Kantharyar Centre
×

ဘ၀ၾကီးက ဆိုးလိုက္တာေနာ္ ” ဆိုတဲ႕ ခံစားခ်က္မ်ား ရဖူးရဲ႕ မဟုတ္လား ။

” ဒီအေၿခအေနမ်ိဳး မဟုတ္ဘဲ ေနာက္အေၿခအေနတစ္ခုထဲမွာဆိုရင္
ေကာင္းမွာဘဲ ” လုိ႕မ်ားေရာ မထင္ဖူးဘူးလား ။

အလုပ္ကလည္း အဆင္မေၿပ ၊ ဘ၀က မသာယာ ၊ အရာရာဟာ စိတ္ပ်က္ဖြယ္လုိ႕ထင္ေနမိတာမ်ိဳးေရာ ရွိသလားဗ် ………။

မေန႕ကမွ က်ေနာ္႕ မိတ္ေဆြတစ္ေယာက္နဲ႕ စကားေၿပာမိၿပီးတဲ႕ေနာက္ ဘ၀အေပၚ ထားတဲ႕ က်ေနာ္႕ သေဘာထား လံုး၀ ေၿပာင္းလဲသြားခဲ႕တယ္ဗ်ာ ။

သူက ေၿပာတယ္ဗ် …..သူအလုပ္ ၂ ခု လုပ္ရေပမယ္႕ တလတလကို ေဒၚလာတစ္ေထာင္ေက်ာ္ေလာက္ဘဲ ရတယ္ တဲ႕ ။ ဒါေပမယ္႕ သူကေတာ႕ ေက်နပ္ေနတာဘဲ ။ အဲဒီေတာ႕ က်ေနာ္က ဘယ္ႏွယ္ေၾကာင္႕ ဒီလုိ ေက်နပ္ေနႏိုင္တာလဲ လုိ႕ သူ႕ကို ေမးၾကည္႕မိတယ္။

စဥ္းစားၾကည္႕ေလ…..သူ႕မွာ ဒီ မစို႕မပို႕ေငြေလးနဲ႕ ေထာက္ပံ႕ထားရတဲ႕ အေမအိုအေဖအို ရွိတယ္ ၊ ေယာကၡမေတြ ရွိတယ္ ၊ မိန္းမနဲ႕ သမီးႏွစ္ေယာက္လည္း ရွိတယ္ ။ တစ္အိမ္ ေထာင္လံုးအတြက္ ရွိသမ်ေသာ ေရဖုိးမီးဖိုး ဘာညာသရကာ bill ေတြကိုလည္း သူဘဲ ေပးရတာဗ် ။ က်ေနာ္က အဲလုိေမးေတာ႕ သူက ေၿဖတယ္ …….အိႏၵိယမွာ သူႀကဳံခဲ႕ဖူးတဲ႕ အၿဖစ္တစ္ခုေၾကာင္႕ပါ တဲ႕ ။

အၿဖစ္က ဒီလုိ တဲ႕ ဗ်…..လြန္ခဲ႕တဲ႕ ႏွစ္ႏွစ္ သံုးႏွစ္ေလာက္က သူစိတ္ဓါတ္အေတာ္က်ေနခဲ႕တယ္ ၊ အၾကီးအက်ယ္ အဆင္မေၿပ က်ရွံဳးမွဳတစ္ခု အၿပီးမွာ သူဟာ အႏၵိယကို ခရီးထြက္ခဲ႕တယ္ ။

အဲဒီလုိ ခရီးအတြင္းမွာ တခါေတာ႕ သူ႕မ်က္စိ ေရွ႕တည္႕တည္႕မွာတဲ႕ ဗ်ာ……အိႏၵိယအမ်ိဳးသမီး ကေလးအေမတစ္ေယာက္ဟာ သူ႕ကေလးရဲ႕ ညာလက္ကို ဓါးနဲ႕ ၿဖတ္လုိက္တာ ေတြ႕လိုက္ရတယ္ ။

