Property Expo
×

ငယ္ငယ္ကတည္းက ပန္းခ်ီပညာကို ၀ါသနာပါခဲ့သလို ပန္းခ်ီေရးရတာၾကိဳက္တယ္လို႕ေျပာလာသူကေတာ့ ခုိင္သဇင္ထက္ပါ။ သူမဟာ ပန္းခ်ီေရးလာတဲ့ သက္တမ္းတစ္ေလွ်ာက္မွာ ရႈခင္းပံုေတြကိုေရးဆြဲရတာႏွစ္ျခိဳက္သူျဖစ္သလို သစ္ပင္ကုိ ဖန္တီးမႈမ်ိဳးစံု၊ စိတ္ကူးမ်ိဳးစံုနဲ႕ေရးရတာကို သေဘာက်တယ္လို႕လဲ သိရပါတယ္။ ဒါ့အျပင္သူမဟာ သံုးႏွစ္ေက်ာ္အခ်ိန္ေပးၿပီးေရးဆြဲလာခဲ့တဲ့ ေရႊေရာင္သစ္ပင္ကားခ်ပ္ေတြကို စိတ္ကူးကမၻာထဲက ေရႊေရာင္သစ္ပင္မ်ားလုိ႕အမည္ေပးထားတဲ့ First Solo Show ပြဲၾကီးကို ၂၉ ရက္ေန႕မွစတင္ကာ Gallery 65 တည္ရွိရာ ေယာမင္းၾကီးလမ္းမွာ သံုးရက္တိုင္တိုင္က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဆုိပါပြဲမွာ သူမေရးဆြဲထားတဲ့ပန္းခ်ီကားေပါင္း ၃၆ ကားပါ၀င္တဲ့ သူမရဲ႕ First Solo Show ပြဲအေၾကာင္းအျပင္ သူမရဲ႕ ပန္းခ်ီပညာနဲ႕ပတ္သက္တဲ့ အေၾကာင္းအရာမ်ားကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-An Imaginary World of Golden Trees လို႕နာမည္ေပးထားတဲ့ First Solo Show ပြဲေလးလုပ္ျဖစ္တဲ့အေၾကာင္းေလးကို အရင္ေျပာျပေပးပါဦး။

ေရႊေရာင္သစ္ပင္ေလးေတြကုိေရးလာတာ သံုးႏွစ္ေလာက္ရွိၿပီ။ ပန္းခ်ီကားေပါင္းလဲ၃၆ ကားေလာက္ျပည့္တဲ့အခ်ိန္က်ေတာ့ ဒီတစ္ကိုယ္ေတာ္ပြဲေလးလုပ္မယ္ဆိုၿပီးလုပ္ျဖစ္ခဲ့တာေပါ့။ ဒီပြဲေလးက ညီမရဲ႕ ပထမဆံုးပြဲေလးပါ။

-ပန္းခ်ီဆြဲလာတဲ့ သက္တမ္းဘယ္ေလာက္မွာလုပ္ျဖစ္ခဲ့တာလဲ။

ေရးလာတာကေတာ့ၾကာၿပီ။ ငယ္ငယ္ကတည္းကပန္းခ်ီဆြဲရတာၾကိဳက္တယ္။ ကေလးပန္းခ်ီသင္တာကေတာ့ ၂၀၀၃ ေလာက္မွာစသင္တယ္။ ၇တန္းအရြယ္မွာေပါ့။ ၈တန္း၊ ၉တန္းမွာေတာ့ ပိုစတာပန္းခ်ီေတြစေလ့လာတယ္။ ၿပီးေတာ့ ၂၀၀၉ မွာေတာ့ ေရေဆးကိုဆရာေက်ာ္လင္းဆီမွာတတ္တယ္။ ၂၀၁၀မွာေတာ့ အုပ္စုလုိက္ပန္းခ်ီျပပြဲေတြမွာပါျဖစ္တာေပါ့။ သူမ်ားေတြနဲ႕တြဲျပတာကေတာ့ ၁၅ ၾကိမ္ေလာက္ရွိပါၿပီ။

