်ာ သုဇာအိုးလုပ္သမေလးက သူငါးပါးသီလကို သူသိပါတယ္။ သူ႔ကိုေရႊဖ႐ံုသီးေတြ ေပးပါလို႔ ေတာင္းေတာ့ သိၾကားမင္းက သုဇာကို ေရႊသခြားသီးေတြေပးၿပီး ကုသုိလ္ေကာင္းမႈေတြ လုပ္ပါ။ သီလေတြ ဆက္လက္ေစာင့္ထိန္း ပါလို႔ မွာၾကားၿပီး တာဝတႎသာကို ျပန္သြားခဲ့တယ္။

အဲဒီလိုနဲ႔ သုဇာအိုးလုပ္သမေလးဟာ အဲဒီဘဝမွာ သီလေတြေစာင့္၊ အလွဴဒါနေတြ လုပ္ကာ ေသဆံုးတဲ့အခါ သိၾကားမင္းတို႔ရဲ႕ရန္သူေတာ္ေတြေနတဲ့ အသုရာနတ္ျပည္မွာ အသုရာနတ္ဘုရင္ရဲ႕ သမီးနတ္သမီးေလးသြားျဖစ္ပါတယ္။

ဘဝတိုင္းဘဝတိုင္း သီလေတြေစာင့္တည္ခဲ့တဲ့အတြက္ ႐ုပ္ရည္အဆင္းက အရမ္းကို လွပပါသတဲ့။ ျမင္ရတဲ့ နတ္သားတိုင္းက သုဇာနတ္သမီးေလးကို သိမ္းပိုက္ခ်င္သတဲ့။ သုဇာေလးရဲ႕ ခ်စ္လင္ျဖစ္ရရင္ ေသေပ်ာ္ပါၿပီကြာလို႔ ေျပာရတဲ့ အထိကို ျဖစ္ၾကသတဲ့။

အဲဒီသတင္းကို တာဝတႎသာ သိၾကားမင္းက ၾကားေတာ့ အသုရာနတ္ျပည္ကို ႐ုတ္တရက္ ဆင္းလာၿပီး သုဇာေလးကို လာၾကည့္သတဲ့။ ေနာက္တစ္ခါ ဘဝဘဝတိုင္းက အခ်စ္ေမတၱာ တန္ခိုးေတြေၾကာင့္ ျမင္ျမင္ျခင္းခ်စ္မိသြားၿပီး တာဝတႎသာကို ေခၚသြားပါသတဲ့ စာဖတ္သူ။


ဇာတ္လမ္းကေတာ့ ဒါပဲ စာဖတ္သူ အခ်စ္က မီးျဖစ္ခ်င္ျဖစ္မယ္၊ ေရျဖစ္ခ်င္ျဖစ္မယ္၊ ဒါေပမဲ့ အဆံုးသတ္မွာ ေရျဖစ္မယ္ေနာ္။ ဘာလို႔လဲဆိုရင္ ဒီဇာတ္ေတာ္ေလးမွာ အခ်စ္ေၾကာင့္၊ ရွင္းရွင္းလင္းလင္းေျပာရရင္ သိၾကားမင္းက သုဇာေလးကို ခ်စ္တဲ့ ခ်စ္ျခင္းေမတၱာေၾကာင့္ ဘဝျခားေပမဲ့ ခဏတိုင္း လာလာၿပီး သီလေတြ ေဆာက္တည္ပါ။ အလွဴဒါနေတြ လုပ္ပါလို႔ တိုက္တြန္းခဲ့တာပါ။

အဲဒီလိုပါပဲ သုဇာေလးကလဲ သိၾကားမင္းကိုခ်စ္တဲ့စိတ္နဲ႔ ခ်စ္သူေပးတဲ့ ဆံုးမစကားေတြ အႀကံေကာင္းေတြကို တစ္ေသြမတိမ္းလိုက္နာၿပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္လို႔ ေနာက္ဆံုးမွာ ျပန္လည္ဆံုဆည္းၾကရတယ္ေနာ္။