အဲဒီ အေမ လုပ္သူ အမ်ိဳးသမီးရဲ႕ မ်က္လံုးေတြထဲက အကူအညီမဲ႕မႈရယ္ ၊ အသက္ ၄ ႏွစ္အရြယ္ အၿပစ္မဲ႕ကေလးရဲ႕ နာက်င္လြန္းလုိ႕ ဟစ္ေအာ္လုိက္တဲ႕ စူးစူး၀ါး၀ါးအသံရယ္ဟာ သူ႕ကို ဒီေန႕အထိ ေၿခာက္လွန္႕ေနဆဲဘဲ ….တဲ႕…..။

အေမလုပ္ၿပီး ကေလးကို ဘာလုိ႕ ဒီေလာက္ေတာင္ လုပ္ရသလဲ လုိ႕ ေမးေကာင္း ေမးခ်င္ၾကမွာေပါ႕ဗ်ာ ။ ကေလးကမ်ား သိပ္ၿပီး မလိမ္မုိး မလိမၼာလုိ႕လား ။ ဒါမွမဟုတ္လည္း ကေလးလက္မွာ ကူးစက္ေရာဂါ ဘာညာမ်ား ရွိေနသလားေပါ႕ ။

တခုမွ မဟုတ္ဘူးဗ် ။ ” ေတာင္းစားခိုင္းဖုိ႕ ” ဆိုတဲ႕ ရည္ရြယ္ခ်က္နဲ႔ လုပ္တာတဲ႕ဗ်ာ ။ ခုိကိုးရာမဲ႕ၿပီး အၾကံကုန္ေနတဲ႕ မိခင္ဟာ ကေလးကို မသန္မစြမ္းၿဖစ္သြားေအာင္ တမင္တကာ လုပ္လုိက္တာေလ ။

ဒါမွလည္း ကေလးကလမ္းေပၚထြက္ ေတာင္းစားႏိုင္မယ္ေပါ႕ ။

က်ေနာ္ဗ်ာ….. အစက ဒီဇာတ္လမ္းကို ၾကားရေတာ႕ လက္မခံႏိုင္ဘူးဗ် ၊ ဒါေပမယ္႕ အဲဒါ တကယ္႕အၿဖစ္အပ်က္ေလ ။ က်ေနာ္ မၿမင္ႏိုင္တဲ႕ ကမၻာ႕တစ္ေနရာမွာ တကယ္ကို ၿဖစ္ခဲ႕တာဗ် ။

က်ေနာ္႕သူငယ္ခ်င္းဟာ ဒီၿမင္ကြင္းကိုလည္း ၿမင္လုိက္ေရာ လန္႕လန္႕ဖ်ပ္ဖ်ပ္နဲ႕ သူ႕စားလက္စ ေပါင္မုန္႕ဟာ လြတ္က်သြားတယ္ ။ ခ်က္ခ်င္းဆိုသလုိပါဘဲတဲ႕ဗ်ာ…..ကေလးေတြ ေလးငါးေၿခာက္ေယာက္ဟာ သဲေပေနတဲ႕ အဲဒီေပါင္မုန္႕ကို လုဖို႕ အေၿပးအလႊားအံုခဲလာေတာ႕တာဘဲ ။

ၿပီးေတာ႕ ေပါင္မုန္႕တစ္စေလး စားရဖုိ႕ အေရး တစ္ေယာက္ဆီကေန တစ္ေယာက္လုၾကပါေရာ ။ ဆာေလာင္မြတ္သိပ္ၿခင္းရဲ႕ တုံၿပန္႕မွဳေပါ႕ဗ်ာ ။ က်ေနာ္႕သူငယ္ခ်င္းလည္း ဒီအၿဖစ္အပ်က္ေတြကို ၿမင္ရေတာ႕ လန္႕ဖ်ပ္စိတ္ထိခိုက္ၿပီး သူ႕ရဲ႕ လမ္းညႊန္ guide ကို အနီးဆံုး ေပါင္မုန္႕ဆိုင္ကို ေမာင္းဖုိ႕ ေၿပာလိုက္တယ္ ။ သြားတာမွ တစ္ဆိုင္ေတာင္မကဘူး …ႏွစ္ဆိုင္ဗ် ။ ဆိုင္ႏွစ္ခုလံုးမွာ ရွိတဲ႕ ေပါင္မုန္႕ေတြကို တစ္လံုးမွ မက်န္ေအာင္ ၀ယ္လိုက္တယ္ ။

