Property Expo
×

 ကမၻာ့နံပါတ္ (၁) ေနရာ ေရာက္ရိွေရး တုိက္ပြဲ၀င္ၿပီး ခက္ ခဲေသာပြဲမ်ား ကစားခဲ့ရေသာ ၿဗိတိန္တင္းနစ္သမား အန္ဒီမာ ေရးသည္ ပါရီမာစတာၿပိဳင္ပြဲ အႀကိဳဗိုလ္လုပဲြ၌ ၿပိဳင္ဘက္ မီေလာ့စ္ရာအိုနစ္ေျခေထာက္ ဒဏ္ရာျဖင့္ ႏုတ္ထြက္သြားသျဖင့္ ေဘာလံုးတစ္လံုးပင္ မ႐ုိက္လုိက္ ရဘဲ ကမၻာ့အဆင့္ (၁)  တင္းနစ္ သမားျဖစ္လာသည္။


‘‘ကြၽန္ေတာ္ကမၻာ့နံပါတ္ တစ္ျဖစ္လာလိမ့္မယ္လို႔ ဘယ္ တုန္းကမွ မထင္မွတ္ခဲ့ပါဘူး။ ဘယ္တုန္းကမွလည္း စိတ္မကူး ခဲ့ပါဘူး’’ဟု မာေရးက သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ကေနဒါတင္းနစ္သမား ရာအိုနစ္က ၎၏ဒဏ္ရာအ ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ သည္။ ယမန္ေန႔က ဆြန္ဂါႏွင့္ ပြဲ ပထမပဲြငယ္တြင္ ညာဘက္ေျခ ေထာက္ စတင္နာက်င္ခဲ့ၿပီး ေနာက္ ဓာတ္မွန္႐ုိက္ၾကည့္ရာ ညာဘက္ဒူးအထက္ ႂကြက္သားစုတ္ၿပဲေနျခင္းကုိ ေတြ႕ရိွခဲ့သည္ဟု ေျပာသည္။

၂၀၁၄ ဇူလုိင္ကတည္းက ကမၻာ့နံပါတ္ (၁) ျဖစ္ခဲ့ေသာ ဂ်ဳိ ကုိဗစ္သည္ ပါရီမာစတာၿပိဳင္ပြဲ ကြာတားဖုိင္နယ္တြင္ မာရင္း၀ီ လစ္ကုိ ႐ႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲမွ ထြက္ ခဲ့ရၿပီးေနာက္ ကမၻာ့နံပါတ္ (၁) ေနရာကို လက္လႊတ္ခဲ့ရသည္။

သုိ႔ေသာ္ ၀ီလစ္က အႀကိဳ ဗိုလ္လုပြဲတြင္ အေမရိကန္မွ ဂ်န္ အစ္စနာကုိ ႐ႈံးနိမ့္ခဲ့သည္။ထုိ ေၾကာင့္ ဗုိလ္လုပြဲတြင္ အစ္စနာ ႏွင့္ အန္ဒီမာေရးတုိ႔ ရင္ဆုိင္ေတြ႕ မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

 ကမ္ဘာ့နံပါတ် (၁) နေရာ ရောက်ရှိရေး တိုက်ပွဲဝင်ပြီး ခက် ခဲသောပွဲများ ကစားခဲ့ရသော ဗြိတိန်တင်းနစ်သမား အန်ဒီမာ ရေးသည် ပါရီမာစတာပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၌ ပြိုင်ဘက် မီလော့စ်ရာအိုနစ်ခြေထောက် ဒဏ်ရာဖြင့် နုတ်ထွက်သွားသဖြင့် ဘောလုံးတစ်လုံးပင် မရိုက်လိုက် ရဘဲ ကမ္ဘာ့အဆင့် (၁)  တင်းနစ် သမားဖြစ်လာသည်။


‘‘ကျွန်တော်ကမ္ဘာ့နံပါတ် တစ်ဖြစ်လာလိမ့်မယ်လို့ ဘယ် တုန်းကမှ မထင်မှတ်ခဲ့ပါဘူး။ ဘယ်တုန်းကမှလည်း စိတ်မကူး ခဲ့ပါဘူး’’ဟု မာရေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကနေဒါတင်းနစ်သမား ရာအိုနစ်က ၎င်း၏ဒဏ်ရာအ ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ယမန်နေ့က ဆွန်ဂါနှင့် ပွဲ ပထမပွဲငယ်တွင် ညာဘက်ခြေ ထောက် စတင်နာကျင်ခဲ့ပြီး နောက် ဓာတ်မှန်ရိုက်ကြည့်ရာ ညာဘက်ဒူးအထက် ကြွက်သားစုတ်ပြဲနေခြင်းကို တွေ့ရှိခဲ့သည်ဟု ပြောသည်။

၂၀၁၄ ဇူလိုင်ကတည်းက ကမ္ဘာ့နံပါတ် (၁) ဖြစ်ခဲ့သော ဂျို ကိုဗစ်သည် ပါရီမာစတာပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် မာရင်းဝီ လစ်ကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက် ခဲ့ရပြီးနောက် ကမ္ဘာ့နံပါတ် (၁) နေရာကို လက်လွှတ်ခဲ့ရသည်။

သို့သော် ဝီလစ်က အကြို ဗိုလ်လုပွဲတွင် အမေရိကန်မှ ဂျန် အစ်စနာကို ရှုံးနိမ့်ခဲ့သည်။ထို ကြောင့် ဗိုလ်လုပွဲတွင် အစ်စနာ နှင့် အန်ဒီမာရေးတို့ ရင်ဆိုင်တွေ့ မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top