Kantharyar Centre
×

ခတ္သစ္ဘ၀ပံုစံ၏ ဖိအားမ်ားက ကြၽန္ေတာ္တုိ႔၏ က်န္းမာ ေရးအေပၚ ထိခိုက္ေစႏုိင္ေသာ္လည္း ကြၽန္ေတာ္တုိ႔သည္ အလုပ္ပုိ လုပ္လာၿပီး အိပ္စက္ခ်ိန္နည္းပါးလာသည္။

သက္လတ္ပုိင္းတြင္ အလုပ္ႏွင့္ဘ၀ ဟန္ခ်က္ညီမႈ မေကာင္းေသာေၾကာင့္ ေနာင္ဆယ္စုႏွစ္မ်ားအၾကာ၌ က်န္းမာေရးဆုိးက်ိဳး မ်ား ျဖစ္ေပၚလာႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပ သည္။


အလုပ္ခ်ိန္နာရီရွည္ၾကာလြန္းေသာေၾကာင့္ လူတစ္ေယာက္၏ က်န္းမာေရးကို ဆုိးရြားစြာ ထိခိုက္ေစႏုိင္ေၾကာင္း ေလ့လာမႈအမ်ား အျပားက ေဖာ္ျပထားကာ ႏွလံုးေသြးေၾကာမ်ားႏွင့္ စိတ္က်န္းမာေရး တို႔ကုိ ထိခုိက္ေစႏိုင္သည္။

အလုပ္သမားမ်ား ပုိမုိထိန္းခ်ဳပ္ႏုိင္ေသာ အလုပ္ခ်ိန္ႏွင့္ အခ်ိန္ စာရင္းတုိ႔ရိွပါက က်န္းမာေရးအေပၚ ေကာင္းမြန္ေသာ သက္ေရာက္ မႈမ်ားျဖစ္ေစႏုိင္သည္။

သုိ႔ေသာ္ လူအမ်ားသည္ အိပ္စက္ခ်ိန္ နည္းပါးေနဆဲျဖစ္ၿပီး အလုပ္ႏွင့္ဘ၀ ဟန္ခ်က္ညီမႈ နည္းပါးေနဆဲျဖစ္သည္။

၁၉၁၀ ျပည့္၀န္းက်င္က လူတစ္ေယာက္၏ သာမန္အိပ္စက္ခ်ိန္သည္ တစ္ေန႔လွ်င္ ပ်မ္းမွ်ကုိးနာရီရိွခဲ့ေသာ္လည္း ယေန႔ေခတ္တြင္ လူတစ္ေယာက္၏ အိပ္ခ်ိန္သည္ ခုနစ္နာရီ၀န္းက်င္သုိ႔ ေလ်ာ့က်သြားခဲ့သည္။

ယင္းကဲ့သုိ႔ အလုပ္၏ ဖိအားမ်ားႀကံဳရၿပီး ေကာင္းစြာေနထိုင္ ျခင္းမရိွေသာေၾကာင့္ ေလျဖတ္ျခင္း၊ ႏွလံုးေသြးေၾကာဆုိင္ရာေရာ ဂါ၊ စိတ္ပုိင္းဆုိင္ရာျပႆနာမ်ား၊ စိုးရိမ္စိတ္ႀကီးျခင္းႏွင့္ စိတ္ဓာတ္ က်ျခင္းတုိ႔ျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မားသည္။

သီတင္းတစ္ပတ္တြင္ အလုပ္ ၅၅ နာရီႏွင့္ အထက္လုပ္ကုိင္သူ မ်ားသည့္ သာမန္အခ်ိန္အတုိင္း အလုပ္လုပ္သူမ်ားထက္ ေလျဖတ္ ႏုိင္သည့္ အႏၲရာယ္၁ ဒသမ ၃ ဆပိုမ်ားေၾကာင္း ေလ့လာမႈအခ်ိဳ႕က ေဖာ္ျပသည္။