ဒါေၾကာင့္ စာဖတ္သူေရာ အခ်စ္နဲ႔ မကင္းေသးတဲ့ သူတစ္ေယာက္ျဖစ္ေနေသးတယ္ဆိုရင္ အခ်စ္ကို မီး မျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ။ ဘယ္လိုလုပ္မယ္ဆိုတာ မသိရင္ ဒီဇာတ္ေတာ္ေလးကို အစကေန အဆံုးထိေအာင္ တစ္ေခါက္ေလာက္ ျပန္ဖတ္ၾကည့္ပါလို႔ တိုက္တြန္းစကားဆိုပါရေစ။


အားလံုး အဆံုးသတ္ဖတ္ၿပီးခ်ိန္မွာေတာ့ သူေတြးျဖစ္ၿပီးေတာ့ မၿပီးျပတ္ေသးတဲ့ အခ်စ္အေၾကာင္း အ႐ႈပ္ေထြးဆံုုး အေတြးကို ရွင္းလင္းသြားရပါတယ္။ ေအာ္ ဒါဆို အခ်စ္ဟာ တကယ္ခ်စ္တတ္ရင္…….

က်မ္းကိုး

ခုဒၵက နိကာယ

ကုလာဝကဇာတက

ပါဠိေတာ္၊ အ႒ကထာ၊


ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေရႊမန္းသား အ႐ွင္အကုၤရ

#Unicode Version
အဲဒီနေ့က သူတစ်ယောက်တည်း အချစ်က မီးလား ဆိုတာကို တွေးနေဖြစ်တယ်။ တစ်ခါတစ်ခါတော့လဲ အချစ်က မီးပါလို့ လက်ခံလိုက်တယ်၊ တစ်ခါတစ်ခါတော့လဲ အချစ်က မီးမဟုတ်ပြန်ဘူးလို့ ငြင်းဆန်လိုက်တယ်။ သူတစ်ယောက်တည်း တစ်ထိုင်တည်းနဲ့တစ်နေရာတည်းမှာ အချစ်က မီးဖြစ်သွားလိုက် ရေဖြစ်သွားလိုက်နဲ့ အဆုံးမသတ်တဲ့ အတွေးတွေနဲ့ လုံးချာလိုက်နေတာပဲ။ အချစ်နဲ့ ပတ်သက်ပြီးလဲ အဆုံးအမတွေ အများကြီး ဖတ်ဖူးတဲ့သူ့မှာမေးခွန်းတွေကို ဘာသာထုတ်လိုက် ဘာသာပြန် ဖြေလိုက်နဲ့ အချစ်က ဘာဆိုတာ ကွဲကွဲပြားပြားအဖြေ မရခဲ့ဘူး။

ဒီလိုနဲ့ အဲဒီနေ့ဟာ တစ်နေကုန်ပြီး တစ်မိုးချုပ်ခဲ့တယ်။ မပြီးပြတ်သေးတဲ့ အတွေးကို အဖြေရှာဖို့ သူ စာအုပ်စင် ပေါ်က ဇာတ်တော်စာအုပ်လေး ကောက်ကိုင်လိုက်တယ်။

သူ စဖတ်မိတဲ့စာမျက်နှာ အစမှာပဲ-

စာဖတ်သူများလဲ အဲဒီလိုအတွေးတွေနဲ့ ချာချာလည်ခဲ့တဲ့အကြိမ်တွေ မနည်းမနော ရှိခဲ့ဘူးမှာပါ။ ဘာလို့လဲဆိုရင် အားလုံးက ပုထုဇဉ်တွေလေ အချစ်အကြောင်းမတွေးပဲ ဘယ်နေလိမ့်မလဲနော်၊ တွေးမိမှာပါပဲ။

