Property Expo
×

 သက္ငယ္မုဒိမ္း က်ဴးလြန္သူမ်ားကို အနည္းဆံုး ေထာင္ဒဏ္ ၁၀ ႏွစ္မွ တစ္သက္ တစ္ကၽြန္းအထိ ျပစ္ဒဏ္ခ်မွတ္ႏုိင္ ရန္ ဥပေဒျပင္ဆင္လ်က္ရွိေၾကာင္း လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအးက အ မ်ိဳးသားလႊတ္ေတာ္၌ ႏုိ၀င္ဘာ ၂၈ ရက္တြင္ ေျပာၾကားသည္။

ယင္းသို႔ ခ်မွတ္ႏုိင္ရန္ ျပည္ ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးသို႔လည္း သေဘာထားမွတ္ခ်က္ ေတာင္းခံ ထားေၾကာင္း ၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအးက ေျပာၾကားသည္။

‘‘အျမင့္ဆံုး ျပစ္ဒဏ္အထိ ခ်မွတ္ႏုိင္ဖု႔ိ စီစဥ္ထားတယ္လို႔ ေရွ႕ေနခ်ဳပ္႐ံုးကလည္း ျပန္လည္ အေၾကာင္းျပန္ထားပါတယ္’’ ဟု ျပည္ေထာင္စု ၀န္ႀကီးက ေျပာ ၾကားသည္။

၁၉၉၃ တြင္ ျပ႒ာန္းခဲ့သည့္ ကေလးသူငယ္ဆုိင္ရာ ဥပေဒ၌ သက္ငယ္မုဒိမ္းမႈႏွင့္ ပတ္သက္၍  ျပစ္မႈျပစ္ဒဏ္ကုိ သီးျခား ျပ႒ာန္းထားျခင္းမရွိေပ။ သို႔ျဖစ္ ရာ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူ မ်ားကို ျပစ္မႈဆုိင္ရာ က်င့္ထံုး ဥပေဒအရ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္သာ ျပစ္ဒဏ္ခ်ေနျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ ကေလးသူငယ္ အခြင့္အေရးဆုိင္ရာ ဥပေဒကို ၀န္ႀကီးဌာနက ျပင္ဆင္ရာတြင္ သက္ငယ္မုဒိမ္းက်ဴးလြန္သူ မည္ သူ႔ကိုမဆို အနည္းဆံုး ေထာင္ ဒဏ္ ၁၀ ႏွစ္မွ တစ္သက္တစ္ကၽြန္း အျပင္ ေငြဒဏ္ပါ ခ်မွတ္ႏုိင္ရန္ ျပင္ဆင္ထားျခင္းျဖစ္သည္ဟု ဆုိ သည္။ ကေလးသူငယ္မ်ား က်ဴး လြန္ခံရသည့္ အမႈမ်ားတြင္ မုဒိမ္း မႈသည္ အမ်ားဆံုးျဖစ္ၿပီး လူသတ္ မႈသည္ ဒုတိယ အမ်ားဆံုးျဖစ္ ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန  စာရင္းဇယားမ်ားကို ကိုးကား၍ ၀န္ႀကီးက လႊတ္ေတာ္တြင္ ေျပာ ၾကားခဲ့သည္။

လက္ရွိတြင္ သက္ငယ္မုဒိမ္း မႈက်ဴးလြန္သူမ်ားကို ေသဒဏ္ ေပးရန္ ရန္ကုန္၊ မႏၲေလးအပါအ ၀င္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ ေတာင္းဆို ဆႏၵျပ လႈပ္ရွားမႈမ်ား ျမင့္တက္ လ်က္ရွိသည္။ ရန္ကုန္ၿမိဳ႕တြင္ႏုိ၀င္ ဘာ ၂၈ ရက္က ျပဳလုပ္ေသာ သက္ငယ္ မုဒိမ္းမႈမ်ား ေသဒဏ္ ေပးရန္ လႈပ္ရွားမႈ၌ တက္ေရာက္ လာသည့္ တရားလႊတ္ေတာ္ေရွ႕ ေန ဦးေရာဘတ္စန္းေအာင္က ရဲစခန္းမ်ား ေပါ့ေလ်ာ့မႈမ်ားေနသ ျဖင့္ မုဒိမ္းမႈမ်ား မ်ားျပားေနျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သကဲ့သုိ႔ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ ေတာ္ ကိုယ္စားလွယ္ ဦးညီညီကလည္း ၎၏ မဲဆႏၵနယ္တြင္ ျဖစ္ပြားသည့္ အစ္ကို အရင္းက ညီမအရင္းကို လိင္ပိုင္း ဆုိင္ရာ ေစာ္ကားမႈတြင္လည္း ရဲဌာနမွ ပုဂၢိဳလ္မ်ား တာ၀န္မေက်ေၾကာင္း ႏွင့္ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့ျခင္း ေၾကာင့္သာ အမႈဖြင့္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

‘‘ေသဒဏ္ေပးဖို႔၊ မေပးဖို႔က ေတာ့ အားလံုးေဆြးေႏြးတိုင္ပင္ရ မယ့္ ကိစၥျဖစ္ပါတယ္’’ဟု ၀န္ႀကီး က ေျပာသည္။

