Property Expo
×

 ေဟာလိဝုဒ္ အက္ရွင္မင္းသား စတီဗင္ဆီးဂဲလ္ကို ႏုိင္ငံသားအျဖစ္ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ကိုယ္တိုင္က ဂုဏ္ျပဳ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

ႏိုဝင္ဘာ ၂၅ ရက္တြင္ အေမရိကန္ ႐ုပ္ရွင္မင္းသားသည္ ေမာ္စကိုၿမိဳ႕ေတာ္ရွိ ကရင္မလင္ နန္းေတာ္၌ က်င္းပေသာ အခမ္းအနားသို႔ တက္ေရာက္၍ ပူတင္ထံမွ ႐ုရွားႏုိင္ငံသား ပတ္စ္ပို႔တ္ကို လက္ခံယူခဲ့သည္။ ထိုအခမ္းအနားတြင္ ဆီးဂဲလ္က အေမရိကန္ႏွင့္ ႐ုရွားႏုိင္ငံမ်ားၾကား ဆက္ဆံေရး ပိုမိုတိုးတက္ ေကာင္းမြန္လာေစရန္ ၎အေနျဖင့္ တတ္စြမ္းသမွ် ပါဝင္ကူညီလုိေၾကာင္း ေျပာၾကားခဲ့သည္။

ပူတင္က ဆီးဂဲလ္ကို ကိုယ္တိုင္ ပတ္စ္ပို႔တ္ ေပးအပ္ၿပီးေနာက္ “႐ုရွားႏုိင္ငံသား ျဖစ္လာတဲ့အတြက္ ဂုဏ္ယူပါတယ္။ ဒါဟာ က်ဳပ္တို႔ ႏွစ္ႏုိင္ငံၾကားက ဆက္ဆံေရးကို ျမႇင့္တင္ႏိုင္ဖုိ႔ ေသးငယ္ေပမယ့္ အေရးပါတဲ့ သေကၤတတစ္ရပ္ ျဖစ္လာမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”ဟု ဆိုသည္။ ထို႔ေနာက္ ပူတင္က သာေၾကာင္းမာေၾကာင္း ေမးျမန္းခဲ့ၿပီး ဆီးဂဲလ္က “အဆင္ေျပပါတယ္ သမၼတႀကီး။ ကၽြန္ေတာ္တုိ႔ခ်င္း ေနာက္မွ သက္သက္ စကားေျပာခ်င္ပါေသးတယ္။ အခုကေတာ့ ဒီကို ေရာက္လာခြင့္ ရတာကိုက ဂုဏ္ျပဳမႈ တစ္ရပ္လုိ႔ ခံစားမိပါတယ္”ဟု တံု႔ျပန္ခဲ့သည္။

ကရင္မလင္ ေျပာေရးဆိုခြင့္ရ အရာရွိ တစ္ဦးက ဆီးဂဲလ္အေနျဖင့္ ႐ုရွားအေပၚ ေႏြးေထြးသည့္ သေဘာထားမ်ိဳး ရွိေနေၾကာင္း ဆိုသည္။

ပူတင္သည္ ကိုယ္ခံသိုင္းပညာရပ္မ်ားကို ႏွစ္သက္လုိက္စားသူ တစ္ဦးျဖစ္ရာ ေဟာလိဝုဒ္၏ အကၽြမ္းက်င္ဆံုး တိုက္ခုိက္ေရး ပညာရွင္ တစ္ဦးအျဖစ္ သတ္မွတ္ႏုိင္ေသာ ဆီးဂဲလ္၏ အမာခံ ပရိသတ္ တစ္ဦးလည္း ျဖစ္သည္။ ဆီးဂဲလ္သည္ ယခင္ကတည္းက ႐ုရွားသို႔ မၾကာခဏ သြားေရာက္ လည္ပတ္ေလ့ ရွိသလို Under Siege၊ Sniper: Special Opsကဲ့သို႔ ဇာတ္ကားမ်ားသည္ ႐ုရွားပရိသတ္မ်ားၾကား အထူးေရပန္းစားခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ဟောလိဝုဒ် အက်ရှင်မင်းသား စတီဗင်ဆီးဂဲလ်ကို နိုင်ငံသားအဖြစ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင်က ဂုဏ်ပြု သတ်မှတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ ရက်တွင် အမေရိကန် ရုပ်ရှင်မင်းသားသည် မော်စကိုမြို့တော်ရှိ ကရင်မလင် နန်းတော်၌ ကျင်းပသော အခမ်းအနားသို့ တက်ရောက်၍ ပူတင်ထံမှ ရုရှားနိုင်ငံသား ပတ်စ်ပို့တ်ကို လက်ခံယူခဲ့သည်။ ထိုအခမ်းအနားတွင် ဆီးဂဲလ်က အမေရိကန်နှင့် ရုရှားနိုင်ငံများကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ၎င်းအနေဖြင့် တတ်စွမ်းသမျှ ပါဝင်ကူညီလိုကြောင်း ပြောကြားခဲ့သည်။

ပူတင်က ဆီးဂဲလ်ကို ကိုယ်တိုင် ပတ်စ်ပို့တ် ပေးအပ်ပြီးနောက် “ရုရှားနိုင်ငံသား ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါဟာ ကျုပ်တို့ နှစ်နိုင်ငံကြားက ဆက်ဆံရေးကို မြှင့်တင်နိုင်ဖို့ သေးငယ်ပေမယ့် အရေးပါတဲ့ သင်္ကေတတစ်ရပ် ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။ ထို့နောက် ပူတင်က သာကြောင်းမာကြောင်း မေးမြန်းခဲ့ပြီး ဆီးဂဲလ်က “အဆင်ပြေပါတယ် သမ္မတကြီး။ ကျွန်တော်တို့ချင်း နောက်မှ သက်သက် စကားပြောချင်ပါသေးတယ်။ အခုကတော့ ဒီကို ရောက်လာခွင့် ရတာကိုက ဂုဏ်ပြုမှု တစ်ရပ်လို့ ခံစားမိပါတယ်”ဟု တုံ့ပြန်ခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆီးဂဲလ်အနေဖြင့် ရုရှားအပေါ် နွေးထွေးသည့် သဘောထားမျိုး ရှိနေကြောင်း ဆိုသည်။

ပူတင်သည် ကိုယ်ခံသိုင်းပညာရပ်များကို နှစ်သက်လိုက်စားသူ တစ်ဦးဖြစ်ရာ ဟောလိဝုဒ်၏ အကျွမ်းကျင်ဆုံး တိုက်ခိုက်ရေး ပညာရှင် တစ်ဦးအဖြစ် သတ်မှတ်နိုင်သော ဆီးဂဲလ်၏ အမာခံ ပရိသတ် တစ်ဦးလည်း ဖြစ်သည်။ ဆီးဂဲလ်သည် ယခင်ကတည်းက ရုရှားသို့ မကြာခဏ သွားရောက် လည်ပတ်လေ့ ရှိသလို Under Siege၊ Sniper: Special Opsကဲ့သို့ ဇာတ်ကားများသည် ရုရှားပရိသတ်များကြား အထူးရေပန်းစားခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top