Kantharyar Centre
×

ရန္ကုန္-မႏၱေလးအျမန္လမ္းမႀကီးေပၚမွာ အရွိန္လြန္ေမာင္းႏွင္ေနလို႔ အေရးယူခံေနရတဲ့ ေမာ္ေတာ္ယာဥ္ေတြမွာ ကိုယ္ပိုင္ကားေတြက အမ်ားဆံုးျဖစ္ေနတယ္လို႔  ေဆာက္လုပ္ေရး၀န္ႀကီးဌာန လမ္းဦးစီးဌာနကေန သိရပါတယ္။

ေဆာက္လုပ္ေရး၀န္ႀကီးဌာနက ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီကေန ေအာက္တိုဘာလကုန္အထိ ထုတ္ျပန္ခဲ့တဲ့စာရင္းေတြအရ ယာဥ္မေတာ္တဆမႈေတြထဲမွာ ကုိယ္ ပုိင္ကားေတြကအမ်ားဆံုးျဖစ္ၿပီး လုိက္ထရပ္ေတြက ဒုတိယအမ်ားဆံုးျဖစ္ေနကာ ေမာ္ေတာ္ဆိုင္ကယ္က ယာဥ္မေတာ္တဆမႈျဖစ္တာ တတိယအမ်ားဆံုးျဖစ္ေနတယ္လို႔ သိရပါတယ္။

ယာဥ္မေတာ္တဆမႈေတြ ေလ်ာ့ပါးေစဖို႔ အျမန္လမ္းမႀကီးေပၚမွာ လြန္ခဲ့တဲ့ စက္တင္ဘာလကစၿပီး စည္းကမ္းမဲ့ယာဥ္ေတြကုိ အေရးယူတာေတြလုပ္ခဲ့ရာမွာ စက္တင္ဘာလမွာ  ၈၄၁ စီး၊ ေအာက္တိုဘာ ၂၈ ရက္အ ထိ ၉၅၁ စီးရိွခဲ့တယ္လုိ႔ ဆိုပါတယ္။

အျမန္လမ္းမႀကီးေပၚမွာ တစ္ရက္ကုိ ပ်မ္းမွ်ယာဥ္အစီးေရ ၂၀,၀၀၀ ေက်ာ္ျဖတ္သန္းသြားလာေနၿပီး အျမန္လမ္းရဲတပ္ဖြဲ႕အင္အား ၅၁၁ ဦးနဲ႔ ႏႈိင္းယွဥ္အခ်ဳိးခ်ရင္ ယာဥ္ထိန္း ရဲတစ္ဦးကုိ ယာဥ္အစီးေရ ၄၀ ေလာက္ စည္းကမ္းထိန္းသိမ္းေနရတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

Unicode Version

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ အရှိန်လွန်မောင်းနှင်နေလို့ အရေးယူခံနေရတဲ့ မော်တော်ယာဉ်တွေမှာ ကိုယ်ပိုင်ကားတွေက အများဆုံးဖြစ်နေတယ်လို့  ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနကနေ သိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရ ယာဉ်မတော်တဆမှုတွေထဲမှာ ကိုယ် ပိုင်ကားတွေကအများဆုံးဖြစ်ပြီး လိုက်ထရပ်တွေက ဒုတိယအများဆုံးဖြစ်နေကာ မော်တော်ဆိုင်ကယ်က ယာဉ်မတော်တဆမှုဖြစ်တာ တတိယအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုတွေ လျော့ပါးစေဖို့ အမြန်လမ်းမကြီးပေါ်မှာ လွန်ခဲ့တဲ့ စက်တင်ဘာလကစပြီး စည်းကမ်းမဲ့ယာဉ်တွေကို အရေးယူတာတွေလုပ်ခဲ့ရာမှာ စက်တင်ဘာလမှာ  ၈၄၁ စီး၊ အောက်တိုဘာ ၂၈ ရက်အ ထိ ၉၅၁ စီးရှိခဲ့တယ်လို့ ဆိုပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ တစ်ရက်ကို ပျမ်းမျှယာဉ်အစီးရေ ၂၀,၀၀၀ ကျော်ဖြတ်သန်းသွားလာနေပြီး အမြန်လမ်းရဲတပ်ဖွဲ့အင်အား ၅၁၁ ဦးနဲ့ နှိုင်းယှဉ်အချိုးချရင် ယာဉ်ထိန်း ရဲတစ်ဦးကို ယာဉ်အစီးရေ ၄၀ လောက် စည်းကမ်းထိန်းသိမ်းနေရတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top