Property Expo
×

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္မရဘဲ အလုပ္သမားေတြကုိ အစိုးရက သတ္မွတ္ထားတဲ့ တစ္ေန႔အခ်ိန္ပို သံုးနာရီထက္ပိုခိုင္းတဲ့ အလုပ္ရွင္ကိုအေရးယူသြားမယ္လို႔ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးညြန္႔ဝင္းက ေျပာပါတယ္။

“လက္ရွိ အလုပ္ရွင္ ၆၀ေက်ာ္ကို အမႈဖြင့္အေရးယူထားတယ္ဆိုတာ ဟုတ္ပါတယ္၊ ေတာ္ေတာ္မ်ားမ်ားကိုလဲ အမိန္႔ခ်မွတ္ၿပီးပါၿပီ”လို႔ ဦးညြန္႔ဝင္းက ေျပာပါတယ္။

၁၉၅၆ ခုႏွစ္ အလုပ္႐ံုႏွင့္အလုပ္သမားဥပေဒအရ အလုပ္သမားတစ္ဦးကို တစ္ေန႔အခ်ိန္ပို သံုးနာရီခိုင္းရင္ သက္ဆိုင္ရာ အလုပ္သမားဥပေဒစစ္ေဆးေရး႐ံုးရဲ႕ ခြင့္ျပဳမိန္႔ရယူရမွာ ျဖစ္ေပမယ့္ ခြင့္ျပဳမိန္႔မယူတဲ့အျပင္ တစ္ေန႔ကို အခ်ိန္ပိုသံုးနာရီထက္ ပိုခိုင္းခဲ့တဲ့ အလုပ္ရွင္ေပါင္း ၆၀ေက်ာ္ကို အေရးယူထားတယ္လို႔ ဆိုပါတယ္။

လိႈင္သာယာ၊ ေရႊျပည္သာ၊ မဂၤလာဒံုနဲ႔ ေတာင္ဒဂံုတို႔က အထည္ခ်ဳပ္လုပ္ငန္းတခ်ိဳ႕က ညလံုးေပါက္ခိုင္းဆိုေတာေတြ ရွိခဲ့ၿပီး အဆိုပါအလုပ္ရွင္ ၆၀ ေက်ာ္ထဲက ၄၀ ေက်ာ္ကို သက္ဆိုင္ရာတရား႐ံုးေတြက ၁၉၅၆ခုႏွစ္ အလုပ္႐ံုနဲ႔ အလုပ္သမားဥပေဒအရ သိန္း၂၀ ထက္မနည္းတဲ့ ဒဏ္ေငြခ်မွတ္ထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra

#Unicode Version

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ အလုပ်သမားတွေကို အစိုးရက သတ်မှတ်ထားတဲ့ တစ်နေ့အချိန်ပို သုံးနာရီထက်ပိုခိုင်းတဲ့ အလုပ်ရှင်ကိုအရေးယူသွားမယ်လို့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောပါတယ်။

“လက်ရှိ အလုပ်ရှင် ၆၀ကျော်ကို အမှုဖွင့်အရေးယူထားတယ်ဆိုတာ ဟုတ်ပါတယ်၊ တော်တော်များများကိုလဲ အမိန့်ချမှတ်ပြီးပါပြီ”လို့ ဦးညွန့်ဝင်းက ပြောပါတယ်။

၁၉၅၆ ခုနှစ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေအရ အလုပ်သမားတစ်ဦးကို တစ်နေ့အချိန်ပို သုံးနာရီခိုင်းရင် သက်ဆိုင်ရာ အလုပ်သမားဥပဒေစစ်ဆေးရေးရုံးရဲ့ ခွင့်ပြုမိန့်ရယူရမှာ ဖြစ်ပေမယ့် ခွင့်ပြုမိန့်မယူတဲ့အပြင် တစ်နေ့ကို အချိန်ပိုသုံးနာရီထက် ပိုခိုင်းခဲ့တဲ့ အလုပ်ရှင်ပေါင်း ၆၀ကျော်ကို အရေးယူထားတယ်လို့ ဆိုပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနဲ့ တောင်ဒဂုံတို့က အထည်ချုပ်လုပ်ငန်းတချို့က ညလုံးပေါက်ခိုင်းဆိုတောတွေ ရှိခဲ့ပြီး အဆိုပါအလုပ်ရှင် ၆၀ ကျော်ထဲက ၄၀ ကျော်ကို သက်ဆိုင်ရာတရားရုံးတွေက ၁၉၅၆ခုနှစ် အလုပ်ရုံနဲ့ အလုပ်သမားဥပဒေအရ သိန်း၂၀ ထက်မနည်းတဲ့ ဒဏ်ငွေချမှတ်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top