Kantharyar Centre
×


ဆီးခ်ဳိေရာဂါသည္ ယေန႔ေခတ္တြင္ ႀကံဳေတြ႕ရမႈမ်ားလာေသာ ေရာဂါတစ္မ်ဳိးျဖစ္သည္။ သၾကားႏွင့္ အခ်ိဳထည့္ထားေသာအစား အစာမ်ားကို လြန္ကဲစြာ စားသံုးျခင္းေၾကာင့္ ဆီးခ်ိဳေရာဂါျဖစ္ပြား ေသာ အေျခအေနဆီသို႔ ဦးတည္သြားသည္ဟု လူအမ်ားထင္မွတ္ ထားေသာ္လည္း အမွန္တကယ္မွာ က်န္းမာေရးႏွင့္ မညီေသာ လူေနမႈဘ၀ပံုစံသည္ ဆီးခ်ဳိေရာဂါျဖစ္ပြားမႈတြင္ အဓိကက်ေသာအခန္း က႑မွပါ၀င္ေနသည္။ ဆီးခ်ဳိေရာဂါသည္ ခႏၶာကုိယ္ကို ထိခိုက္ေစျခင္းအျပင္ အသားအေရကိုပါ ထိခိုက္ႏုိင္သည္ကုိ လူအမ်ားသတိ မျပဳမိေပ။


ဆီးခ်ဳိေရာဂါက အသားအေရအေပၚ ထိခိုက္ႏုိင္ပံုႏွင့္ ယင္း ျပႆနာကုိ တိုက္ဖ်က္ရန္ နည္းလမ္းမ်ားအား အေရျပားအထူးကု ဆရာ၀န္ေဒါက္တာ ႐ုိဟစ္ဘာထရာက ရွင္းျပေပးထားသည္။

ဆီးခ်ဳိေရာဂါေၾကာင့္ ႀကံဳေတြ႕ရေလ့ရိွေသာ အေရျပားေရာဂါ အခ်ိဳ႕တြင္ မိႈေရာဂါ၊ ယားယံျခင္း၊ အသားအေရာင္ဆံုး႐ႈံးျခင္း၊ အရည္ၾကည္ဖုထြက္ျခင္း၊ ျပည္တည္နာျဖစ္ျခင္းတို႔ပါ၀င္သည္။

ဆီးခ်ဳိေရာဂါသည္မ်ား မိႈေရာဂါျဖစ္ပါက အေရျပားေပၚတြင္ အနီေရာင္အင္ပ်ဥ္ကဲ့သုိ႔ အကြက္မ်ားထြက္လာၿပီး ယားယံ၍ နာက်င္ေလ့ရိွသည္။ ယင္းလကၡဏာကို စတင္သိရိွသည္ႏွင့္ တစ္ၿပိဳင္နက္ တည္း ဆရာ၀န္ႏွင့္ ျပသသင့္သည္။

ယားယံျခင္းမွာ ဆီးခ်ဳိေရာဂါသည္မ်ားၾကား ႀကံဳေတြ႕ေနက် အေျခအေနတစ္ခုျဖစ္ေသာ္လည္း ျပင္းထန္ၿပီး ျပႆနာျဖစ္လာႏုိင္ သည္။ ဆီးခ်ဳိေရာဂါသည္မ်ားသည္ ေျခေထာက္ေအာက္ပုိင္းတြင္ ယားယံမႈျဖစ္ပြားေလ့ရိွသည္။ ယားယံျခင္းကို ထိန္းခ်ဳပ္ရန္ အ ေကာင္းဆံုးနည္းမွာ moisturizer ေခၚ အသားအေရစိုျပည္ေဆး လိမ္းရန္ျဖစ္ၿပီး ကုတ္ျခစ္ျခင္းမျပဳလုပ္သင့္ပါ။

အမ်ိဳးအစား-၂ ဆီးခ်ဳိေရာဂါေၾကာင့္ အသားအေရာင္ဆံုး႐ႈံး ျခင္းျဖစ္ႏုိင္ေၾကာင္း ပညာရွင္မ်ားက ေျပာသည္။ ယင္းအေျခအေန ႏွင့္ ႀကံဳေတြ႕ရပါက အေရျပားရိွ အသားအေရာင္ျဖစ္ေပၚေစေသာ ဆဲလ္မ်ား ပ်က္စီးသြားၿပီး ရင္ဘတ္ႏွင့္ မ်က္ႏွာတို႔တြင္ အျဖဴကြက္ မ်ား ထြက္လာႏုိင္သည္။ ယင္းအေျခအေနကုိ အလင္းကုထံုးျဖင့္ ကုသႏုိင္သည္။ ေနေရာင္ထဲသုိ႔ ထြက္မည္ဆုိပါက ေနေရာင္ဒဏ္ ခံလိမ္းေဆးအၿမဲအသံုးျပဳသင့္သည္။

ဆီးခ်ဳိေရာဂါသည္မ်ားသည္ လက္ေခ်ာင္းမ်ား၊ ေျခႏွင့္ လက္ တို႔တြင္ အရည္ၾကည္ဖုမ်ားထြက္ႏုိင္ေသာ္လည္း နာက်င္မႈ ခံစားရ ေလ့မရိွေပ။