-ပန္းခ်ီစဆြဲတဲ့အခ်ိန္မွာ ဘယ္လိုပံုေတြကို အမ်ားဆံုးဆြဲျဖစ္ခဲ့လဲ။

ကေလးဘ၀တုန္းကေတာ့ လူပံုေတြဆြဲတာမ်ားတယ္။ တကယ္တမ္းပန္းခ်ီစေရးၿပီဆုိေတာ့ ရႈခင္းပံုေတြေရးရတာသေဘာက်လာတယ္။ စိတ္လဲေအးခ်မ္းတယ္လို႕ထင္တယ္။ အဲ့ဒါေၾကာင့္ ၂၀၀၆ ေလာက္မွာကတည္းက သစ္ပင္ေတြစေရးျဖစ္ခဲ့တယ္။ ၂၀၁၃ မွာေတာ့ သမားရိုးက်သစ္ပင္ေတြထဲက ခြဲထြက္တဲ့သစ္ပင္မ်ိဳးကို ဖန္တီးခ်င္တာနဲ႕သစ္ပင္ေတြအကုန္လံုးကိုေရႊေရာင္သုတ္တယ္။ ျမန္မာမႈဆန္တဲ့ကႏုတ္ေလးေတြလိုက္ထည့္တယ္။ ေနာက္ျမန္မာႏုိင္ငံမွာရွိတဲ့ထင္ရွားတဲ့ေနရာေတြ ျဖစ္တဲ့ မႏၱေလး၊ ပုဂံ၊ ေျမြေတာ္ကကၠဴဘုရားတို႕ေနာက္ဦးပိန္တံတားတို႕ကိုေရႊေရာင္သစ္ပင္ေတြနဲ႕ေပါင္းစပ္ၿပီးဆြဲတယ္။ စိတ္ကူးထဲမွာသြားခ်င္တဲ့ေနရာေတြကိုေရႊေရာင္သစ္ပင္နဲ႕ေပါင္းစပ္ၿပီးေတာ့ပန္းခ်ီကားေတြဖန္တီးျဖစ္ပါတယ္။

-ဒီျပပြဲမွာတစ္ခါတည္းေရာေရာင္းျဖစ္လား။

ေရာင္းပါတယ္။ ျပပြဲကေတာ့ ဒီေန႕ေနာက္ဆံုးေပါ့။ သံုးရက္လုပ္တာပါ။ ေလာေလာဆယ္ကေတာ့ ႏွစ္ကားပဲေရာင္းရပါေသးတယ္။

-ေစ်းႏႈန္းကေရာ ဘယ္လိုသတ္မွတ္ထားလဲ။

ေဒၚလာ ၁၅၀ကေန ၁၅၀၀ေလာက္ထိေတာ့ရွိပါတယ္။

-ဆီေဆးတို႕ေရေဆးတို႕ဆိုရင္ဘယ္ဟာနဲ႕ပိုအဆြဲမ်ားလဲ။

အခုေရႊေရာင္သစ္ပင္ေတြကိုဆြဲထားတာကေတာ့ Acrylic နဲ႕ဆြဲတယ္။ Acrylic ကက်ေတာ့ အထူေပၚမွာဆြဲတာေပါ့။

-ပန္းခ်ီေရးလာတဲ့ကားေပါင္းေရာ ဘယ္ေလာက္ရွိသြားၿပီလဲ။

၂၀၀ေက်ာ္ပါၿပီ။ အိမ္မွာေတာ့ Home Studio ရွိပါတယ္။ အိမ္မွာလဲေရာင္းတယ္။ ေနာက္ Gallery Sky Board ထဲမွာလဲလိပ္စာထည့္ၿပီးေၾကာ္ျငာတာမ်ိဳးရွိတယ္။ အြန္လိုင္းမွာလဲတင္ေရာင္းပါတယ္။

