Kantharyar Centre
×

ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္၏ ေကာ့မွဴးမဲဆႏၵနယ္အတြက္ သီး ျခားအစီအစဥ္မရွိဘဲ အျခားမဲဆႏၵ နယ္မ်ားနည္းတူသာျဖစ္ေၾကာင္း ဒီခ်ဳပ္ထိပ္ပိုင္းေခါင္းေဆာင္ ဦး ဉာဏ္ဝင္းက ေျပာသည္။

‘‘ေကာ့မွဴးအတြက္ရယ္လို႔ ေတာ့ သီးျခားမရွိပါဘူး။ လစ္လပ္ မဲဆႏၵနယ္အားလံုးအတြက္ ကိုယ္ စားလွယ္ေလာင္းေရြးခ်ယ္ေရးမူ က အတူတူပါပဲ’’ဟု အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟိုအလုပ္ အမႈေဆာင္အတြင္းေရးမွဴးအဖြဲ႕ ဝင္ဦးဉာဏ္ဝင္းက ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ သည္ ၂၀၁၂ ၾကားျဖတ္ေရြး ေကာက္ပြဲႏွင့္ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲတို႔တြင္ ရန္ကုန္ တိုင္းေဒသႀကီးရွိ ေကာ့မွဴးၿမိဳ႕နယ္  ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ အႏုိင္ရခဲ့သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္၏ၾကားျဖတ္ေရြးေကာက္ပြဲ အတြက္ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္သည့္မူမွာ ျပည္သူ႔လႊတ္ ေတာ္၊ တိုင္းေဒသႀကီးျပည္နယ္ လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ ေတာ္တို႔ကို ခြဲျခားထားေၾကာင္း ဦးဉာဏ္ဝင္းက ရွင္းျပသည္။

ျပည္သူ႔လႊတ္ေတာ္ႏွင့္တုိင္း ေဒသႀကီးျပည္နယ္လႊတ္ေတာ္ မ်ားအတြက္ ေရြးခ်ယ္ခံလိုသူမ်ား သည္ သက္ဆုိင္ရာၿမိဳ႕နယ္အဆင့္ တြင္ တင္ျပရမည္ျဖစ္သည္။ ၿမိဳ႕ နယ္အဆင့္က သံုးဦးေရြးခ်ယ္ခြင့္ ရွိၿပီး ခ႐ိုင္အဆင့္သို႔ ဆက္လက္ တင္ပို႔ရမည္ျဖစ္သည္။ ခ႐ိုင္အ ဆင့္ကလည္း တင္ျပလာသည့္ သံုးဦးစာရင္းကို ဦးစားေပးအဆင့္ အတန္းခြဲျခားႏိုင္သည္။ သို႔ေသာ္ အသစ္တိုး၍ မရေပ။ ခ႐ိုင္က တိုင္းႏွင့္ျပည္နယ္အဆင့္သို႔ ဆက္ လက္တင္ျပရမည္ျဖစ္ၿပီး တိုင္း ႏွင့္ျပည္နယ္အဆင့္က အမွတ္စဥ္ တပ္ျပဳစုကာ ဗဟိုသို႔ဆက္လက္ တင္ျပရမည္ျဖစ္သည္။ တင္ျပ သည့္အထဲမွ ဗဟိုက ဝင္ေရာက္ယွဥ္ၿပိဳင္ေစမည့္ ကိုယ္စားလွယ္ ေလာင္းကို ေရြးခ်ယ္သြားမည္ျဖစ္ သည္။

အမ်ိဳးသား လႊတ္ေတာ္အ တြက္ ဝင္ေရာက္ေရြးခ်ယ္ခံလိုသူ မွာမူ တိုင္းႏွင့္ျပည္နယ္အဆင့္မွ စ၍ တင္ျပရမည္ျဖစ္သည္။ တိုင္း ႏွင့္ျပည္နယ္အဆင့္က သံုးဦးေရြး ခ်ယ္ခြင့္ရွိၿပီး ဗဟိုအဆင့္သို႔ ဆက္လက္တင္ပို႔ရမည္ျဖစ္ကာ ဗဟိုက ေရြးခ်ယ္မည္ျဖစ္သည္။

‘‘အဲဒီသံုးေယာက္ထဲက တစ္ ေယာက္မွ ေရြးမရရင္ေတာ့ တစ္ မ်ိဳးျဖစ္မွာေပါ့’’ဟု ဦးဉာဏ္ဝင္းက ဆက္လက္ေျပာသည္။