အချစ်က မီးပဲဖြစ်ဖြစ်၊ ရေပဲဖြစ်ဖြစ် မချစ်မိအောင်တော့ ဘယ်သူမှ နေနိုင်ကြမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် အားလုံးက ချစ်တတ်တဲ့နှလုံးသားရှိနေကြတဲ့သူတွေမို့ပါ။ အဝိဇ္ဇာနယ်တွင်းမှာ သိက္ခာဆယ်ရင်းနဲ့ ချစ်လိုက် လိပ်ပြာငယ်ရင်းနဲ့ ချစ်လိုက်။

ချစ်လိုက်၊ ချစ်လိုက်၊ ချစ်လိုက်နဲ့ အချစ်မကြိုက်တာတွေ လုပ်မိလို့ အချစ်နဲ့ ကွဲကွာ ခွဲခွာရလိုက်၊ အချစ်ကြိုက်တာတွေ လုပ်မိပြန်တော့ အချစ်နဲ့ ပြန်လည် ပေါင်းစည်းမိကြနဲ့ အချစ်သံသရာနွံတောမှာ ချစ်တတ် မြတ်နိုးတတ်တဲ့ ပုထုဇဉ် သတ္တဝါ သူသူငါငါ မျောလွင့်ဖူးတာပေါ့။

အဲဒီတော့ မချစ်တတ်တဲ့ သတ္တဝါထဲမှာလဲ ကိုယ်ကဝင်ပါရတဲ့အခါလဲ ရှိကြတာပဲ။ အချစ်ငတ်တဲ့ သတ္တဝါထဲမှာ ကိုယ်က ဝင်ပါရတဲ့ အကြိမ်တွေလဲ မနည်းမနောရှိခဲ့ကြမှာပါ။ ကိုယ့်ကြောင့် အချစ်ခမျာ မျက်နှာငယ်၊ ဒုက္ခရောက် မဖြစ်စလောက်ကလေးက စ အနာတရ ဖြစ်ခဲ့ရတဲ့အချိန်တွေလဲ မနည်းခဲ့ဘူးပေါ့။

လူတိုင်း၊ သတ္တဝါတိုင်းကတော့ အချစ်ကို မျက်နှာလဲငယ်စေချင်မှာ မဟုတ်ပါဘူး။ ဒုက္ခလဲ ရောက်စေချင်မှာ မဟုတ်ပါဘူး။ အနာတရတွေနဲ့ နာကျင်နေတာမျိုးလဲ ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချစ်ကို အမြဲတမ်း ပျော်ရွှင်နေစေချင် မှာပါ။

ဒါပေမဲ့ လူတိုင်း သတ္တဝါတိုင်းက မချစ်တတ်တော့ အချစ်ခမျာ နာမည်ကောင်း မရရှာပဲ ခဏခဏ နာမည်ပျက် ရရှာတယ်လေ။ အချစ်နာမည်ကောင်းကောင်းရအောင် ချစ်တတ်အောင် သင်ရမှာပေါ့နော်။

ဒါဆို ချစ်တတ်အောင် ဘယ်လို သင်မလဲ၊ လွယ်လွယ်လေးပါ စာဖတ်သူရေ။ လွယ်လွယ်လေးဆိုပြန်တော့ စာဖတ်သူက တွေးနေမှာပေါ့ လွယ်နေရင် လူတိုင်းလုပ်တတ်နေမှာပေါ့လို့လေ။ ဒါပေမဲ့ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင် နဲ့ နက်ဆိုသလို အချစ်ကို ကိုင်တွယ်ရတာ ခက်တယ်လေ၊ လွယ်လွယ်နဲ့ စံပယ်ပွင့်ရင် လူတိုင်းခေါင်းမှာ စံပယ်တွေ ဝေနေမှာပေါ့ စာဖတ်သူ။