-ပန္းခ်ီေရးတဲ့အခါ ဘယ္အခ်ိန္မ်ိဳးေတြမွာ အမ်ားဆံုးေရးျဖစ္လဲ။

ေန႕ညမေရြးဘူး။ ခရီးသြားတာမသြားတာမ်ိဳးထက္ ပန္းခ်ီဆြဲခ်င္စိတ္ေပၚလာရင္ ဆဲြလုိက္တာပဲ။ ပန္းခ်ီေရးဖုိ႕စိတ္မပါရင္လဲမေရးျဖစ္ဘူး။ ခရီးလဲသြားျဖစ္ပါတယ္။ မတူတဲ့ေနရာေလးေတြသြားျခင္းအားျဖင့္ အေၾကာင္းအရာသစ္ေတြေတာ့ရတယ္။ အစ္မဆိုလဲ လြန္ခဲ့တဲ့လက တာခ်ီလိတ္ဖက္ကိုသြားျဖစ္တယ္။ ဓာတ္ပံုရုိက္ဆြဲတာမ်ားပါတယ္။ ရႈခင္းကိုၾကည့္ၿပီးဆြဲဖို႕က်ေတာ့ အဆင္မေျပဘူး။ ပန္းခ်ီျပပြဲမွာျပထားတဲ့ပံုေတြကေတာ့ ကုိယ့္စိတ္ကူးကိုအဓိကထားၿပီး ဆြဲထားတာပါ။

-ပန္းခ်ီဆြဲတာတစ္ခုပဲလုပ္တာလား။

အိမ္မွာေတာ့ Home Studio တစ္ခုလုပ္ထားတယ္။ ေနာက္စေန၊ တနဂၤေႏြဆို ကေလးေတြအတြက္ ပန္းခ်ီသင္တန္းဖြင့္ထားတယ္။ သင္တန္းေၾကးကေတာ့ တစ္လကို ၂၀၀၀၀ ပါ။  ၾကားထဲမွာေတာ့အားရင္အားသလို ပန္းခ်ီဆြဲျဖစ္တယ္။

-တက္ခဲ့တဲ့ ပန္းခ်ီသင္တန္းေလးေတြရွိရင္လဲေျပာျပေပးပါဦး။

ပန္းခ်ီသင္တန္းက၂၀၀၃ ၊ ၂၀၀၄ မွာေတာ့ ဆရာမၾကီး ေဒၚႏြဲ႕ရီဆီမွာ စတက္ခဲ့တယ္။ ၂၀၀၅ မွာေတာ့ ဆရာမ ေဒၚသဇင္စိုးျမင့္ဆီမွာထပ္တက္တယ္။ ေနာက္ ၂၀၀၉ မွာ ဆရာေက်ာ္လင္းဆီမွာတက္တယ္။ ၂၀၁၃ မွာ ဆရာဦးေအးကိုဆီမွာတက္တယ္။

-၀ါသနာပါတဲ့ ပန္းခ်ီေရးတာနဲ႕ပတ္သက္ၿပီး ဘယ္အတိုင္းအတာေလာက္ထိသြားဖို႕စိတ္ကူးထားလဲ။

အခုလာမဲ့ႏွစ္ေတာ့ ပန္းခ်ီဒီပလိုမာေလးတက္မယ္လို႕စိတ္ကူးထားတယ္။ ယဥ္ေက်းမႈနဲ႕အႏုပညာတကၠသိုလ္မွာ တက္မယ္လို႕စိတ္ကူးထားတယ္။ ေနာက္ႏုိင္ငံတကာက ပန္းခ်ီျပပြဲေတြမွာလဲ သြားေလ့လာခ်င္တယ္။ ေနာက္ပိုင္းေတာ့ ျဖစ္ႏုိင္ရင္ ႏုိင္ငံတကာမွာထိျပပြဲေတြသြားျပခ်င္ပါတယ္။

