Property Expo
×

CNN သတင္းဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၀ါရွင္တန္၊ တကိုမားက အသက္ ၂၄ႏွစ္အရြယ္ Ashlee Hutt နဲ႕ အသက္ ၂၅ႏွစ္အရြယ္ Mac Leroy McIver တုိ႕ဟာ ရင္ေသြးသံုးဦးကို ဘိန္းျဖဴ ထိုးေပးတဲ့အမႈနဲ႕ ဖမ္းဆီးခံလိုက္ရပါတယ္။ သူတုိ႕ႏွစ္ဦးစလံုးဟာ မူးယစ္ေဆး၀ါးနဲ႕ဘိန္းျဖဴသံုးစြဲေၾကာင္း ၀န္ခံခဲ့ေပမယ့္ ကေလးေတြကို ဘိန္းျဖဴထိုးေပးတာမ်ိဳး မလုပ္ခဲ့ဘူးလို႕ ျငင္းဆုိေနဆဲပါ။

သူတုိ႕ႏွစ္ဦးရဲ႕ အသက္၆ႏွစ္အရြယ္ သားျဖစ္သူကို သက္ဆုိင္ရာအရာရွိေတြက စစ္ေဆးေမးျမန္းတဲ့အခါမွာေတာ့ မိဘႏွစ္ဦးဟာ သူ႕ကိုေရာ အသက္ ၂ႏွစ္နဲ႕ ၄ႏွစ္အရြယ္ သူ႕ညီမေလးႏွစ္ဦးစလံုးကို ပါ ေရနဲ႕အျဖဴမႈန္႕ေတြ ေရာထားတဲ့ ေဆးေတြ ထိုးေပးေလ့ရွိတယ္လုိ႕ ဖြင့္ဟပါ တယ္။ အဲ့ဒီကေလးကထပ္ျပီး ဒီေဆးက အရမ္းေကာင္းတဲ့ေဆးလို႕ေတာင္ ေျပာျပသြားတဲ့အျပင္ ဒီေဆးထိုးေပးျပီးတဲ့အခါ သူတုိ႕ေတြအားလံုးဟာ အိပ္ေပ်ာ္သြားတတ္ၾကပါတယ္တဲ့။ တာ၀န္ရွိသူေတြကေတာ့ ဒီအမႈနဲ႕ပတ္သက္ျပီး အားလံုးကို ဆက္လက္စစ္ေဆးေနတယ္လို႕လည္း သိရပါတယ္။

မိဘႏွစ္ဦးဟာ ကေလးငယ္ေတြကို ေဆးထိုးေပးတာမ်ိဳး မရွိဘူးလို႕ ဘယ္လိုပဲျငင္းဆန္ေနပါေစ၊ ကေလးငယ္ေတြရဲ႕ လက္ေမာင္းေတြမွာ အျခစ္ရာ၊ ဒဏ္ရာေလးေတြ ေတြ႕ေနရပါတယ္။ ဒီဒဏ္ရာနဲ႕ျခစ္ရာေလးေတြ ကို ေသခ်ာစစ္ေဆးၾကည့္ေတာ့ ဒါဟာ အပ္ရာေလးေတြျဖစ္တယ္ဆုိတာ ပိုထင္ရွားသြားခဲ့ပါတယ္။ ခုစစ္ေဆးေနဆဲကာလမွာ ကေလးငယ္ေတြကို မိဘေတြနဲ႕အတူမထားပဲ လံုျခံဳစိတ္ခ်ရတဲ့ေနရာမွာ သပ္သပ္ခြဲထားတယ္လို႕ သိရပါတယ္။ သူတုိ႕ႏွစ္ဦးရဲ႕ အမႈကို ဆက္လက္စစ္ေဆးသြားဦးမွာျဖစ္တဲ့အျပင္ ျပစ္ဒဏ္စနစ္ကိုပါ ထပ္မံေဖာ္ျပသြားမယ္လို႕ တာ၀န္ရွိသူေတြက ဖြင့္ဟသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
CNN သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ဝါရှင်တန်၊ တကိုမားက အသက် ၂၄နှစ်အရွယ် Ashlee Hutt နဲ့ အသက် ၂၅နှစ်အရွယ် Mac Leroy McIver တို့ဟာ ရင်သွေးသုံးဦးကို ဘိန်းဖြူ ထိုးပေးတဲ့အမှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ မူးယစ်ဆေးဝါးနဲ့ဘိန်းဖြူသုံးစွဲကြောင်း ဝန်ခံခဲ့ပေမယ့် ကလေးတွေကို ဘိန်းဖြူထိုးပေးတာမျိုး မလုပ်ခဲ့ဘူးလို့ ငြင်းဆိုနေဆဲပါ။

သူတို့နှစ်ဦးရဲ့ အသက်၆နှစ်အရွယ် သားဖြစ်သူကို သက်ဆိုင်ရာအရာရှိတွေက စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ မိဘနှစ်ဦးဟာ သူ့ကိုရော အသက် ၂နှစ်နဲ့ ၄နှစ်အရွယ် သူ့ညီမလေးနှစ်ဦးစလုံးကို ပါ ရေနဲ့အဖြူမှုန့်တွေ ရောထားတဲ့ ဆေးတွေ ထိုးပေးလေ့ရှိတယ်လို့ ဖွင့်ဟပါ တယ်။ အဲ့ဒီကလေးကထပ်ပြီး ဒီဆေးက အရမ်းကောင်းတဲ့ဆေးလို့တောင် ပြောပြသွားတဲ့အပြင် ဒီဆေးထိုးပေးပြီးတဲ့အခါ သူတို့တွေအားလုံးဟာ အိပ်ပျော်သွားတတ်ကြပါတယ်တဲ့။ တာဝန်ရှိသူတွေကတော့ ဒီအမှုနဲ့ပတ်သက်ပြီး အားလုံးကို ဆက်လက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

မိဘနှစ်ဦးဟာ ကလေးငယ်တွေကို ဆေးထိုးပေးတာမျိုး မရှိဘူးလို့ ဘယ်လိုပဲငြင်းဆန်နေပါစေ၊ ကလေးငယ်တွေရဲ့ လက်မောင်းတွေမှာ အခြစ်ရာ၊ ဒဏ်ရာလေးတွေ တွေ့နေရပါတယ်။ ဒီဒဏ်ရာနဲ့ခြစ်ရာလေးတွေ ကို သေချာစစ်ဆေးကြည့်တော့ ဒါဟာ အပ်ရာလေးတွေဖြစ်တယ်ဆိုတာ ပိုထင်ရှားသွားခဲ့ပါတယ်။ ခုစစ်ဆေးနေဆဲကာလမှာ ကလေးငယ်တွေကို မိဘတွေနဲ့အတူမထားပဲ လုံခြုံစိတ်ချရတဲ့နေရာမှာ သပ်သပ်ခွဲထားတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ အမှုကို ဆက်လက်စစ်ဆေးသွားဦးမှာဖြစ်တဲ့အပြင် ပြစ်ဒဏ်စနစ်ကိုပါ ထပ်မံဖော်ပြသွားမယ်လို့ တာဝန်ရှိသူတွေက ဖွင့်ဟသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top