ဆိုင္ရွင္ကေတာ႕ အံ႕ၾသမွင္ေသေနတာေပါ႕ဗ်ာ ။ ဒါေပမယ္႕ လုိလုိလားလားဘဲ ရွိသမ်ကို ေရာင္းလုိက္ပါတယ္ ။ ေပါင္မုန္႕အလံုး ၄၀၀ ကို ၀ယ္တာ ေဒၚလာ တစ္ရာေတာင္ မက်ခဲ႕ပါဘူး…တစ္လံုးကို ၂၅ ၿပားေတာင္ မက်ဘဲကိုးဗ် ။

ဒါနဲ႕ဘဲ ေန႕စဥ္သံုးပစၥည္းတခ်ိဳ႕ကို ေနာက္ထပ္ ေဒၚလာတစ္ရာဖုိး ထပ္၀ယ္ခဲ႕လိုက္တယ္ ။ ၿပီးေတာ႕ သူက အဲဒီကေလးေတြ ရွိေနတဲ႕ လမ္းထဲကို မုန္႕အၿပည္႕တင္ထားတဲ႕ ကားနဲ႕ ၀င္သြားတယ္ ။ ၿပီးေတာ႕ ကေလးေတြနဲ႕ လူၾကီးတခ်ိဳ႕ကို မုန္႕ေတြ ပစၥည္းေတြ ေ၀ေပးလုိက္တယ္ ။ ကေလးေတြဆိုတာလည္း အမ်ားစုက မသန္မစြမ္းေတြပါ ။ အဲလုိေ၀ေတာ႕ သူတို႕ခမ်ာ တေဟးေဟးနဲ႕ ေပ်ာ္ၾက သူ႕ကို ေက်းဇူးတင္ အေလးၿပဳၾက လုပ္ၾကတာေပါ႕ ။

က်ေနာ္႕သူငယ္ခ်င္းလည္း အဲဒီေတာ႕မွ သူ႕ဘ၀မွာ ပထမဆံုးအၾကိမ္ေတြးမိသတဲ႕ …….ေၾသာ္…..လူေတြဟာ ၂၅ ၿပားေတာင္ မတန္တဲ႕ ေပါင္မုန္႕တစ္လံုးအတြက္ ဂုဏ္သကၡာဆိုတာကို စြန္႕လႊတ္တဲ႕အထိ ၿဖစ္တတ္ပါလားေပါ႕ ။

စကၤာပူႏိုင္ငံသားၿဖစ္ရတဲ႕အတြက္ ဘယ္ေလာက္ကံေကာင္းလုိက္သလဲ
လုိ႕လည္း သူ႕ကိုယ္သူ ထင္မိလာတယ္ ။ ၿပည္႕စံုတဲ႕ ကိုယ္ခႏၵာကို ရထားတာ ၊ အလုပ္တစ္ခု မယ္မယ္ရရ ရွိတာ ၊ မိသားစု ရွိတာ ၊ ဘယ္အစားအစာက ေကာင္းတယ္ ဘယ္ဟာကၿဖင္႕ အရသာ မရွိဘူးရယ္လုိ႕ ညဥ္းတြားခြင္႕ရတာ ၊ အ၀တ္အစား ၿပည္႕ၿပည္႕စံုစံု ၀တ္ခြင္႕ရတာ ………ေဟာဒီ ကေလးေတြ လူေတြမွာ မရွိတဲ႕ တၿခားတၿခားေသာ အရာေတြမ်ားစြာ သူ႕မွာ ရွိေနတာဟာ ကံေကာင္းလိုက္တာ လုိ႕ ၿမင္လာတယ္ ။

အခုေတာ႕ က်ေနာ္လည္း က်ေနာ္႕သူငယ္ခ်င္းလုိ ေတြးေန ခံစားတတ္ေနၿပီဗ် ။ က်ေနာ္႕ဘ၀က တကယ္ေရာ အဲသေလာက္ ဆိုးခဲ႕လုိ႕လား ။