-ေနာက္ထပ္ဒီလိုပြဲမ်ိဳးေတြေရာ ဆက္လုပ္ဖို႕ရွိဦးမလား။

ဒါကေတာ့ ကိုယ္ဘယ္လိုအေၾကာင္းအရာေတြထပ္ဆြဲျဖစ္မလဲဆိုတဲ့ အေပၚမွာမူတည္တာေပါ့။ ရရင္ရသလိုျပပြဲေတြေတာ့ျပသသြားမယ္။ ဒီဇင္ဘာမွာေတာ့ အမ်ိဳးသမီးပန္းခ်ီျပပြဲရွိတယ္။ အဲ့ဒါကိုေတာ့ ပါဖို႕ရွိတယ္။ အဲ့ဒီမွာလဲေရေဆးနဲ႕ဆြဲတဲ့ ရႈခင္းေတြပဲျပမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version
ငယ်ငယ်ကတည်းက ပန်းချီပညာကို ဝါသနာပါခဲ့သလို ပန်းချီရေးရတာကြိုက်တယ်လို့ပြောလာသူကတော့ ခိုင်သဇင်ထက်ပါ။ သူမဟာ ပန်းချီရေးလာတဲ့ သက်တမ်းတစ်လျှောက်မှာ ရှုခင်းပုံတွေကိုရေးဆွဲရတာနှစ်ခြိုက်သူဖြစ်သလို သစ်ပင်ကို ဖန်တီးမှုမျိုးစုံ၊ စိတ်ကူးမျိုးစုံနဲ့ရေးရတာကို သဘောကျတယ်လို့လဲ သိရပါတယ်။ ဒါ့အပြင်သူမဟာ သုံးနှစ်ကျော်အချိန်ပေးပြီးရေးဆွဲလာခဲ့တဲ့ ရွှေရောင်သစ်ပင်ကားချပ်တွေကို စိတ်ကူးကမ္ဘာထဲက ရွှေရောင်သစ်ပင်များလို့အမည်ပေးထားတဲ့ First Solo Show ပွဲကြီးကို ၂၉ ရက်နေ့မှစတင်ကာ Gallery 65 တည်ရှိရာ ယောမင်းကြီးလမ်းမှာ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ သူမရေးဆွဲထားတဲ့ပန်းချီကားပေါင်း ၃၆ ကားပါဝင်တဲ့ သူမရဲ့ First Solo Show ပွဲအကြောင်းအပြင် သူမရဲ့ ပန်းချီပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-An Imaginary World of Golden Trees လို့နာမည်ပေးထားတဲ့ First Solo Show ပွဲလေးလုပ်ဖြစ်တဲ့အကြောင်းလေးကို အရင်ပြောပြပေးပါဦး။

ရွှေရောင်သစ်ပင်လေးတွေကိုရေးလာတာ သုံးနှစ်လောက်ရှိပြီ။ ပန်းချီကားပေါင်းလဲ၃၆ ကားလောက်ပြည့်တဲ့အချိန်ကျတော့ ဒီတစ်ကိုယ်တော်ပွဲလေးလုပ်မယ်ဆိုပြီးလုပ်ဖြစ်ခဲ့တာပေါ့။ ဒီပွဲလေးက ညီမရဲ့ ပထမဆုံးပွဲလေးပါ။

-ပန်းချီဆွဲလာတဲ့ သက်တမ်းဘယ်လောက်မှာလုပ်ဖြစ်ခဲ့တာလဲ။

ရေးလာတာကတော့ကြာပြီ။ ငယ်ငယ်ကတည်းကပန်းချီဆွဲရတာကြိုက်တယ်။ ကလေးပန်းချီသင်တာကတော့ ၂၀၀၃ လောက်မှာစသင်တယ်။ ၇တန်းအရွယ်မှာပေါ့။ ၈တန်း၊ ၉တန်းမှာတော့ ပိုစတာပန်းချီတွေစလေ့လာတယ်။ ပြီးတော့ ၂၀၀၉ မှာတော့ ရေဆေးကိုဆရာကျော်လင်းဆီမှာတတ်တယ်။ ၂၀၁၀မှာတော့ အုပ်စုလိုက်ပန်းချီပြပွဲတွေမှာပါဖြစ်တာပေါ့။ သူများတွေနဲ့တွဲပြတာကတော့ ၁၅ ကြိမ်လောက်ရှိပါပြီ။

