Kantharyar Centre
×

အိပ္ေရးပ်က္ျခင္းက လူတစ္ေယာက္ရဲ႕ တစ္ေန႔တာလံုးကုိ ဆံုး ရံႈးသြားေစႏုိင္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ညဘက္အိပ္ ယာဝင္ခ်ိန္မွာ ေကာင္းေကာင္းအိပ္မေပ်ာ္ရတာမ်ိဳးေတြျဖစ္တတ္ ပါတယ္။ အိပ္ေရးပ်က္ျခင္းေတြမ်ားလာတဲ့ လူအဖုိ႔က်န္းမာေရး ရႈေထာင့္မွာ မ်ားစြာ ထိခုိက္ၿပီးဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚလာႏုိင္ပါ တယ္။

အလုပ္ကိစၥ၊ လူမႈေရး၊ ကုိယ္ေရးကုိယ္တာ၊ မိသားစုစသ ျဖင့္အေၾကာင္းေတြနဲ႔ပဲ ေကာင္းေကာင္း မအိပ္စက္ႏုိင္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ အိပ္ယာဝင္ခ်ိန္မွာ သင့္အတြက္ အေႏွာင့္အယွက္န႔ဲ အခက္အခဲျဖစ္ေစမယ့္ အရာေတြကုိ ေဖာ္ျပ ေပးလုိက္ပါတယ္….

၁။ အိပ္ယာထဲ ဖုန္းအသံုးျပဳျခင္းက အိပ္စက္ျခင္းကုိ အေႏွာင့္အ ယွက္ျဖစ္ေစပါတယ္။ အလင္းေရာင္းစူးအားေၾကာင့္ မ်က္စိကုိ ေၾကာင္ေစပါတယ္။ စြဲလန္းမႈကုိျဖစ္ေစတဲ့ ဆုိရွယ္နက္ဝက္နဲ႔ ဖုန္းေျပာျခင္းေတြကလည္း အိပ္ယာထဲမွာ တကယ့္ကုိဆိုးဆိုးရြား အိပ္ေရးပ်က္ျခင္းကို ျဖစ္ေပၚေစႏုိင္ပါတယ္။

၂။ အလုပ္ကိစၥေတြကုိ အိပ္ယာထဲထိ သယ္ေဆာင္သြားျခင္းက သင့္ရဲ႕ အိပ္ခ်ိန္ကုိ ထိခုိက္ေစပါတယ္။ မၿပီးျပတ္ေသးတဲ့ အလုပ္ ကိစၥေတြကုိ အိပ္ယာထဲေရာက္တဲ့ အထိလုပ္ေနရတယ္ဆုိရင္ေတာ့ သင့္အေနနဲ႔ ေရွာင္ရွားသင့္ပါတယ္။ ေန႔ဘက္က မၿပီးေသးတဲ့အလုပ္ ေတြအတြက္ အီးေမးလ္ပုိ႔ျခင္း၊ ဖုန္းဆက္ေျပာၾကားျခင္း၊ ဆုိရွယ္နက္ ဝက္မွာ ခ်ိတ္ဆက္ေျပာျခင္း အစရွိတာေတြကလည္း အိပ္စက္ျခင္း ကုိ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

၃။ အိမ္ေမြးတိရစာၦန္ေတြနဲ႔ အတူ အိပ္စက္ျခင္းကလည္း အိပ္ရာဝင္  ျခင္းမွာ ခက္ခဲေစႏုိင္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ အိမ္ေမြးတိရစာၦန္ ေလးေတြကုိ ကုတင္ေပၚေခၚတင္ေဆာ့ကစားကာ အိပ္ယာဝင္တာ မ်ိဳးေတြက အိပ္ေရးပ်က္ျခင္းကုိ ျဖစ္ေပၚေစႏုိင္ပါတယ္။ သူတုိ႔ေလး ေတြရဲ႕ အိပ္စက္ပံုသဘာဝနဲ႔ေနထုိင္ပံုေတြက သင့္အိပ္စက္ျခင္းကုိ အေႏွာင့္အယွက္ျဖစ္ေပၚေစႏိုင္ပါတယ္။

၄။ အစားအေသာက္ေတြ၊ အိပ္ေပ်ာ္ျခင္းအတြက္ အေႏွာင့္အယွက္ ျဖစ္ေစမယ့္ အစားအေသာက္ေတြေၾကာင့္လည္း အိပ္မရတာမ်ိဳးေတြ ျဖစ္ေစႏုိင္ပါတယ္။ အိပ္ယာဝင္ခါနီးအခ်ိန္မွ အစားအေသာက္စား တာမ်ိဳးေတြကုိ ေရွာင္ရွားသင့္ပါတယ္။