ဒါဆို ဘယ်လို လုပ်မလဲ၊ ဘယ်လို သင်မလဲဆိုတာ သိရအောင် စာရေးသူ ဖတ်ဖူးတဲ့ ဇာတ်ဝတ္ထုလေးတစ်ခုကို ဖောက်သည်ချပြချင်ပါတယ်။

သူဖတ်ပြီးသွားတဲ့ စာပိုဒ်တွေက သူတွေးခဲ့တာတွေနဲ့ ကွက်တိကျနေပါရောလား။


ဒါနဲ့ အဖြေဆက်သိချင်တာနဲ့ သူက ကျန်နေတဲ့ စာပိုဒ်တွေကို ဆက်ဖတ်လိုက်တယ်။

ဘုရားအလောင်းတော် နုစဉ်က မစလရွာမှာ မဃဆိုတဲ့ အမျိုးသားလေး ဖြစ်တုန်းက အချစ်ကို ရွှေတင်မြခက် စုံဖက်မြတ်နိုး အောင်မြင်မှုတန်ခိုးနဲ့ နာမည်ကောင်းရအောင် လုပ်သွားတဲ့ နည်းလေးကို ပြောပြချင်ပါတယ်။ ပြောပြရမယ်ဆိုရင် ဇာတ်တော်ကတော့ အရှည်ကြီးပါ။ စာဖတ်သူများ ဖတ်ရတာ များနေမှာစိုးလို့ အကျဉ်းချုံး ပြောပြပါမယ်။ အဲဒီ မစလရွာမှာ မဃဆိုတဲ့ အမျိုးသားလေးက လမ်းတွေ ပြင်တယ်, တံတားတွေ ဆောက်တယ်, အများအကျိုးကို ကူညီတာ စတဲ့ ကုသိုလ်အလုပ်တွေကိုလုပ်ပါတယ်။

အဲဒီလိုပါပဲ သူနဲ့အတူ သူ့နောက်လိုက် လူငယ်လေးတွေ ၂၉-ယောက်ကလဲ အများအကျိုးတွေကို သယ်ပိုး ဆောင်ရွက်ကြပါတယ်။ အဲဒီ မာဃလူငယ်လေး ဦးဆောင်တဲ့အဖွဲ့ဟာ ငါးပါးသီလကိုလဲ အမြဲစောင့်ထိန်းပါတယ်။ အဲဒီ မာဃဆိုတဲ့ လူငယ်လေးမှာလဲ မယားက လေးယောက်တောင်ရှိသတဲ့။ သူတို့တစ်တွေကတော့-

၁။ သုဓမ္မာ

၂။ စိတ္တာ

၃။ နန္ဒာ

၄။ သုဇာ တို့ ဖြစ်ပါတယ်။

တစ်နေ့မှာ သူတို့လူငယ်လေးတွေ တိုင်ပင်ပြီး ရွာလယ်မြေကွက်လပ်မှာ ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်ကြ ပါတယ်။ အဲဒီဇရပ်ကြီးရဲ့ထိပ်မှာ အထွဋ်ထပ်ဖို့အနေနဲ့ လိုတဲ့ပစ္စည်းအသားတွေကို သုဓမ္မာက ပါဝင်ကုသိုလ်ယူပါတယ်။ စိတ္တာဆိုတဲ့အမျိုးသမီးလေးကတော့ အဲဒီဇရပ်ကြီးနားမှာ ပန်းမျိုးစုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခုဆောက်လုပ်လှူဒါန်း ပါတယ်။ နန္ဒာဆိုတဲ့ အမျိုးလေးကတော့ အဲဒီဥယျာဉ်နားမှာပဲ ကြာငါးပါးနဲ့ ပြည့်စုံတဲ့ရေကန်ကြီးတစ်ကန် တူးဖော် လှူဒါန်းပါတယ်။ အဲဒီလို လူအများက ကုသိုလ်ကောင်းမှုတွေ လုပ်ကြ၊ သီလဆောက်တည်ကြပေမယ့် သုဇာဆိုတဲ့ အမျိုးသမီးလေးကတော့ သူ့အလှသူပြင်၊ သူ့လင်တော်မောင် လုပ်ရင် ငါလဲရမှာပဲ ဆိုပြီး ဘာသိဘာသာ နေလာပါတယ်။