-ပန်းချီစဆွဲတဲ့အချိန်မှာ ဘယ်လိုပုံတွေကို အများဆုံးဆွဲဖြစ်ခဲ့လဲ။

ကလေးဘဝတုန်းကတော့ လူပုံတွေဆွဲတာများတယ်။ တကယ်တမ်းပန်းချီစရေးပြီဆိုတော့ ရှုခင်းပုံတွေရေးရတာသဘောကျလာတယ်။ စိတ်လဲအေးချမ်းတယ်လို့ထင်တယ်။ အဲ့ဒါကြောင့် ၂၀၀၆ လောက်မှာကတည်းက သစ်ပင်တွေစရေးဖြစ်ခဲ့တယ်။ ၂၀၁၃ မှာတော့ သမားရိုးကျသစ်ပင်တွေထဲက ခွဲထွက်တဲ့သစ်ပင်မျိုးကို ဖန်တီးချင်တာနဲ့သစ်ပင်တွေအကုန်လုံးကိုရွှေရောင်သုတ်တယ်။ မြန်မာမှုဆန်တဲ့ကနုတ်လေးတွေလိုက်ထည့်တယ်။ နောက်မြန်မာနိုင်ငံမှာရှိတဲ့ထင်ရှားတဲ့နေရာတွေ ဖြစ်တဲ့ မန္တလေး၊ ပုဂံ၊ မြွေတော်ကက္ကူဘုရားတို့နောက်ဦးပိန်တံတားတို့ကိုရွှေရောင်သစ်ပင်တွေနဲ့ပေါင်းစပ်ပြီးဆွဲတယ်။ စိတ်ကူးထဲမှာသွားချင်တဲ့နေရာတွေကိုရွှေရောင်သစ်ပင်နဲ့ပေါင်းစပ်ပြီးတော့ပန်းချီကားတွေဖန်တီးဖြစ်ပါတယ်။

-ဒီပြပွဲမှာတစ်ခါတည်းရောရောင်းဖြစ်လား။

ရောင်းပါတယ်။ ပြပွဲကတော့ ဒီနေ့နောက်ဆုံးပေါ့။ သုံးရက်လုပ်တာပါ။ လောလောဆယ်ကတော့ နှစ်ကားပဲရောင်းရပါသေးတယ်။

-ဈေးနှုန်းကရော ဘယ်လိုသတ်မှတ်ထားလဲ။

ဒေါ်လာ ၁၅၀ကနေ ၁၅၀၀လောက်ထိတော့ရှိပါတယ်။

-ဆီဆေးတို့ရေဆေးတို့ဆိုရင်ဘယ်ဟာနဲ့ပိုအဆွဲများလဲ။

အခုရွှေရောင်သစ်ပင်တွေကိုဆွဲထားတာကတော့ Acrylic နဲ့ဆွဲတယ်။ Acrylic ကကျတော့ အထူပေါ်မှာဆွဲတာပေါ့။

-ပန်းချီရေးလာတဲ့ကားပေါင်းရော ဘယ်လောက်ရှိသွားပြီလဲ။

၂၀၀ကျော်ပါပြီ။ အိမ်မှာတော့ Home Studio ရှိပါတယ်။ အိမ်မှာလဲရောင်းတယ်။ နောက် Gallery Sky Board ထဲမှာလဲလိပ်စာထည့်ပြီးကြော်ငြာတာမျိုးရှိတယ်။ အွန်လိုင်းမှာလဲတင်ရောင်းပါတယ်။

