Kantharyar Centre
×

 အစိုးရသစ္လက္ထက္ တြင္ ျပင္ပေငြေၾကးေစ်းကြက္၌ အေမရိကန္ေဒၚလာ စံခ်ိန္တင္ ေစ်းႏႈန္းအျမင့္ဆံုးသို႔ တက္လာၿပီး တစ္ေဒၚလာလွ်င္ ၁,၃၀၇  က်ပ္သုိ႔ ေရာက္ရွိလာေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ဳိ႕က ေျပာသည္။

ကန္ေဒၚလာသည္ ႏို၀င္ဘာ လအတြင္း ဆက္တိုက္ေစ်းျပန္ လည္ျမင့္တက္လာၿပီး ႏို၀င္ဘာ ၁၄ ရက္ ညေနေစ်းပိတ္ခ်ိန္တြင္ တစ္ေဒၚလာ ၁,၃၀၅ က်ပ္သို႔ ေရာက္ရွိလာသည္။ ႏုိ၀င္ဘာ ၁၅ ရက္ နံနက္ျပင္ပေစ်းကြက္ဖြင့္ခ်ိန္ တြင္ တစ္ေဒၚလာလွ်င္ ၁,၃၀၇ က်ပ္ျဖင့္ ေစ်းဖြင့္ၿပီး မြန္းလြဲပိုင္း တြင္ ၁,၃၀၅ က်ပ္သို႔ အနည္းငယ္ျပန္လည္က်ဆင္းလာသည္။

အစိုးရသစ္သက္တမ္းခုနစ္ လအတြင္း အေမရိကန္တစ္ေဒၚ လာလွ်င္ က်ပ္ ၁၀၀ ေက်ာ္ျမင့္ တက္လာသည္။ ဧၿပီ ၁ ရက္တြင္တစ္ေဒၚလာလွ်င္ ၁,၂၀၀ က်ပ္ခန္႔ေစ်းေပါက္ရာမွ ႏို၀င္ဘာ ၁၅ ရက္တြင္ ၁,၃၀၇ က်ပ္သို႔ ျမင့္တက္လာ သည္။

ကုန္သြယ္မႈလိုေငြ အေမရိ ကန္ေဒၚလာ ႏွစ္ဘီလီယံေက်ာ္ရွိ ျခင္း၊ အစိုးရဘတ္ဂ်က္အသံုးစ ရိတ္မ်ား ထပ္မံခ်ထားေပးျခင္းႏွင့္ ဆက္စပ္၍ ေငြေၾကးေစ်းကြက္ တြင္ အေမရိကန္ေဒၚလာတန္ဖိုး ျမင့္တက္လာျခင္းသည္ ျမန္မာႏုိင္ ငံ၏ စီးပြားေရးက႑အတြက္ ေကာင္းမြန္သည့္ အေျခအေနတစ္ ခုမဟုတ္ေၾကာင္း စီးပြားေရးပညာ ရွင္ ဦးလွေမာင္က ေျပာသည္။

ျပင္ပေငြေၾကးေစ်းကြက္တြင္ အေမရိကန္ေဒၚလာတန္ဖိုးျမင့္ တက္ေနေသာ္လည္း ဗဟိုဘဏ္ က သတ္မွတ္သည့္ ရည္ၫႊန္းေငြ လဲႏႈန္းသည္ တစ္ေဒၚလာလွ်င္ ၁,၂၈၅ က်ပ္သတ္မွတ္ထားသည္။အေမရိကန္ေဒၚလာတန္ဖိုး ျမင့္တက္မႈကို ထိန္းရန္ အစိုးရသည္ ကုန္သြယ္မႈမူ၀ါဒႏွင့္ ပို႔ကုန္၀င္ေငြကို ျမန္မာ့ဘဏ္မ်ားမွ လက္ခံဖို႔လိုအပ္ေၾကာင္း၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကိုလည္း တိုးျမႇင့္လာေရးဆြဲေဆာင္ရန္ လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

ေငြေၾကးေစ်းကြက္တြင္ အ ေမရိကန္ေဒၚလာေစ်းမတည္ၿငိမ္ ျခင္းသည္ စီးပြားေရးက႑၌ အစိုးရႏွင့္ ပုဂၢလိကညႇိႏိႈင္းပူးေပါင္းေဆာင္ရြက္မႈ အားနည္းျခင္း ေၾကာင့္ဟု စီးပြားေရးလုပ္ငန္းရွင္ အခ်ဳိ႕ကလည္း ဆိုထားၿပီး အစိုးရ သစ္အေနျဖင့္ လက္ေတြ႕လုပ္ငန္း မ်ားလုပ္ကိုင္ရန္ ပုဂၢလိကက႑မွ တင္ျပမႈမ်ားကို နားေထာင္ေပးရန္ လိုအပ္သည္ဟု ဆိုသည္။

