Property Expo
×

မန္စီးတီးအသင္းတြင္ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနေသာ မန္စီးတီးကြင္းလယ္ကစားသမား ယာယာတုိေရးသည္ မန္စီးတီးအ သင္းကို နားလည္မႈလြဲမွားမႈမ်ား အတြက္ ျပန္လည္ေတာင္းပန္ခဲ့ သည္။

ယာယာတုိေရးကို ခ်န္ပီယံ လိဂ္လူစာရင္းမွ ခ်န္လွပ္ခဲ့ျခင္း ေၾကာင့္ ေ၀ဖန္မႈျပဳလုပ္ခဲ့ေသာ တုိေရး၏ ေအးဂ်င့္ျဖစ္သူကုိ အ သင္းကုိျပန္လည္ေတာင္းပန္မွ သာ တုိေရးကုိ ပြဲထြက္ခြင့္ေပး မည္ဟု ဂြါဒီယိုလာက ေျပာထား သည္။ ၎၏ေအးဂ်င့္ျဖစ္သူႏွင့္ ကစားသမားကုိယ္တိုင္က အ သင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ကုိ နား လည္မႈ လြဲမွားေစရန္ ျပဳမူခဲ့ေသာ အရာအားလံုးအတြက္ ေတာင္း ပန္ပါေၾကာင္း ယာယာတိုေရးက ေသာၾကာေန႔တြင္ ေျပာသည္။

ထို႔အျပင္အသင္းမွတာ၀န္ ရွိသူမ်ားအေပၚ ေ၀ဖန္ခဲ့မႈသည္ ၎၏အျမင္ကုိ ကုိယ္စားမျပဳ ေၾကာင္းႏွင့္ မန္စီးတီးအသင္းကို ေလးစား၍ အသင္းကို အေကာင္း

ဆံုးျဖစ္ေစလိုေသာ ဆႏၵကလဲြၿပီးအျခားမရိွေၾကာင္း တုိေရးက ေျပာသည္။ ဆက္လက္၍ ယခင္မန္စီးတီးအသင္းတြင္ ပါ၀င္ကစားခြင့္ရ ခဲ့သည္ကုိ အလြန္ပင္ဂုဏ္ယူမိရ ပါေၾကာင္းႏွင့္ မိမိသည္ ေဘာလံုးကစားရန္ႏွင့္ ပရိသတ္မ်ားကုိ ေဖ်ာ္ေျဖရန္ ရွင္သန္ေနျခင္းျဖစ္ သည္ဟု ၎က ေျပာသည္။ အ သင္းထပ္မံေအာင္ျမင္ေရး ကူညီ လုိသည္ဟုလည္း တုိေရးက ေျပာ သည္။

ယာယာတုိေရးသည္ ၂၀၁၀ က ဘာစီလုိနာမွ မန္စီးတီးအ သင္းသုိ႔ ေရာက္ရိွခဲ့ခ်ိန္ကစ၍ အဓိ ကအလယ္တန္းကစားသမားအ ျဖစ္ ပံုမွန္ပြဲထြက္ခြင့္ရရိွခဲ့ေသာ္ လည္း ယခုႏွစ္ရာသီတြင္ အသင္း အတြက္ တစ္ပြဲသာပါ၀င္ကစား ခြင့္ရခဲ့ၿပီး ခ်န္ပီယံလိဂ္႐ႈံးထြက္ အဆင့္ဒုတိယအေက်ာ့ စတူအာ ဘူခါရက္ႏွင့္ ပဲြဒုတိယပုိင္းမွသာ လူစားလဲ၀င္ေရာက္ကစားခြင့္ရခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မန်စီးတီးအသင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသော မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးသည် မန်စီးတီးအ သင်းကို နားလည်မှုလွဲမှားမှုများ အတွက် ပြန်လည်တောင်းပန်ခဲ့ သည်။

ယာယာတိုရေးကို ချန်ပီယံ လိဂ်လူစာရင်းမှ ချန်လှပ်ခဲ့ခြင်း ကြောင့် ဝေဖန်မှုပြုလုပ်ခဲ့သော တိုရေး၏ အေးဂျင့်ဖြစ်သူကို အ သင်းကိုပြန်လည်တောင်းပန်မှ သာ တိုရေးကို ပွဲထွက်ခွင့်ပေး မည်ဟု ဂွါဒီယိုလာက ပြောထား သည်။ ၎င်း၏အေးဂျင့်ဖြစ်သူနှင့် ကစားသမားကိုယ်တိုင်က အ သင်းအုပ်ချုပ်ရေးအဖွဲ့ကို နား လည်မှု လွဲမှားစေရန် ပြုမူခဲ့သော အရာအားလုံးအတွက် တောင်း ပန်ပါကြောင်း ယာယာတိုရေးက သောကြာနေ့တွင် ပြောသည်။

ထို့အပြင်အသင်းမှတာဝန် ရှိသူများအပေါ် ဝေဖန်ခဲ့မှုသည် ၎င်း၏အမြင်ကို ကိုယ်စားမပြု ကြောင်းနှင့် မန်စီးတီးအသင်းကို လေးစား၍ အသင်းကို အကောင်း

ဆုံးဖြစ်စေလိုသော ဆန္ဒကလွဲပြီးအခြားမရှိကြောင်း တိုရေးက ပြောသည်။ ဆက်လက်၍ ယခင်မန်စီးတီးအသင်းတွင် ပါဝင်ကစားခွင့်ရ ခဲ့သည်ကို အလွန်ပင်ဂုဏ်ယူမိရ ပါကြောင်းနှင့် မိမိသည် ဘောလုံးကစားရန်နှင့် ပရိသတ်များကို ဖျော်ဖြေရန် ရှင်သန်နေခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။ အ သင်းထပ်မံအောင်မြင်ရေး ကူညီ လိုသည်ဟုလည်း တိုရေးက ပြော သည်။

ယာယာတိုရေးသည် ၂၀၁၀ က ဘာစီလိုနာမှ မန်စီးတီးအ သင်းသို့ ရောက်ရှိခဲ့ချိန်ကစ၍ အဓိ ကအလယ်တန်းကစားသမားအ ဖြစ် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော် လည်း ယခုနှစ်ရာသီတွင် အသင်း အတွက် တစ်ပွဲသာပါဝင်ကစား ခွင့်ရခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက် အဆင့်ဒုတိယအကျော့ စတူအာ ဘူခါရက်နှင့် ပွဲဒုတိယပိုင်းမှသာ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top