ဟင္႕အင္း….မထင္ပါဘူး ။ အဲသလုိ ဆိုးဖုိ႕အေၾကာင္း ရွိကို မရွိတာပါ ။

ဒါနဲ႕ ခင္ဗ်ားေရာဗ် ။

ေနာက္တခါ ” ငါ ကံဆိုးလုိက္တာ ” လုိ႕ ေတြးမိခဲ႕ရင္ လမ္းေပၚမွာ ေတာင္းစားဖုိ႕ ဆိုၿပီး လက္တစ္ဖက္ အၿဖတ္ခံရတဲ႕ ကေလးကို သတိရလိုက္ပါဗ်ာ ………။

http://eguyz.com/be-content-about-your-life/ ကို ဘာသာၿပန္ဆိုသည္ ။
———————–
မူရင္းစာေရးသူႏွင့္ ဘာသာျပန္သူ ဆရာမ Spring Flowers ကို ေက်းဇူးတင္စြာ credit ေပးပါသည္။ ( Fireflies )
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader

#Unicode Version
ဘဝကြီးက ဆိုးလိုက်တာနော် ” ဆိုတဲ့ ခံစားချက်များ ရဖူးရဲ့ မဟုတ်လား ။

” ဒီအခြေအနေမျိုး မဟုတ်ဘဲ နောက်အခြေအနေတစ်ခုထဲမှာဆိုရင်
ကောင်းမှာဘဲ ” လို့များရော မထင်ဖူးဘူးလား ။

အလုပ်ကလည်း အဆင်မပြေ ၊ ဘဝက မသာယာ ၊ အရာရာဟာ စိတ်ပျက်ဖွယ်လို့ထင်နေမိတာမျိုးရော ရှိသလားဗျ ………။

မနေ့ကမှ ကျနော့် မိတ်ဆွေတစ်ယောက်နဲ့ စကားပြောမိပြီးတဲ့နောက် ဘဝအပေါ် ထားတဲ့ ကျနော့် သဘောထား လုံး၀ ပြောင်းလဲသွားခဲ့တယ်ဗျာ ။

သူက ပြောတယ်ဗျ …..သူအလုပ် ၂ ခု လုပ်ရပေမယ့် တလတလကို ဒေါ်လာတစ်ထောင်ကျော်လောက်ဘဲ ရတယ် တဲ့ ။ ဒါပေမယ့် သူကတော့ ကျေနပ်နေတာဘဲ ။ အဲဒီတော့ ကျနော်က ဘယ်နှယ်ကြောင့် ဒီလို ကျေနပ်နေနိုင်တာလဲ လို့ သူ့ကို မေးကြည့်မိတယ်။

စဉ်းစားကြည့်လေ…..သူ့မှာ ဒီ မစို့မပို့ငွေလေးနဲ့ ထောက်ပံ့ထားရတဲ့ အမေအိုအဖေအို ရှိတယ် ၊ ယောက္ခမတွေ ရှိတယ် ၊ မိန်းမနဲ့ သမီးနှစ်ယောက်လည်း ရှိတယ် ။ တစ်အိမ်ထောင်လုံးအတွက် ရှိသမျသော ရေဖိုးမီးဖိုး ဘာညာသရကာ bill တွေကိုလည်း သူဘဲ ပေးရတာဗျ ။ ကျနော်က အဲလိုမေးတော့ သူက ဖြေတယ် …….အိန္ဒိယမှာ သူကြုံခဲ့ဖူးတဲ့ အဖြစ်တစ်ခုကြောင့်ပါ တဲ့ ။

အဖြစ်က ဒီလို တဲ့ ဗျ…..လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်က သူစိတ်ဓါတ်အတော်ကျနေခဲ့တယ် ၊ အကြီးအကျယ် အဆင်မပြေ ကျရှုံးမှုတစ်ခု အပြီးမှာ သူဟာ အန္ဒိယကို ခရီးထွက်ခဲ့တယ် ။

အဲဒီလို ခရီးအတွင်းမှာ တခါတော့ သူ့မျက်စိ ရှေ့တည့်တည့်မှာတဲ့ ဗျာ……အိန္ဒိယအမျိုးသမီး ကလေးအမေတစ်ယောက်ဟာ သူ့ကလေးရဲ့ ညာလက်ကို ဓါးနဲ့ ဖြတ်လိုက်တာ တွေ့လိုက်ရတယ် ။