ျပင္ပ ေငြေၾကးေစ်းကြက္ တြင္ အေမရိကန္ေဒၚလာတန္ဖိုး စံခ်ိန္တင္ျမင့္တက္ရျခင္းသည္ အေမရိကန္ေရြးေကာက္ပြဲအၿပီး ေဒၚလာကို ယံုၾကည္မႈပိုလာၿပီး ကမၻာ့ေရႊေစ်းက်ဆင္းမႈေၾကာင့္ ဟု ျပင္ပေငြေၾကးေရာင္း၀ယ္ေရး လုပ္ငန္း လုပ္ကိုင္သူအခ်ဳိ႕က ေျပာသည္။ ကမၻာ့ေရႊေစ်းသည္ ႏို၀င္ဘာ ၃ ရက္က တစ္ေအာင္စ လွ်င္ အေမရိကန္ေဒၚလာ ၁,၃၀၅ ေဒၚလာမွ ႏို၀င္ဘာ ၁၅ ရက္တြင္ ၁,၂၂၅ ေဒၚလာသို႔ က်ဆင္းလာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အစိုးရသစ်လက်ထက် တွင် ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ စံချိန်တင် ဈေးနှုန်းအမြင့်ဆုံးသို့ တက်လာပြီး တစ်ဒေါ်လာလျှင် ၁,၃၀၇  ကျပ်သို့ ရောက်ရှိလာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။


ကန်ဒေါ်လာသည် နိုဝင်ဘာ လအတွင်း ဆက်တိုက်ဈေးပြန် လည်မြင့်တက်လာပြီး နိုဝင်ဘာ ၁၄ ရက် ညနေဈေးပိတ်ချိန်တွင် တစ်ဒေါ်လာ ၁,၃၀၅ ကျပ်သို့ ရောက်ရှိလာသည်။ နိုဝင်ဘာ ၁၅ ရက် နံနက်ပြင်ပဈေးကွက်ဖွင့်ချိန် တွင် တစ်ဒေါ်လာလျှင် ၁,၃၀၇ ကျပ်ဖြင့် ဈေးဖွင့်ပြီး မွန်းလွဲပိုင်း တွင် ၁,၃၀၅ ကျပ်သို့ အနည်းငယ်ပြန်လည်ကျဆင်းလာသည်။

အစိုးရသစ်သက်တမ်းခုနစ် လအတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၁၀၀ ကျော်မြင့် တက်လာသည်။ ဧပြီ ၁ ရက်တွင်တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်ခန့်ဈေးပေါက်ရာမှ နိုဝင်ဘာ ၁၅ ရက်တွင် ၁,၃၀၇ ကျပ်သို့ မြင့်တက်လာ သည်။

ကုန်သွယ်မှုလိုငွေ အမေရိ ကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိ ခြင်း၊ အစိုးရဘတ်ဂျက်အသုံးစ ရိတ်များ ထပ်မံချထားပေးခြင်းနှင့် ဆက်စပ်၍ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းသည် မြန်မာနိုင် ငံ၏ စီးပွားရေးကဏ္ဍအတွက် ကောင်းမွန်သည့် အခြေအနေတစ် ခုမဟုတ်ကြောင်း စီးပွားရေးပညာ ရှင် ဦးလှမောင်က ပြောသည်။

ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့် တက်နေသော်လည်း ဗဟိုဘဏ် က သတ်မှတ်သည့် ရည်ညွှန်းငွေ လဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၈၅ ကျပ်သတ်မှတ်ထားသည်။အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုကို ထိန်းရန် အစိုးရသည် ကုန်သွယ်မှုမူဝါဒနှင့် ပို့ကုန်ဝင်ငွေကို မြန်မာ့ဘဏ်များမှ လက်ခံဖို့လိုအပ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးမြှင့်လာရေးဆွဲဆောင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ငွေကြေးဈေးကွက်တွင် အ မေရိကန်ဒေါ်လာဈေးမတည်ငြိမ် ခြင်းသည် စီးပွားရေးကဏ္ဍ၌ အစိုးရနှင့် ပုဂ္ဂလိကညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း ကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကလည်း ဆိုထားပြီး အစိုးရ သစ်အနေဖြင့် လက်တွေ့လုပ်ငန်း များလုပ်ကိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ တင်ပြမှုများကို နားထောင်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

ပြင်ပ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး စံချိန်တင်မြင့်တက်ရခြင်းသည် အမေရိကန်ရွေးကောက်ပွဲအပြီး ဒေါ်လာကို ယုံကြည်မှုပိုလာပြီး ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ဟု ပြင်ပငွေကြေးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၃ ရက်က တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁,၃၀၅ ဒေါ်လာမှ နိုဝင်ဘာ ၁၅ ရက်တွင် ၁,၂၂၅ ဒေါ်လာသို့ ကျဆင်းလာ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top