သက္ငယ္မုဒိမ္းမႈမ်ား ေလ်ာ့ နည္းပေပ်ာက္ေရးႏွင့္ မိဘမ်ားက ကေလးငယ္မ်ားကို ပုိမိုဂ႐ုစိုက္ လာေစရန္ ‘သက္ငယ္မု ဒိမ္းမႈမ်ား ေလ်ာ့နည္းပေပ်ာက္ေရး လူတိုင္း ပါ၀င္ကူညီေပး’ အမည္ျဖင့္ ပို စတာကမ္ပိန္းကို မႏၲေလးၿမိဳ႕၌ ျပဳလုပ္သည့္ေန႔ပင္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ဘူတာ ႀကီးအနီးရွိ သံလမ္းေဘး က်ဴး ေက်ာ္တဲေန အသက္ (၇)ႏွစ္ႏွင့္ (၄)ႏွစ္အရြယ္ ေမာင္ႏွမႏွစ္ဦးကို အသက္ (၄၀) အရြယ္ အမ်ိဳးသား က အဓမၼျပဳက်င့္ခဲ့သည္ဆုိကာ ဖမ္းဆီးအမႈဖြင့္မႈ ျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

 သက်ငယ်မုဒိမ်း ကျူးလွန်သူများကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက် တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင် ရန် ဥပဒေပြင်ဆင်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အ မျိုးသားလွှတ်တော်၌ နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ယင်းသို့ ချမှတ်နိုင်ရန် ပြည် ထောင်စုရှေ့နေချုပ်ရုံးသို့လည်း သဘောထားမှတ်ချက် တောင်းခံ ထားကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

‘‘အမြင့်ဆုံး ပြစ်ဒဏ်အထိ ချမှတ်နိုင်ဖု့ိ စီစဉ်ထားတယ်လို့ ရှေ့နေချုပ်ရုံးကလည်း ပြန်လည် အကြောင်းပြန်ထားပါတယ်’’ ဟု ပြည်ထောင်စု ဝန်ကြီးက ပြော ကြားသည်။

၁၉၉၃ တွင် ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေ၌ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍  ပြစ်မှုပြစ်ဒဏ်ကို သီးခြား ပြဋ္ဌာန်းထားခြင်းမရှိပေ။ သို့ဖြစ် ရာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူ များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်သာ ပြစ်ဒဏ်ချနေခြင်း ဖြစ်သည်။

ထို့ကြောင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ဝန်ကြီးဌာနက ပြင်ဆင်ရာတွင် သက်ငယ်မုဒိမ်းကျူးလွန်သူ မည် သူ့ကိုမဆို အနည်းဆုံး ထောင် ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဆို သည်။ ကလေးသူငယ်များ ကျူး လွန်ခံရသည့် အမှုများတွင် မုဒိမ်း မှုသည် အများဆုံးဖြစ်ပြီး လူသတ် မှုသည် ဒုတိယ အများဆုံးဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန  စာရင်းဇယားများကို ကိုးကား၍ ဝန်ကြီးက လွှတ်တော်တွင် ပြော ကြားခဲ့သည်။

လက်ရှိတွင် သက်ငယ်မုဒိမ်း မှုကျူးလွန်သူများကို သေဒဏ် ပေးရန် ရန်ကုန်၊ မန္တလေးအပါအ ဝင် မြို့ကြီးအချို့တွင် တောင်းဆို ဆန္ဒပြ လှုပ်ရှားမှုများ မြင့်တက် လျက်ရှိသည်။ ရန်ကုန်မြို့တွင်နိုဝင် ဘာ ၂၈ ရက်က ပြုလုပ်သော သက်ငယ် မုဒိမ်းမှုများ သေဒဏ် ပေးရန် လှုပ်ရှားမှု၌ တက်ရောက် လာသည့် တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ရဲစခန်းများ ပေါ့လျော့မှုများနေသ ဖြင့် မုဒိမ်းမှုများ များပြားနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးညီညီကလည်း ၎င်း၏ မဲဆန္ဒနယ်တွင် ဖြစ်ပွားသည့် အစ်ကို အရင်းက ညီမအရင်းကို လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွင်လည်း ရဲဌာနမှ ပုဂ္ဂိုလ်များ တာဝန်မကျေကြောင်း နှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်း ကြောင့်သာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘သေဒဏ်ပေးဖို့၊ မပေးဖို့က တော့ အားလုံးဆွေးနွေးတိုင်ပင်ရ မယ့် ကိစ္စဖြစ်ပါတယ်’’ဟု ဝန်ကြီး က ပြောသည်။

သက်ငယ်မုဒိမ်းမှုများ လျော့ နည်းပပျောက်ရေးနှင့် မိဘများက ကလေးငယ်များကို ပိုမိုဂရုစိုက် လာစေရန် ‘သက်ငယ်မု ဒိမ်းမှုများ လျော့နည်းပပျောက်ရေး လူတိုင်း ပါဝင်ကူညီပေး’ အမည်ဖြင့် ပို စတာကမ်ပိန်းကို မန္တလေးမြို့၌ ပြုလုပ်သည့်နေ့ပင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဘူတာ ကြီးအနီးရှိ သံလမ်းဘေး ကျူး ကျော်တဲနေ အသက် (၇)နှစ်နှင့် (၄)နှစ်အရွယ် မောင်နှမနှစ်ဦးကို အသက် (၄၀) အရွယ် အမျိုးသား က အဓမ္မပြုကျင့်ခဲ့သည်ဆိုကာ ဖမ်းဆီးအမှုဖွင့်မှု ဖြစ်ပွားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top