၅။ အိပ္ယာဝင္ခါနီး စာအုပ္ဖတ္ျခင္းက ပုိၿပီးေတာ့ အိပ္ေပ်ာ္ေစႏုိင္ တယ္လုိ႔ ထင္ရေပမယ့္ တကယ္တမ္းေတာ့ စာဖတ္ျခင္းက အိပ္ ခ်င္တဲ့စိတ္ကုိ ေႏွာင့္ယွက္ေစပါတယ္။ အရမ္းကုိစိတ္ ဝင္စားစရာ ေကာင္းၿပီး စြဲစြဲလမ္းလမ္းျဖစ္ေစတဲ့  စာအုပ္ေတြေၾကာင့္စာဖတ္ျခင္း ကုိ အဆက္မျပတ္ေစပဲ အိပ္ခ်ိန္ကုိေက်ာ္လြန္သြားေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ညအိပ္ယာဝင္ခါနီးအခ်ိန္ အိပ္ငုိက္လာသည္အထိပဲ ဖတ္ေစတာက ပုိၿပီးေတာ့ အဆင္ေျပပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

အိပ်ရေးပျက်ခြင်းက လူတစ်ယောက်ရဲ့ တစ်နေ့တာလုံးကို ဆုံး ရှုံးသွားစေနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ညဘက်အိပ် ယာဝင်ချိန်မှာ ကောင်းကောင်းအိပ်မပျော်ရတာမျိုးတွေဖြစ်တတ် ပါတယ်။ အိပ်ရေးပျက်ခြင်းတွေများလာတဲ့ လူအဖို့ကျန်းမာရေး ရှုထောင့်မှာ များစွာ ထိခိုက်ပြီးဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါ တယ်။

အလုပ်ကိစ္စ၊ လူမှုရေး၊ ကိုယ်ရေးကိုယ်တာ၊ မိသားစုစသ ဖြင့်အကြောင်းတွေနဲ့ပဲ ကောင်းကောင်း မအိပ်စက်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အိပ်ယာဝင်ချိန်မှာ သင့်အတွက် အနှောင့်အယှက်နဲ့ အခက်အခဲဖြစ်စေမယ့် အရာတွေကို ဖော်ပြ ပေးလိုက်ပါတယ်….

၁။ အိပ်ယာထဲ ဖုန်းအသုံးပြုခြင်းက အိပ်စက်ခြင်းကို အနှောင့်အ ယှက်ဖြစ်စေပါတယ်။ အလင်းရောင်းစူးအားကြောင့် မျက်စိကို ကြောင်စေပါတယ်။ စွဲလန်းမှုကိုဖြစ်စေတဲ့ ဆိုရှယ်နက်ဝက်နဲ့ ဖုန်းပြောခြင်းတွေကလည်း အိပ်ယာထဲမှာ တကယ့်ကိုဆိုးဆိုးရွား အိပ်ရေးပျက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ အလုပ်ကိစ္စတွေကို အိပ်ယာထဲထိ သယ်ဆောင်သွားခြင်းက သင့်ရဲ့ အိပ်ချိန်ကို ထိခိုက်စေပါတယ်။ မပြီးပြတ်သေးတဲ့ အလုပ် ကိစ္စတွေကို အိပ်ယာထဲရောက်တဲ့ အထိလုပ်နေရတယ်ဆိုရင်တော့ သင့်အနေနဲ့ ရှောင်ရှားသင့်ပါတယ်။ နေ့ဘက်က မပြီးသေးတဲ့အလုပ် တွေအတွက် အီးမေးလ်ပို့ခြင်း၊ ဖုန်းဆက်ပြောကြားခြင်း၊ ဆိုရှယ်နက် ဝက်မှာ ချိတ်ဆက်ပြောခြင်း အစရှိတာတွေကလည်း အိပ်စက်ခြင်း ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

၃။ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူ အိပ်စက်ခြင်းကလည်း အိပ်ရာဝင်  ခြင်းမှာ ခက်ခဲစေနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန် လေးတွေကို ကုတင်ပေါ်ခေါ်တင်ဆော့ကစားကာ အိပ်ယာဝင်တာ မျိုးတွေက အိပ်ရေးပျက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့လေး တွေရဲ့ အိပ်စက်ပုံသဘာဝနဲ့နေထိုင်ပုံတွေက သင့်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ အစားအသောက်တွေ၊ အိပ်ပျော်ခြင်းအတွက် အနှောင့်အယှက် ဖြစ်စေမယ့် အစားအသောက်တွေကြောင့်လည်း အိပ်မရတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အိပ်ယာဝင်ခါနီးအချိန်မှ အစားအသောက်စား တာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။

၅။ အိပ်ယာဝင်ခါနီး စာအုပ်ဖတ်ခြင်းက ပိုပြီးတော့ အိပ်ပျော်စေနိုင် တယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ စာဖတ်ခြင်းက အိပ် ချင်တဲ့စိတ်ကို နှောင့်ယှက်စေပါတယ်။ အရမ်းကိုစိတ် ဝင်စားစရာ ကောင်းပြီး စွဲစွဲလမ်းလမ်းဖြစ်စေတဲ့  စာအုပ်တွေကြောင့်စာဖတ်ခြင်း ကို အဆက်မပြတ်စေပဲ အိပ်ချိန်ကိုကျော်လွန်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ညအိပ်ယာဝင်ခါနီးအချိန် အိပ်ငိုက်လာသည်အထိပဲ ဖတ်စေတာက ပိုပြီးတော့ အဆင်ပြေပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top