အဲဒီလိုနဲ့ မာဃလူငယ်တို့ အယောက်သုံးဆယ်နဲ့ သုဓမ္မာ၊ စိတ္တာ၊ နန္ဒာတို့တစ်တွေဟာ အသက်အတိုင်း အရှည်အတိုင်း လူပြည်မှာ နေထိုင် ကုသိုလ်ကောင်းမှုတွေပြုပြီး၊ သေလွန်သွားကြပါတယ်။ သေလွန်တော့ တာဝတိ့သာနတ်ပြည် မှာ မာဃလူငယ်လေးက သိကြားမင်းကြီးဖြစ်လာပြီး ကျန်တဲ့သူတွေက သူရဲ့နောက်လိုက်နတ်သားတွေ နတ်သမီးတွေ ဖြစ်လာပါတယ်။

အဲဒီအချိန်မှာ တာဝတိံသာမှာ အသုရာတွေ နေထိုင်တာပါ။ သိကြားမင်းပိုင်ဆိုင်တဲ့နတ်ပြည် မဟုတ်သေးပါဘူး။ အသုရာတွေကပဲ ဆိုင်တဲ့ပြည်ပါ၊ မာဃတို့လူငယ်တွေ ရောက်လာမှ အသုရာတွေကို မြင့်မိုရ်တောင်ခြေရင်းကို နှင်ထုတ်လိုက်ပါတယ်။ အဲဒီအသုရာတွေက အမြဲတမ်း အရက်မူးနေကြပါတယ်။ အရက်အမူးပြေလို့ သခွတ်ပန်း ပွင့်ချိန်ရောက်တိုင်း သူတို့ပြည်တာဝတိံသာကို သတိရကြသတဲ့လေ။

သခွတ်ပန်းပွင့်ချိန်ရောက်တိုင်းလဲ တာဝတိံသာက သိကြားမင်းနဲ့ အသုရာတွေနဲ့ စစ်ဖြစ်ကြတယ်တဲ့။ အဲဒီလိုနဲ့ သူတိုဟာ တစ်ဦးနဲ့တစ်ဦး ရန်သူကြီးတွေဖြစ်လာပါတယ်။

ဒါပေမဲ့ စစ်ဖြစ်တိုင်း အသုရာတွေ ရှုံးတာပါတဲ့။ သိကြားမင်းက အမြဲတမ်းနိုင်ပါတယ်။ သိကြားမင်းက တာဝတိံသာမှာ အနေကြာလာရင်း တစ်နေ့တော့ သူ့မယားလေးယောက်ထဲ တစ်ယောက်ဖြစ်တဲ့ သုဇာလေး တာဝတိံသာမှာ ပါမလာတာ သတိထားမိသွားပါတယ်။ ငါရဲ့အချစ်ဆုံး သုဇာလေး ဘယ်ဘဝများ ရောက်နေလဲ၊ အဆင်ပြေရဲ့လား၊ နေကောင်းရဲ့ လားဆိုပြီး နတ်မျက်စိနဲ့ ရှာကြည့်ပါတယ်။

လားလား အဲဒီအချိန်မှာ သုဇာလေးက ကုသိုလ်ကောင်းမှု ဘာမှ မလုပ်ခဲ့တော့ ငါးတွေ ဖမ်းစားနေတဲ့ ဗျိုင်းမလေး ဖြစ်နေရှာသတဲ့။