လာမည့္ ၾကားျဖတ္ေရြး ေကာက္ပြဲအတြက္ ေအာက္ေျခမွ တင္ျပလာသည့္ကိုယ္စားလွယ္ မ်ားကို အားရေက်နပ္မႈမရွိပါက အေပၚပိုင္းမွ (ဗဟိုမွ) ကိုယ္စား လွယ္ေရြးခ်ယ္ေပးမည္ဟု အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမွဴး အဖြဲ႕၀င္ ဦးဝင္းထိန္က ေျပာၾကား သည္။

၂၀၁၇ ၾကားျဖတ္ ေရြး ေကာက္ပြဲကို ဧၿပီ ၁ ရက္တြင္ လစ္လပ္မဲဆႏၵနယ္ ၁၉ ခု၌ က်င္း ပမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကြားဖြတ်ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမဲဆန္ဒနယ်အတွက် သီး ခြားအစီအစဉ်မရှိဘဲ အခြားမဲဆန္ဒ နယ်များနည်းတူသာဖြစ်ကြောင်း ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦး ဉာဏ်ဝင်းက ပြောသည်။

‘‘ကော့မှူးအတွက်ရယ်လို့ တော့ သီးခြားမရှိပါဘူး။ လစ်လပ် မဲဆန္ဒနယ်အားလုံးအတွက် ကိုယ် စားလှယ်လောင်းရွေးချယ်ရေးမူ က အတူတူပါပဲ’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှုဆောင်အတွင်းရေးမှူးအဖွဲ့ ဝင်ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် ရန်ကုန် တိုင်းဒေသကြီးရှိ ကော့မှူးမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်သည့်မူမှာ ပြည်သူ့လွှတ် တော်၊ တိုင်းဒေသကြီးပြည်နယ် လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့ကို ခွဲခြားထားကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ပြည်သူ့လွှတ်တော်နှင့်တိုင်း ဒေသကြီးပြည်နယ်လွှတ်တော် များအတွက် ရွေးချယ်ခံလိုသူများ သည် သက်ဆိုင်ရာမြို့နယ်အဆင့် တွင် တင်ပြရမည်ဖြစ်သည်။ မြို့ နယ်အဆင့်က သုံးဦးရွေးချယ်ခွင့် ရှိပြီး ခရိုင်အဆင့်သို့ ဆက်လက် တင်ပို့ရမည်ဖြစ်သည်။ ခရိုင်အ ဆင့်ကလည်း တင်ပြလာသည့် သုံးဦးစာရင်းကို ဦးစားပေးအဆင့် အတန်းခွဲခြားနိုင်သည်။ သို့သော် အသစ်တိုး၍ မရပေ။ ခရိုင်က တိုင်းနှင့်ပြည်နယ်အဆင့်သို့ ဆက် လက်တင်ပြရမည်ဖြစ်ပြီး တိုင်း နှင့်ပြည်နယ်အဆင့်က အမှတ်စဉ် တပ်ပြုစုကာ ဗဟိုသို့ဆက်လက် တင်ပြရမည်ဖြစ်သည်။ တင်ပြ သည့်အထဲမှ ဗဟိုက ဝင်ရောက်ယှဉ်ပြိုင်စေမည့် ကိုယ်စားလှယ် လောင်းကို ရွေးချယ်သွားမည်ဖြစ် သည်။

အမျိုးသား လွှတ်တော်အ တွက် ဝင်ရောက်ရွေးချယ်ခံလိုသူ မှာမူ တိုင်းနှင့်ပြည်နယ်အဆင့်မှ စ၍ တင်ပြရမည်ဖြစ်သည်။ တိုင်း နှင့်ပြည်နယ်အဆင့်က သုံးဦးရွေး ချယ်ခွင့်ရှိပြီး ဗဟိုအဆင့်သို့ ဆက်လက်တင်ပို့ရမည်ဖြစ်ကာ ဗဟိုက ရွေးချယ်မည်ဖြစ်သည်။

‘‘အဲဒီသုံးယောက်ထဲက တစ် ယောက်မှ ရွေးမရရင်တော့ တစ် မျိုးဖြစ်မှာပေါ့’’ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက် အောက်ခြေမှ တင်ပြလာသည့်ကိုယ်စားလှယ် များကို အားရကျေနပ်မှုမရှိပါက အပေါ်ပိုင်းမှ (ဗဟိုမှ) ကိုယ်စား လှယ်ရွေးချယ်ပေးမည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြား သည်။

၂၀၁၇ ကြားဖြတ် ရွေး ကောက်ပွဲကို ဧပြီ ၁ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၉ ခု၌ ကျင်း ပမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top