Property Expo
×

သီရိမဂၤလာေစ်းသစ္ႏွင့္ ဘုရင့္ေနာင္ကားလမ္းမႀကီးေဘး တြင္ ေရာင္းခ်ေနေသာ ပ်ံက်ကုန္ စိမ္းေစ်းသည္ ၉၀၀ေက်ာ္အား ရန္ ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ားက သီရိမဂၤလာေစ်းသစ္ဂုိေဒါင္အတြင္းသို႔ ေနရာေျပာင္းေရႊ႕ခ်ထားခဲ့သည္။

ႏုိ၀င္ဘာ ၁၆ရက္တြင္ ပ်ံက် ကုန္စိမ္းေစ်းသည္ ၉၀၀ေက်ာ္အား ရဲတပ္ဖြဲ႕၀င္ ၃၀၀ေက်ာ္ျဖင့္ လုံၿခဳံ ေရးယူကာ သီရိမဂၤလာေစ်းသစ္ သစ္သီးပြဲ႐ုံေနာက္ဘက္ရွိ ဂိုေဒါင္ ႐ုံအတြင္းသုိ႔ ေနရာေျပာင္းေရႊ႕ခ် ထားခဲ့ျခင္းျဖစ္သည္။

‘‘ေစ်းရဲ႕ေရွ႕မွာေရာင္းခ်ေန တဲ့ ေစ်းသည္ေတြကို စနစ္တက် ေရာင္းခ်ႏုိင္ဖုိ႔အတြက္ ေနရာခ် ထားေပးတာပါ။ ဒီအေဆာက္အ အုံႀကီးက ရန္ကုန္ၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီက အ မ်ဳိးသားႀကီးပြားတုိးတက္ေရးကုမၸ ဏီကို ငွားထားတာ။ အဲဒီကုမၸဏီ က ဒီေနရာႀကီးကို ျပင္ဆင္ထား တာ။ ကၽြန္ေတာ္တုိ႔က ဒီေနရာကို ေနရာခ်ထားေပးမယ္။ တစ္လ ေတာ့အလကားေရာင္းခ်ခြင့္ေပး မယ္။ ျပည့္သြားၿပီဆုိရင္ သတ္ မွတ္ထားတဲ့ေစ်းႏႈန္းတစ္ခုကို ကု မၸဏီနဲ႔ ေရာင္းတဲ့လူနဲ႔ စာခ်ဳပ္ခ်ဳပ္ ေပါ့’’ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာ ယာေရးေကာ္မတီေစ်းမ်ားဌာနမွဒုတိယဌာနမွဴးဦးေသာင္းတင္က ေျပာသည္။

ဂုိေဒါင္အတြင္းသုိ႔ ေျပာင္း ေရြ႕ခံရေသာ ကုန္စိမ္းေစ်းသည္ မ်ားက ေနရာေျပာင္းေရႊ႕ခံရမႈကို ကန္႔ကြက္ေျပာဆုိခဲ့ၾကသည္။

‘‘ဒီဂိုေဒါင္ထဲမွာ ေရာင္းရ ေတာ့ ကၽြန္မတို႔ဘယ္သူ႔သြား ေရာင္းရမွာလဲ။ ဒီအတြင္းထဲမွာ ဘယ္သူမွလာမ၀ယ္ဘူး။ ေရွ႕မွာ ေရာင္းမွ လူ၀ယ္မွာေပါ့။ ဒီထဲမွာ ေရာင္းရရင္ေတာ့ ေစ်းသည္တုိင္း အဆင္ေျပမွာမဟုတ္ဘူး’’ဟု ေဂၚ ဖီပန္းေရာင္းခ်သူ ေဒၚသက္ခုိင္ကေျပာသည္။

‘‘ဒီအတြင္းထဲမွာ ဘယ္သူမွ မ၀ယ္ဘူး။ ေရာင္းလည္းမေရာင္း ခ်င္ဘူး’’ဟု ပ်ံက်ကုန္စိမ္းသည္ ကိုျမတ္ေက်ာ္ကေျပာသည္။

ေစ်းသည္မ်ားေနရာေျပာင္း ေရႊ႕မႈကို ရဲတပ္ဖြဲ႕၀င္မ်ားက လုံ ၿခဳံေရး ေဆာင္ရြက္ေပးျခင္းသာျဖစ္ေၾကာင္း ရဲတပ္ရင္း (၂)မွ ရဲမွဴးႀကီးဗညားဦးကေျပာသည္။

