iGREEN Promotion Singapore
×

ကေလးေမြးဖြားမႈႏႈန္း က်ဆင္းေနတဲ့ အီတလီႏုိင္ငံမွ ဟိုတယ္အုပ္စုတစ္ခုရဲ႕ လႈံ႕ေဆာ္မႈအစီအစဥ္က စုံတြဲေတြၾကား ေျပာစမွတ္ျဖစ္ခဲ့တယ္လုိ႕ဆုိပါတယ္။ အီတလီႏုိင္ငံ အမ္ဘရီယာေဒသ ေတာင္တန္းမ်ားထူထပ္ရာ အက္စ္ဆီဆီၿမဳိ႕႐ွိ ဟိုတယ္ ၁၀ ခု ပူးေပါင္းကာ ကေလးေမြးဖြားမႈႏႈန္း ျမင့္တက္ေရးလႈပ္႐ွားမႈအျဖစ္ လာေရာက္တည္းခုိးတဲ့ စုံတြဲေတြအတြက္ အစီအစဥ္တစ္ခု ကမ္းလွမ္းခဲ့ၾကပါတယ္။

'Fertility Room' လုိ႕ အမည္ေပးထားတဲ့ အဆုိပါ အစီအစဥ္အရ စုံတြဲတစ္တြဲဟာ ဟိုတယ္မွာ တည္းခိုေနစဥ္ ကုိယ္ဝန္ရခဲ့ပါက အဆုိပါ စုံတြဲကုိ ေနာက္တစ္ႀကိမ္ အခမဲ့ တည္းခုိခြင့္ေပးမွာ ျဖစ္ပါတယ္။ စုံတြဲအေနနဲ႕ ဟုိတယ္မွာတည္းခုိစဥ္ ကုိယ္ဝန္ရခဲ့ေၾကာင္းကုိေတာ့ သက္ေသျပရမယ္မယ္လို႕ ဆုိပါတယ္။

စုံတြဲတစ္တြဲအေနနဲ႕ ဟုိတယ္မွာ ပထမအႀကိမ္ တည္းခုိၿပီးေနာက္၊ ေနာက္တစ္ႀကိမ္မွာ ၉ လအ႐ြယ္ ၎တုိ႕ရဲ႕ သားသမီးကုိ ေမြးစာရင္းနဲ႕အတူ သက္ေသျပႏုိင္ရမွာ ျဖစ္ပါတယ္။ ေဒသခံ ခရီးသြားလာမႈဆုိင္ရာ တာဝန္႐ွိသူတစ္ဦးကေတာ့ ဟုိတယ္ ၁၀ ခုရဲ႕ အဆုိပါ အစီအစဥ္ဟာ အျငင္းပြားဖြယ္ျဖစ္ေၾကာင္း ေဝဖန္ေျပာၾကားခဲ့ပါတယ္။


အီတလီဟာ ဥေရာပမွာ ကေလးေမြးဖြားမႈႏႈန္း အနိမ့္ဆုံးနဲ႕ ကမာၻတစ္ဝန္း ကေလးေမြးဖြားမႈႏႈန္း အနိမ့္ဆုံးႏိုင္ငံစာရင္းမွာလည္း ပါဝင္ေနပါတယ္။ ၂၀၁၅ ခုႏွစ္က အီတလီမွာ ကေလးေမြးဖြားမႈ အေရအတြက္ဟာ ႏွစ္ေပါင္း ၁၅၀ ေက်ာ္အတြင္း အနည္းဆုံးျဖစ္ခဲ့ၿပီး ကေလးယူၾကတဲ့ ပ်မ္းမွ် အသက္အ႐ြယ္ဟာလည္း ၃၁.၆ ႏွစ္အျဖစ္ ျမင့္တက္သြားခဲ့ပါတယ္။

အီတလီႏုိင္ငံမွာ လူ ၇၀၀,၀၀၀ ဝန္းက်င္ဟာ ကေလးလုိခ်င္ၾကေပမဲ့ သေႏၶမေအာင္ႏုိင္တဲ့ ျပႆနာေၾကာင့္ ကေလးမရႏုိင္ၾကဘူးလုိ႕လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေတဲ့ အီတလီနိုင်ငံမှ ဟိုတယ်အုပ်စုတစ်ခုရဲ့ လှုံ့ဆော်မှုအစီအစဉ်က စုံတွဲတွေကြား ပြောစမှတ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အီတလီနိုင်ငံ အမ်ဘရီယာဒေသ တောင်တန်းများထူထပ်ရာ အက်စ်ဆီဆီမြို့ရှိ ဟိုတယ် ၁၀ ခု ပူးပေါင်းကာ ကလေးမွေးဖွားမှုနှုန်း မြင့်တက်ရေးလှုပ်ရှားမှုအဖြစ် လာရောက်တည်းခိုးတဲ့ စုံတွဲတွေအတွက် အစီအစဉ်တစ်ခု ကမ်းလှမ်းခဲ့ကြပါတယ်။

'Fertility Room' လို့ အမည်ပေးထားတဲ့ အဆိုပါ အစီအစဉ်အရ စုံတွဲတစ်တွဲဟာ ဟိုတယ်မှာ တည်းခိုနေစဉ် ကိုယ်ဝန်ရခဲ့ပါက အဆိုပါ စုံတွဲကို နောက်တစ်ကြိမ် အခမဲ့ တည်းခိုခွင့်ပေးမှာ ဖြစ်ပါတယ်။ စုံတွဲအနေနဲ့ ဟိုတယ်မှာတည်းခိုစဉ် ကိုယ်ဝန်ရခဲ့ကြောင်းကိုတော့ သက်သေပြရမယ်မယ်လို့ ဆိုပါတယ်။

စုံတွဲတစ်တွဲအနေနဲ့ ဟိုတယ်မှာ ပထမအကြိမ် တည်းခိုပြီးနောက်၊ နောက်တစ်ကြိမ်မှာ ၉ လအရွယ် ၎င်းတို့ရဲ့ သားသမီးကို မွေးစာရင်းနဲ့အတူ သက်သေပြနိုင်ရမှာ ဖြစ်ပါတယ်။ ဒေသခံ ခရီးသွားလာမှုဆိုင်ရာ တာဝန်ရှိသူတစ်ဦးကတော့ ဟိုတယ် ၁၀ ခုရဲ့ အဆိုပါ အစီအစဉ်ဟာ အငြင်းပွားဖွယ်ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

အီတလီဟာ ဥရောပမှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနဲ့ ကမ္ဘာတစ်ဝန်း ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံစာရင်းမှာလည်း ပါဝင်နေပါတယ်။ ၂၀၁၅ ခုနှစ်က အီတလီမှာ ကလေးမွေးဖွားမှု အရေအတွက်ဟာ နှစ်ပေါင်း ၁၅၀ ကျော်အတွင်း အနည်းဆုံးဖြစ်ခဲ့ပြီး ကလေးယူကြတဲ့ ပျမ်းမျှ အသက်အရွယ်ဟာလည်း ၃၁.၆ နှစ်အဖြစ် မြင့်တက်သွားခဲ့ပါတယ်။

အီတလီနိုင်ငံမှာ လူ ၇၀၀,၀၀၀ ဝန်းကျင်ဟာ ကလေးလိုချင်ကြပေမဲ့ သန္ဓေမအောင်နိုင်တဲ့ ပြဿနာကြောင့် ကလေးမရနိုင်ကြဘူးလို့လည်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top