Kantharyar Centre
×

ပင္လယ္ျပင္မွ ေမ်ာပါလာတဲ့ ပုလင္းထဲက အရည္ကုိ အရက္လုိ႔ထင္ၿပီး ေသာက္မိရာက က်ားေဖာင္ေရလုပ္သား ၃ ဦး ေသဆံုးမႈျဖစ္ပြားခဲ့ပါတယ္။
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အေနာက္ဘက္ ကပၸလီပင္လယ္ျပင္ ငွက္ေပ်ာကြၽန္းအနီး ေရမိုင္ ၅၀ ခန္႔အကြာမွာ ႏိုဝင္ဘာ ၉ ရက္ေန႔ ည ၁၁ နာရီ ၅၀ မိနစ္အခ်ိန္က ဒီေရက်ခ်ိန္ က်ားေဖာင္ပဲ့ပိုင္းမွာ နီညိဳေရာင္အရည္ေတြပါတဲ့ ပုလင္း ၁ လံုးကုိ အရက္ထင္ၿပီး ဆယ္ယူေသာက္မိရာကေန ေရလုပ္သား ၃ ဦး ေသဆံုးမႈ ျဖစ္ပြားခဲ့တယ္လို႔ ေရးၿမိဳ႕မ ရဲစခန္းက ေျပာပါတယ္။

ျဖစ္စဥ္မွာ ပင္လယ္မွ ေမ်ာပါလာတဲ့ ပုလင္းကုိ က်ားေဖာင္ဦးစီး သိန္းေဇာ္၊ က်ားေဖာင္ လုပ္သား ညြန္႔ခင္၊ လင္းကိုတို႔ ၃ ဦးတုိ႔ ေသာက္ခဲ့ၿပီးေနာက္ပိုင္း ဝမ္းဗိုက္အတြင္း ပူေလာင္ကာ ေသဆံုးသြားတယ္လို႔ ဆုိပါတယ္။

ေသဆံုးသူ ၃ ဦးရဲ႕အေလာင္းေတြ ႏိုဝင္ဘာ ၁၀ ရက္ေန႔ ညေန ၄ နာရီ ၅၀ မိနစ္အခ်ိန္က ေသဆံုးၿပီး ေရးေဆး႐ံုကုိ ေရာက္ရွိလာၿပီး ေရးၿမိဳ႕မရဲစခန္းက ေသမႈေသခင္းနဲ႔ အမႈဖြင့္ အေရးယူထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ပင်လယ်ပြင်မှ မျောပါလာတဲ့ ပုလင်းထဲက အရည်ကို အရက်လို့ထင်ပြီး သောက်မိရာက ကျားဖောင်ရေလုပ်သား ၃ ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ငှက်ပျောကျွန်းအနီး ရေမိုင် ၅၀ ခန့်အကွာမှာ နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်က ဒီရေကျချိန် ကျားဖောင်ပဲ့ပိုင်းမှာ နီညိုရောင်အရည်တွေပါတဲ့ ပုလင်း ၁ လုံးကို အရက်ထင်ပြီး ဆယ်ယူသောက်မိရာကနေ ရေလုပ်သား ၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မ ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ပင်လယ်မှ မျောပါလာတဲ့ ပုလင်းကို ကျားဖောင်ဦးစီး သိန်းဇော်၊ ကျားဖောင် လုပ်သား ညွန့်ခင်၊ လင်းကိုတို့ ၃ ဦးတို့ သောက်ခဲ့ပြီးနောက်ပိုင်း ဝမ်းဗိုက်အတွင်း ပူလောင်ကာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၃ ဦးရဲ့အလောင်းတွေ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က သေဆုံးပြီး ရေးဆေးရုံကို ရောက်ရှိလာပြီး ရေးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top