-ပန်းချီရေးတဲ့အခါ ဘယ်အချိန်မျိုးတွေမှာ အများဆုံးရေးဖြစ်လဲ။

နေ့ညမရွေးဘူး။ ခရီးသွားတာမသွားတာမျိုးထက် ပန်းချီဆွဲချင်စိတ်ပေါ်လာရင် ဆွဲလိုက်တာပဲ။ ပန်းချီရေးဖို့စိတ်မပါရင်လဲမရေးဖြစ်ဘူး။ ခရီးလဲသွားဖြစ်ပါတယ်။ မတူတဲ့နေရာလေးတွေသွားခြင်းအားဖြင့် အကြောင်းအရာသစ်တွေတော့ရတယ်။ အစ်မဆိုလဲ လွန်ခဲ့တဲ့လက တာချီလိတ်ဖက်ကိုသွားဖြစ်တယ်။ ဓာတ်ပုံရိုက်ဆွဲတာများပါတယ်။ ရှုခင်းကိုကြည့်ပြီးဆွဲဖို့ကျတော့ အဆင်မပြေဘူး။ ပန်းချီပြပွဲမှာပြထားတဲ့ပုံတွေကတော့ ကိုယ့်စိတ်ကူးကိုအဓိကထားပြီး ဆွဲထားတာပါ။

-ပန်းချီဆွဲတာတစ်ခုပဲလုပ်တာလား။

အိမ်မှာတော့ Home Studio တစ်ခုလုပ်ထားတယ်။ နောက်စနေ၊ တနင်္ဂနွေဆို ကလေးတွေအတွက် ပန်းချီသင်တန်းဖွင့်ထားတယ်။ သင်တန်းကြေးကတော့ တစ်လကို ၂၀၀၀၀ ပါ။  ကြားထဲမှာတော့အားရင်အားသလို ပန်းချီဆွဲဖြစ်တယ်။

-တက်ခဲ့တဲ့ ပန်းချီသင်တန်းလေးတွေရှိရင်လဲပြောပြပေးပါဦး။

ပန်းချီသင်တန်းက၂၀၀၃ ၊ ၂၀၀၄ မှာတော့ ဆရာမကြီး ဒေါ်နွဲ့ရီဆီမှာ စတက်ခဲ့တယ်။ ၂၀၀၅ မှာတော့ ဆရာမ ဒေါ်သဇင်စိုးမြင့်ဆီမှာထပ်တက်တယ်။ နောက် ၂၀၀၉ မှာ ဆရာကျော်လင်းဆီမှာတက်တယ်။ ၂၀၁၃ မှာ ဆရာဦးအေးကိုဆီမှာတက်တယ်။

-ဝါသနာပါတဲ့ ပန်းချီရေးတာနဲ့ပတ်သက်ပြီး ဘယ်အတိုင်းအတာလောက်ထိသွားဖို့စိတ်ကူးထားလဲ။

အခုလာမဲ့နှစ်တော့ ပန်းချီဒီပလိုမာလေးတက်မယ်လို့စိတ်ကူးထားတယ်။ ယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်မှာ တက်မယ်လို့စိတ်ကူးထားတယ်။ နောက်နိုင်ငံတကာက ပန်းချီပြပွဲတွေမှာလဲ သွားလေ့လာချင်တယ်။ နောက်ပိုင်းတော့ ဖြစ်နိုင်ရင် နိုင်ငံတကာမှာထိပြပွဲတွေသွားပြချင်ပါတယ်။

-နောက်ထပ်ဒီလိုပွဲမျိုးတွေရော ဆက်လုပ်ဖို့ရှိဦးမလား။

ဒါကတော့ ကိုယ်ဘယ်လိုအကြောင်းအရာတွေထပ်ဆွဲဖြစ်မလဲဆိုတဲ့ အပေါ်မှာမူတည်တာပေါ့။ ရရင်ရသလိုပြပွဲတွေတော့ပြသသွားမယ်။ ဒီဇင်ဘာမှာတော့ အမျိုးသမီးပန်းချီပြပွဲရှိတယ်။ အဲ့ဒါကိုတော့ ပါဖို့ရှိတယ်။ အဲ့ဒီမှာလဲရေဆေးနဲ့ဆွဲတဲ့ ရှုခင်းတွေပဲပြမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top