Property Expo
×

မဂၤလာဦး ဟန္းနီးမြန္း ခရီးကို ဗီယက္နမ္ႏုိင္ငံသို႔သြားရန္ စီစဥ္ထားသည္ဟု သ႐ုပ္ေဆာင္ ေကာင္းခန္႔က ေျပာသည္။

‘‘ဒီေန႔ကေတာ့ ကြၽန္ေတာ္တုိ႔ ႏွစ္ေယာက္ရဲ႕ မဂၤလာဧည့္ခံပြဲေန႔ ပါ။ ပထမအေရွ႕မွာေတာ့ မဂၤလာ ေမာ္ကြန္းတင္လက္မွတ္ေရးထိုးပြဲ လုပ္ထားတယ္။ ၾကားထဲမွာ ဝါဝင္သြားတဲ့အတြက္ အခုဝါအထြက္ ကိုေစာင့္ၿပီး မဂၤလာဧည့္ခံပြဲလုပ္ တာပါ။ ဟန္းနီးမြန္းကိုေတာ့ ဗီ ယက္နမ္သြားမယ္လို႔ စီစဥ္ထား ပါတယ္’’ဟု ေကာင္းခန္႔က ေျပာ သည္။

သ႐ုပ္ေဆာင္ ေကာင္းခန္႔ ႏွင့္ မ႐ူပါတို႔၏ စုလ်ားရစ္ပတ္ ထိမ္းျမားမဂၤလာဧည့္ခံပြဲကို ႏိုဝင္ ဘာ ၁၄ ရက္က ျပည္လမ္းရွိ ႏိုဗို တယ္ဟိုတယ္တြင္ က်င္းပခဲ့ သည္။

မဂၤလာညစာစားပြဲကို ႏိုဝင္ ဘာ ၁၅ ရက္ညတြင္ ကန္ေတာ္ ႀကီး ပဲေလ့စ္ဟိုတယ္၌ ျပဳလုပ္ မည္ျဖစ္ၿပီး အႏုပညာလုပ္ငန္းမ်ား ကိုလည္း ပံုမွန္ေဆာင္ရြက္ျဖစ္ေန ေၾကာင္း ေကာင္းခန္႔က ေျပာသည္။

‘‘ကြၽန္ေတာ္ အႏုပညာကို လည္း လုပ္သြားမွာပါ။ အခု လည္း ဇာတ္ကားေတြျပန္႐ိုက္ေန ၿပီ။ ဇာတ္ကားႏွစ္ကား႐ိုက္ထား တယ္။ ဒါ႐ိုက္တာဂ်ိဳးနဲ႔ မင္းသမီး က နန္းဆုဦး၊ ေရႊသမီးတို႔နဲ႔ တစ္ ကားစီ႐ိုက္ထားပါတယ္’’ဟု ၎ က ေျပာသည္။

ေကာင္းခန္႔ႏွင့္ မ႐ူပါတုိ႔ သည္ ခ်စ္သူသက္တမ္း ၁၀ ႏွစ္ ေက်ာ္အၾကာတြင္ လက္ထပ္ခဲ့ ၿပီး ၎တို႔၏ မဂၤလာေမာ္ကြန္း တင္   လက္မွတ္ေရးထိုးျခင္းကို ၿပီးခဲ့သည့္ ဇူလုိင္ ၁၇ ရက္က ျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မင်္ဂလာဦး ဟန်းနီးမွန်း ခရီးကို ဗီယက်နမ်နိုင်ငံသို့သွားရန် စီစဉ်ထားသည်ဟု သရုပ်ဆောင် ကောင်းခန့်က ပြောသည်။

‘‘ဒီနေ့ကတော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲနေ့ ပါ။ ပထမအရှေ့မှာတော့ မင်္ဂလာ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ လုပ်ထားတယ်။ ကြားထဲမှာ ဝါဝင်သွားတဲ့အတွက် အခုဝါအထွက် ကိုစောင့်ပြီး မင်္ဂလာဧည့်ခံပွဲလုပ် တာပါ။ ဟန်းနီးမွန်းကိုတော့ ဗီ ယက်နမ်သွားမယ်လို့ စီစဉ်ထား ပါတယ်’’ဟု ကောင်းခန့်က ပြော သည်။

သရုပ်ဆောင် ကောင်းခန့် နှင့် မရူပါတို့၏ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာဧည့်ခံပွဲကို နိုဝင် ဘာ ၁၄ ရက်က ပြည်လမ်းရှိ နိုဗို တယ်ဟိုတယ်တွင် ကျင်းပခဲ့ သည်။

မင်္ဂလာညစာစားပွဲကို နိုဝင် ဘာ ၁၅ ရက်ညတွင် ကန်တော် ကြီး ပဲလေ့စ်ဟိုတယ်၌ ပြုလုပ် မည်ဖြစ်ပြီး အနုပညာလုပ်ငန်းများ ကိုလည်း ပုံမှန်ဆောင်ရွက်ဖြစ်နေ ကြောင်း ကောင်းခန့်က ပြောသည်။

‘‘ကျွန်တော် အနုပညာကို လည်း လုပ်သွားမှာပါ။ အခု လည်း ဇာတ်ကားတွေပြန်ရိုက်နေ ပြီ။ ဇာတ်ကားနှစ်ကားရိုက်ထား တယ်။ ဒါရိုက်တာဂျိုးနဲ့ မင်းသမီး က နန်းဆုဦး၊ ရွှေသမီးတို့နဲ့ တစ် ကားစီရိုက်ထားပါတယ်’’ဟု ၎င်း က ပြောသည်။

ကောင်းခန့်နှင့် မရူပါတို့ သည် ချစ်သူသက်တမ်း ၁၀ နှစ် ကျော်အကြာတွင် လက်ထပ်ခဲ့ ပြီး ၎င်းတို့၏ မင်္ဂလာမော်ကွန်း တင်   လက်မှတ်ရေးထိုးခြင်းကို ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top