အလုပ္ခ်ိန္ရွည္ၾကာျခင္းေၾကာင့္ စုိးရိမ္စိတ္ႀကီးျခင္း၊ စိတ္ဓာတ္က်ျခင္းတို႔ ျဖစ္လာႏုိင္သည္။

အိပ္ေရးပ်က္ျခင္းေၾကာင့္ ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါ ျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မားၿပီး ေသဆံုးႏုိင္သည့္ အႏၲရာယ္လည္း ျမင့္မားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ခတ်သစ်ဘဝပုံစံ၏ ဖိအားများက ကျွန်တော်တို့၏ ကျန်းမာ ရေးအပေါ် ထိခိုက်စေနိုင်သော်လည်း ကျွန်တော်တို့သည် အလုပ်ပို လုပ်လာပြီး အိပ်စက်ချိန်နည်းပါးလာသည်။

သက်လတ်ပိုင်းတွင် အလုပ်နှင့်ဘ၀ ဟန်ချက်ညီမှု မကောင်းသောကြောင့် နောင်ဆယ်စုနှစ်များအကြာ၌ ကျန်းမာရေးဆိုးကျိုး များ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြ သည်။


အလုပ်ချိန်နာရီရှည်ကြာလွန်းသောကြောင့် လူတစ်ယောက်၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း လေ့လာမှုအများ အပြားက ဖော်ပြထားကာ နှလုံးသွေးကြောများနှင့် စိတ်ကျန်းမာရေး တို့ကို ထိခိုက်စေနိုင်သည်။

အလုပ်သမားများ ပိုမိုထိန်းချုပ်နိုင်သော အလုပ်ချိန်နှင့် အချိန် စာရင်းတို့ရှိပါက ကျန်းမာရေးအပေါ် ကောင်းမွန်သော သက်ရောက် မှုများဖြစ်စေနိုင်သည်။

သို့သော် လူအများသည် အိပ်စက်ချိန် နည်းပါးနေဆဲဖြစ်ပြီး အလုပ်နှင့်ဘ၀ ဟန်ချက်ညီမှု နည်းပါးနေဆဲဖြစ်သည်။

၁၉၁၀ ပြည့်ဝန်းကျင်က လူတစ်ယောက်၏ သာမန်အိပ်စက်ချိန်သည် တစ်နေ့လျှင် ပျမ်းမျှကိုးနာရီရှိခဲ့သော်လည်း ယနေ့ခေတ်တွင် လူတစ်ယောက်၏ အိပ်ချိန်သည် ခုနစ်နာရီဝန်းကျင်သို့ လျော့ကျသွားခဲ့သည်။

ယင်းကဲ့သို့ အလုပ်၏ ဖိအားများကြုံရပြီး ကောင်းစွာနေထိုင် ခြင်းမရှိသောကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရော ဂါ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ စိုးရိမ်စိတ်ကြီးခြင်းနှင့် စိတ်ဓာတ် ကျခြင်းတို့ဖြစ်နိုင်သည့် အန္တရာယ်မြင့်မားသည်။

သီတင်းတစ်ပတ်တွင် အလုပ် ၅၅ နာရီနှင့် အထက်လုပ်ကိုင်သူ များသည့် သာမန်အချိန်အတိုင်း အလုပ်လုပ်သူများထက် လေဖြတ် နိုင်သည့် အန္တရာယ်၁ ဒသမ ၃ ဆပိုများကြောင်း လေ့လာမှုအချို့က ဖော်ပြသည်။

အလုပ်ချိန်ရှည်ကြာခြင်းကြောင့် စိုးရိမ်စိတ်ကြီးခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်လာနိုင်သည်။

အိပ်ရေးပျက်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်သည့် အန္တရာယ်မြင့်မားပြီး သေဆုံးနိုင်သည့် အန္တရာယ်လည်း မြင့်မားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top