ဒါနဲ့ သိကြားမင်းကလဲ မဖြစ်ချေဘူး။ ငါရဲ့ အချစ်ဟောင်းကို ကယ်မှပဲဆိုပြီး သုဇာ ဗျိုင်းမလေးဆီ သွားပါတယ်။ သွားပြီးတော့ ရှင်မရယ် မင်းမလဲ ရှေးက ကုသိုလ်ကောင်းမှုနည်းခဲ့လို့ အခုလို တိရစ္ဆာန်ဘဝရောက်နေတာ၊ ဒီဘဝက လွတ်အောင် ငါးပါးသီလ ဆောက်တည်ပါကွယ်လို့ တိုက်တွန်းအားပေးခဲ့ပါတယ်။

သုဇာလေးကလဲ သိကြားမင်းပြောတဲ့အတိုင်း ချစ်တဲ့စိတ်နဲ့လိုက်နာပြီး ငါးပါးသီလတွေ မြဲအောင်စောင့်ပါတယ်။ အဲဒီဗျိုင်းမလေးဘဝမှာ သုဇာဟာ ငါးပါးသီလတွေ စောင့်စည်းခဲ့တဲ့အတွက် သူသေ လွန်တဲ့အခါ လူပြည်က ဗာရာဏသီပြည်မှာ အိုးလုပ်တဲ့အိမ်မှာ သမီးကလေးအဖြစ်နဲ့ မွေးဖွားလာပါတယ်။

အဲဒီ အိုးထိန်းသည် သမီးကလေးဘဝမှာလဲ သုဇာဟာ ငါးပါးသီလတွေကို ဆက်လက်စောင့်ထိန်းပါတယ်။ အဲဒီအခါမှာလဲ တာဝတိံသာက သိကြားမင်းကြီးခမျာ မနေသာဘူး။ အချစ်ဟောင်း သုဇာလေး ဘယ်ဘဝရောက်နေလဲဆိုတာ နတ်မျက်စိနဲ့ ရှာကြည့်ပြန်ရှာတယ်။ ဗာရာဏသီက အိုးထိန်းသည်အိမ်မှာ အိုးလုပ်သမလေးဖြစ်နေပြီး ဆင်းရဲနေတာ မြင်ပြန်တော့၊ သိကြားမင်းခမျာ အဖိုးအို ယောင်ဖန်ဆင်းပြီး အဲဒီအိုးလုပ်တဲ့ရွာထဲမှာလှည်းကြီးနဲ့ ရွှေဖရုံသီးတွေ တင်ပြီး ဝင်သွားတယ်။ ရွာသူရွာသားတွေက ရွှေဖရုံသီးတွေ ရောင်းပါလို့ အဖိုးအို ယောင်ဆောင်တားတဲ့ သိကြားမင်းကိုပြောတော့ သိကြားမင်းက ငါက ရောင်းဖို့ မဟုတ်ဘူးကွာ။ ငါးပါးသီလစောင့်တယ်၊ ငါးပါးသီလကို သိတဲ့သူကို ပေးဖို့ယူလာတာလို့ ပြောလွှတ်တော့ ရွာသူ ရွာသားတော်တော်မျာများက ငါးပါးသီလကို မသိကြတော့ တစ်ယောက်မှ ရွှေဖရုံသီးတွေ မရကြဘူး။

အဲဒီအချိန်မျာ သုဇာအိုးလုပ်သမလေးက သူငါးပါးသီလကို သူသိပါတယ်။ သူ့ကိုရွှေဖရုံသီးတွေ ပေးပါလို့ တောင်းတော့ သိကြားမင်းက သုဇာကို ရွှေသခွားသီးတွေပေးပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ပါ။ သီလတွေ ဆက်လက်စောင့်ထိန်း ပါလို့ မှာကြားပြီး တာဝတိံသာကို ပြန်သွားခဲ့တယ်။

အဲဒီလိုနဲ့ သုဇာအိုးလုပ်သမလေးဟာ အဲဒီဘဝမှာ သီလတွေစောင့်၊ အလှူဒါနတွေ လုပ်ကာ သေဆုံးတဲ့အခါ သိကြားမင်းတို့ရဲ့ရန်သူတော်တွေနေတဲ့ အသုရာနတ်ပြည်မှာ အသုရာနတ်ဘုရင်ရဲ့ သမီးနတ်သမီးလေးသွားဖြစ်ပါတယ်။