ယင္းအရည္ၾကည္ဖုမ်ားသည္ သီတင္းတစ္ပတ္မွ ႏွစ္ပတ္အ တြင္း အလုိလုိေပ်ာက္သြားေလ့ရိွသည္။ သို႔ေသာ္ ျပႆနာႀကံဳပါက ဆရာ၀န္ႏွင့္ ခ်က္ခ်င္းျပသသင့္သည္။     


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဆီးချိုရောဂါသည် ယနေ့ခေတ်တွင် ကြုံတွေ့ရမှုများလာသော ရောဂါတစ်မျိုးဖြစ်သည်။ သကြားနှင့် အချိုထည့်ထားသောအစား အစာများကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွား သော အခြေအနေဆီသို့ ဦးတည်သွားသည်ဟု လူအများထင်မှတ် ထားသော်လည်း အမှန်တကယ်မှာ ကျန်းမာရေးနှင့် မညီသော လူနေမှုဘဝပုံစံသည် ဆီးချိုရောဂါဖြစ်ပွားမှုတွင် အဓိကကျသောအခန်း ကဏ္ဍမှပါဝင်နေသည်။ ဆီးချိုရောဂါသည် ခန္ဓာကိုယ်ကို ထိခိုက်စေခြင်းအပြင် အသားအရေကိုပါ ထိခိုက်နိုင်သည်ကို လူအများသတိ မပြုမိပေ။


ဆီးချိုရောဂါက အသားအရေအပေါ် ထိခိုက်နိုင်ပုံနှင့် ယင်း ပြဿနာကို တိုက်ဖျက်ရန် နည်းလမ်းများအား အရေပြားအထူးကု ဆရာဝန်ဒေါက်တာ ရိုဟစ်ဘာထရာက ရှင်းပြပေးထားသည်။

ဆီးချိုရောဂါကြောင့် ကြုံတွေ့ရလေ့ရှိသော အရေပြားရောဂါ အချို့တွင် မှိုရောဂါ၊ ယားယံခြင်း၊ အသားအရောင်ဆုံးရှုံးခြင်း၊ အရည်ကြည်ဖုထွက်ခြင်း၊ ပြည်တည်နာဖြစ်ခြင်းတို့ပါဝင်သည်။

ဆီးချိုရောဂါသည်များ မှိုရောဂါဖြစ်ပါက အရေပြားပေါ်တွင် အနီရောင်အင်ပျဉ်ကဲ့သို့ အကွက်များထွက်လာပြီး ယားယံ၍ နာကျင်လေ့ရှိသည်။ ယင်းလက္ခဏာကို စတင်သိရှိသည်နှင့် တစ်ပြိုင်နက် တည်း ဆရာဝန်နှင့် ပြသသင့်သည်။

ယားယံခြင်းမှာ ဆီးချိုရောဂါသည်များကြား ကြုံတွေ့နေကျ အခြေအနေတစ်ခုဖြစ်သော်လည်း ပြင်းထန်ပြီး ပြဿနာဖြစ်လာနိုင် သည်။ ဆီးချိုရောဂါသည်များသည် ခြေထောက်အောက်ပိုင်းတွင် ယားယံမှုဖြစ်ပွားလေ့ရှိသည်။ ယားယံခြင်းကို ထိန်းချုပ်ရန် အ ကောင်းဆုံးနည်းမှာ moisturizer ခေါ် အသားအရေစိုပြည်ဆေး လိမ်းရန်ဖြစ်ပြီး ကုတ်ခြစ်ခြင်းမပြုလုပ်သင့်ပါ။

အမျိုးအစား-၂ ဆီးချိုရောဂါကြောင့် အသားအရောင်ဆုံးရှုံး ခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောသည်။ ယင်းအခြေအနေ နှင့် ကြုံတွေ့ရပါက အရေပြားရှိ အသားအရောင်ဖြစ်ပေါ်စေသော ဆဲလ်များ ပျက်စီးသွားပြီး ရင်ဘတ်နှင့် မျက်နှာတို့တွင် အဖြူကွက် များ ထွက်လာနိုင်သည်။ ယင်းအခြေအနေကို အလင်းကုထုံးဖြင့် ကုသနိုင်သည်။ နေရောင်ထဲသို့ ထွက်မည်ဆိုပါက နေရောင်ဒဏ် ခံလိမ်းဆေးအမြဲအသုံးပြုသင့်သည်။

ဆီးချိုရောဂါသည်များသည် လက်ချောင်းများ၊ ခြေနှင့် လက် တို့တွင် အရည်ကြည်ဖုများထွက်နိုင်သော်လည်း နာကျင်မှု ခံစားရ လေ့မရှိပေ။

ယင်းအရည်ကြည်ဖုများသည် သီတင်းတစ်ပတ်မှ နှစ်ပတ်အ တွင်း အလိုလိုပျောက်သွားလေ့ရှိသည်။ သို့သော် ပြဿနာကြုံပါက ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။     


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top