ေစ်းသည္ တစ္ဦးလွ်င္ ေျခာက္ေပပတ္လည္ ေနရာတစ္ ေနရာရရွိမည္ျဖစ္ၿပီး ပထမဆုံး တစ္လစာအတြက္ေရာင္းခ်ခေပး ေဆာင္ရမည္မဟုတ္ေၾကာင္း ဦးေသာင္းတင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

သီရိမင်္ဂလာဈေးသစ်နှင့် ဘုရင့်နောင်ကားလမ်းမကြီးဘေး တွင် ရောင်းချနေသော ပျံကျကုန် စိမ်းဈေးသည် ၉၀၀ကျော်အား ရန် ကုန်မြို့တော် စည်ပင်သာယာရေးနှင့် ရဲတပ်ဖွဲ့ဝင်များက သီရိမင်္ဂလာဈေးသစ်ဂိုဒေါင်အတွင်းသို့ နေရာပြောင်းရွှေ့ချထားခဲ့သည်။

နိုဝင်ဘာ ၁၆ရက်တွင် ပျံကျ ကုန်စိမ်းဈေးသည် ၉၀၀ကျော်အား ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ဖြင့် လုံခြုံ ရေးယူကာ သီရိမင်္ဂလာဈေးသစ် သစ်သီးပွဲရုံနောက်ဘက်ရှိ ဂိုဒေါင် ရုံအတွင်းသို့ နေရာပြောင်းရွှေ့ချ ထားခဲ့ခြင်းဖြစ်သည်။

‘‘ဈေးရဲ့ရှေ့မှာရောင်းချနေ တဲ့ ဈေးသည်တွေကို စနစ်တကျ ရောင်းချနိုင်ဖို့အတွက် နေရာချ ထားပေးတာပါ။ ဒီအဆောက်အ အုံကြီးက ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အ မျိုးသားကြီးပွားတိုးတက်ရေးကုမ္ပ ဏီကို ငှားထားတာ။ အဲဒီကုမ္ပဏီ က ဒီနေရာကြီးကို ပြင်ဆင်ထား တာ။ ကျွန်တော်တို့က ဒီနေရာကို နေရာချထားပေးမယ်။ တစ်လ တော့အလကားရောင်းချခွင့်ပေး မယ်။ ပြည့်သွားပြီဆိုရင် သတ် မှတ်ထားတဲ့ဈေးနှုန်းတစ်ခုကို ကု မ္ပဏီနဲ့ ရောင်းတဲ့လူနဲ့ စာချုပ်ချုပ် ပေါ့’’ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဈေးများဌာနမှဒုတိယဌာနမှူးဦးသောင်းတင်က ပြောသည်။

ဂိုဒေါင်အတွင်းသို့ ပြောင်း ရွေ့ခံရသော ကုန်စိမ်းဈေးသည် များက နေရာပြောင်းရွှေ့ခံရမှုကို ကန့်ကွက်ပြောဆိုခဲ့ကြသည်။

‘‘ဒီဂိုဒေါင်ထဲမှာ ရောင်းရ တော့ ကျွန်မတို့ဘယ်သူ့သွား ရောင်းရမှာလဲ။ ဒီအတွင်းထဲမှာ ဘယ်သူမှလာမဝယ်ဘူး။ ရှေ့မှာ ရောင်းမှ လူဝယ်မှာပေါ့။ ဒီထဲမှာ ရောင်းရရင်တော့ ဈေးသည်တိုင်း အဆင်ပြေမှာမဟုတ်ဘူး’’ဟု ဂေါ် ဖီပန်းရောင်းချသူ ဒေါ်သက်ခိုင်ကပြောသည်။

‘‘ဒီအတွင်းထဲမှာ ဘယ်သူမှ မဝယ်ဘူး။ ရောင်းလည်းမရောင်း ချင်ဘူး’’ဟု ပျံကျကုန်စိမ်းသည် ကိုမြတ်ကျော်ကပြောသည်။

ဈေးသည်များနေရာပြောင်း ရွှေ့မှုကို ရဲတပ်ဖွဲ့ဝင်များက လုံ ခြုံရေး ဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း ရဲတပ်ရင်း (၂)မှ ရဲမှူးကြီးဗညားဦးကပြောသည်။

ဈေးသည် တစ်ဦးလျှင် ခြောက်ပေပတ်လည် နေရာတစ် နေရာရရှိမည်ဖြစ်ပြီး ပထမဆုံး တစ်လစာအတွက်ရောင်းချခပေး ဆောင်ရမည်မဟုတ်ကြောင်း ဦးသောင်းတင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top