ဘဝတိုင်းဘဝတိုင်း သီလတွေစောင့်တည်ခဲ့တဲ့အတွက် ရုပ်ရည်အဆင်းက အရမ်းကို လှပပါသတဲ့။ မြင်ရတဲ့ နတ်သားတိုင်းက သုဇာနတ်သမီးလေးကို သိမ်းပိုက်ချင်သတဲ့။ သုဇာလေးရဲ့ ချစ်လင်ဖြစ်ရရင် သေပျော်ပါပြီကွာလို့ ပြောရတဲ့ အထိကို ဖြစ်ကြသတဲ့။

အဲဒီသတင်းကို တာဝတိံသာ သိကြားမင်းက ကြားတော့ အသုရာနတ်ပြည်ကို ရုတ်တရက် ဆင်းလာပြီး သုဇာလေးကို လာကြည့်သတဲ့။ နောက်တစ်ခါ ဘဝဘဝတိုင်းက အချစ်မေတ္တာ တန်ခိုးတွေကြောင့် မြင်မြင်ခြင်းချစ်မိသွားပြီး တာဝတိံသာကို ခေါ်သွားပါသတဲ့ စာဖတ်သူ။


ဇာတ်လမ်းကတော့ ဒါပဲ စာဖတ်သူ အချစ်က မီးဖြစ်ချင်ဖြစ်မယ်၊ ရေဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ အဆုံးသတ်မှာ ရေဖြစ်မယ်နော်။ ဘာလို့လဲဆိုရင် ဒီဇာတ်တော်လေးမှာ အချစ်ကြောင့်၊ ရှင်းရှင်းလင်းလင်းပြောရရင် သိကြားမင်းက သုဇာလေးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဘဝခြားပေမဲ့ ခဏတိုင်း လာလာပြီး သီလတွေ ဆောက်တည်ပါ။ အလှူဒါနတွေ လုပ်ပါလို့ တိုက်တွန်းခဲ့တာပါ။

အဲဒီလိုပါပဲ သုဇာလေးကလဲ သိကြားမင်းကိုချစ်တဲ့စိတ်နဲ့ ချစ်သူပေးတဲ့ ဆုံးမစကားတွေ အကြံကောင်းတွေကို တစ်သွေမတိမ်းလိုက်နာပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လို့ နောက်ဆုံးမှာ ပြန်လည်ဆုံဆည်းကြရတယ်နော်။

ဒါကြောင့် စာဖတ်သူရော အချစ်နဲ့ မကင်းသေးတဲ့ သူတစ်ယောက်ဖြစ်နေသေးတယ်ဆိုရင် အချစ်ကို မီး မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်မယ်ဆိုတာ မသိရင် ဒီဇာတ်တော်လေးကို အစကနေ အဆုံးထိအောင် တစ်ခေါက်လောက် ပြန်ဖတ်ကြည့်ပါလို့ တိုက်တွန်းစကားဆိုပါရစေ။


အားလုံး အဆုံးသတ်ဖတ်ပြီးချိန်မှာတော့ သူတွေးဖြစ်ပြီးတော့ မပြီးပြတ်သေးတဲ့ အချစ်အကြောင်း အရှုပ်ထွေးဆုံုး အတွေးကို ရှင်းလင်းသွားရပါတယ်။ အော် ဒါဆို အချစ်ဟာ တကယ်ချစ်တတ်ရင်…….

ကျမ်းကိုး

ခုဒ္ဒက နိကာယ

ကုလာဝကဇာတက

ပါဠိတော်၊ အဋ္ဌကထာ၊


ဖိုးသူတော် (www.phothutaw.com)
Credit:ရွှေမန်းသား အရှင်အကုၤရ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top