Kantharyar Centre
×

ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ ေရွးေဟာင္းပုဂံၿမိဳ႕ေတာ္ရွိ ေစတီပုထိုးမ်ားကို ႏို၀င္ဘာ ၂၆ ရက္မွစ၍ ျပဳျပင္မႈမ်ား စတင္လုပ္ေဆာင္ခဲ့ေၾကာင္း သာ သနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီး ဌာနက သတင္းထုတ္ျပန္သည္။

ငလ်င္ဒဏ္သင့္ ေစတီပုထိုး မ်ား ျပန္လည္ျပဳျပင္ရန္ ျပဳျပင္မြမ္းမံျခင္းဆိုင္ရာထံုးတမ္းစဥ္လာမ်ားေဆာင္ရြက္ျခင္းႏွင့္ ဆရာေတာ္ႀကီးမ်ားထံမွ ၾသ၀ါဒခံယူပြဲအခမ္းအနားကို ႏို၀င္ဘာ ၂၅ ရက္က စူဠာမဏိေစတီရင္ျပင္တြင္ ျပဳလုပ္ခဲ့ေၾကာင္း ပုဂံေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတိုက္ဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္ကေျပာသည္။


‘‘ပ်က္စီးသြားတဲ့ ေစတီပုထိုး ေတြကို တစ္ဆူခ်င္းအလိုက္ ျပဳ ျပင္ခြင့္ေတြ ေပးပါမယ္။ အရင္က ဘုရားအလွဴရွင္ေတြကို ဦးစားေပး ၿပီး ျပဳျပင္ခြင့္ေပးမွာ ျဖစ္ပါတယ္။ သူတို႔ကို အခ်ိန္ေပးမွာေပါ့။ အခု ေလာေလာဆယ္ေတာ့ ဘုရားေတြျပဳျပင္ဖို႔အတြက္ ပန္းရန္ေတြကို ယူနက္စကိုက ပညာရွင္ေတြေရာ၊ ကြၽန္ေတာ္တို႔ဌာနက ပညာရွင္ ေတြကပါ သင္တန္းေတြေပးေနပါ တယ္’’ဟု ၎ကေျပာသည္။

ၾသဂုတ္ ၂၄ ရက္က လႈပ္ခတ္ ခဲ့ေသာ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားသည့္ ေရွးေဟာင္းပုဂံၿမိဳ႕ရွိ ေစတီပုထိုး ၃၈၉ ဆူအနက္ အေရးေပၚ ထိန္းသိမ္းေဆာင္ရြက္မႈအ ပိုင္းမ်ား ၿပီးစီးသြားသည့္ အေသး စား ထိခိုက္ပ်က္စီးသြားေသာ ေစတီပုထိုး ၂၂၄ ဆူကို စတင္ျပဳ ျပင္မည္ဟု ၫႊန္ၾကားေရးမွဴး (စီမံ) ဦးေဇာ္ေဇာ္ထြန္းက ေျပာၾကားသည္။

ေစတီပုထိုးမ်ား ျပန္လည္ျပဳ ျပင္ရန္ အႀကံေပးအဖြဲ႕ (Advisory Team) ႏွင့္ ပညာရွင္အဖြဲ႕ (Tech-nical Expert Team) တို႔ကို သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန ၀န္ႀကီးက ဖြဲ႕စည္းေပးထားေၾကာင္း ဒုၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသိန္းလြင္ကေျပာသည္။

 လက္ရွိတြင္ ပုဂံရွိ ေရွး ေဟာင္းအေဆာက္အအံုမ်ား ထိခိုက္ပ်က္စီးမႈ မရွိေစရန္ သရပါတံခါး၊ နတ္ေလွာင္ေက်ာင္းႏွင့္ ပုထိုးသားမ်ား ေစတီအနီး ယာဥ္ျဖတ္သန္းသြားလာခြင့္ ပိတ္ထား ေၾကာင္း သိရသည္။

ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီး သြားေသာ ပုဂံေရွးေဟာင္းေစတီ ပုထိုးမ်ားအနက္ သာမန္ပ်က္စီး မႈမ်ား ျဖစ္ပြားခဲ့သည့္ ေစတီပုထိုး အငယ္မ်ားကို အလွဴရွင္မ်ားအား ျပဳျပင္တည္ေဆာက္ လွဴဒါန္းခြင့္ ေပးမည္ျဖစ္ၿပီး ထုထည္ႏွင့္ ဉာဏ္ ေတာ္ႀကီးမားသည့္ နာမည္ႀကီး ေစတီပုထိုးမ်ားကို ႏုိင္ငံေတာ္ အစိုးရက တာ၀န္ယူျပဳျပင္တည္ ေဆာက္မည္ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန ျပည္ ေထာင္စု၀န္ႀကီး သူရဦးေအာင္ကို က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရှေးဟောင်းပုဂံမြို့တော်ရှိ စေတီပုထိုးများကို နိုဝင်ဘာ ၂၆ ရက်မှစ၍ ပြုပြင်မှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ငလျင်ဒဏ်သင့် စေတီပုထိုး များ ပြန်လည်ပြုပြင်ရန် ပြုပြင်မွမ်းမံခြင်းဆိုင်ရာထုံးတမ်းစဉ်လာများဆောင်ရွက်ခြင်းနှင့် ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က စူဠာမဏိစေတီရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။


‘‘ပျက်စီးသွားတဲ့ စေတီပုထိုး တွေကို တစ်ဆူချင်းအလိုက် ပြု ပြင်ခွင့်တွေ ပေးပါမယ်။ အရင်က ဘုရားအလှူရှင်တွေကို ဦးစားပေး ပြီး ပြုပြင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ သူတို့ကို အချိန်ပေးမှာပေါ့။ အခု လောလောဆယ်တော့ ဘုရားတွေပြုပြင်ဖို့အတွက် ပန်းရန်တွေကို ယူနက်စကိုက ပညာရှင်တွေရော၊ ကျွန်တော်တို့ဌာနက ပညာရှင် တွေကပါ သင်တန်းတွေပေးနေပါ တယ်’’ဟု ၎င်းကပြောသည်။

သြဂုတ် ၂၄ ရက်က လှုပ်ခတ် ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုး ၃၈၉ ဆူအနက် အရေးပေါ် ထိန်းသိမ်းဆောင်ရွက်မှုအ ပိုင်းများ ပြီးစီးသွားသည့် အသေး စား ထိခိုက်ပျက်စီးသွားသော စေတီပုထိုး ၂၂၄ ဆူကို စတင်ပြု ပြင်မည်ဟု ညွှန်ကြားရေးမှူး (စီမံ) ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

စေတီပုထိုးများ ပြန်လည်ပြု ပြင်ရန် အကြံပေးအဖွဲ့ (Advisory Team) နှင့် ပညာရှင်အဖွဲ့ (Tech-nical Expert Team) တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးက ဖွဲ့စည်းပေးထားကြောင်း ဒုညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကပြောသည်။

 လက်ရှိတွင် ပုဂံရှိ ရှေး ဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိစေရန် သရပါတံခါး၊ နတ်လှောင်ကျောင်းနှင့် ပုထိုးသားများ စေတီအနီး ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထား ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး သွားသော ပုဂံရှေးဟောင်းစေတီ ပုထိုးများအနက် သာမန်ပျက်စီး မှုများ ဖြစ်ပွားခဲ့သည့် စေတီပုထိုး အငယ်များကို အလှူရှင်များအား ပြုပြင်တည်ဆောက် လှူဒါန်းခွင့် ပေးမည်ဖြစ်ပြီး ထုထည်နှင့် ဉာဏ် တော်ကြီးမားသည့် နာမည်ကြီး စေတီပုထိုးများကို နိုင်ငံတော် အစိုးရက တာဝန်ယူပြုပြင်တည် ဆောက်မည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top