အဲဒီ အမေ လုပ်သူ အမျိုးသမီးရဲ့ မျက်လုံးတွေထဲက အကူအညီမဲ့မှုရယ် ၊ အသက် ၄ နှစ်အရွယ် အပြစ်မဲ့ကလေးရဲ့ နာကျင်လွန်းလို့ ဟစ်အော်လိုက်တဲ့ စူးစူးဝါးဝါးအသံရယ်ဟာ သူ့ကို ဒီနေ့အထိ ခြောက်လှန့်နေဆဲဘဲ ….တဲ့…..။

အမေလုပ်ပြီး ကလေးကို ဘာလို့ ဒီလောက်တောင် လုပ်ရသလဲ လို့ မေးကောင်း မေးချင်ကြမှာပေါ့ဗျာ ။ ကလေးကများ သိပ်ပြီး မလိမ်မိုး မလိမ္မာလို့လား ။ ဒါမှမဟုတ်လည်း ကလေးလက်မှာ ကူးစက်ရောဂါ ဘာညာများ ရှိနေသလားပေါ့ ။

တခုမှ မဟုတ်ဘူးဗျ ။ ” တောင်းစားခိုင်းဖို့ ” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာတဲ့ဗျာ ။ ခိုကိုးရာမဲ့ပြီး အကြံကုန်နေတဲ့ မိခင်ဟာ ကလေးကို မသန်မစွမ်းဖြစ်သွားအောင် တမင်တကာ လုပ်လိုက်တာလေ ။

ဒါမှလည်း ကလေးကလမ်းပေါ်ထွက် တောင်းစားနိုင်မယ်ပေါ့ ။

ကျနော်ဗျာ….. အစက ဒီဇာတ်လမ်းကို ကြားရတော့ လက်မခံနိုင်ဘူးဗျ ၊ ဒါပေမယ့် အဲဒါ တကယ့်အဖြစ်အပျက်လေ ။ ကျနော် မမြင်နိုင်တဲ့ ကမ္ဘာ့တစ်နေရာမှာ တကယ်ကို ဖြစ်ခဲ့တာဗျ ။

ကျနော့်သူငယ်ချင်းဟာ ဒီမြင်ကွင်းကိုလည်း မြင်လိုက်ရော လန့်လန့်ဖျပ်ဖျပ်နဲ့ သူ့စားလက်စ ပေါင်မုန့်ဟာ လွတ်ကျသွားတယ် ။ ချက်ချင်းဆိုသလိုပါဘဲတဲ့ဗျာ…..ကလေးတွေ လေးငါးခြောက်ယောက်ဟာ သဲပေနေတဲ့ အဲဒီပေါင်မုန့်ကို လုဖို့ အပြေးအလွှားအုံခဲလာတော့တာဘဲ ။

ပြီးတော့ ပေါင်မုန့်တစ်စလေး စားရဖို့ အရေး တစ်ယောက်ဆီကနေ တစ်ယောက်လုကြပါရော ။ ဆာလောင်မွတ်သိပ်ခြင်းရဲ့ တုံပြန့်မှုပေါ့ဗျာ ။ ကျနော့်သူငယ်ချင်းလည်း ဒီအဖြစ်အပျက်တွေကို မြင်ရတော့ လန့်ဖျပ်စိတ်ထိခိုက်ပြီး သူ့ရဲ့ လမ်းညွှန် guide ကို အနီးဆုံး ပေါင်မုန့်ဆိုင်ကို မောင်းဖို့ ပြောလိုက်တယ် ။ သွားတာမှ တစ်ဆိုင်တောင်မကဘူး …နှစ်ဆိုင်ဗျ ။ ဆိုင်နှစ်ခုလုံးမှာ ရှိတဲ့ ပေါင်မုန့်တွေကို တစ်လုံးမှ မကျန်အောင် ဝယ်လိုက်တယ် ။

ဆိုင်ရှင်ကတော့ အံ့သြမှင်သေနေတာပေါ့ဗျာ ။ ဒါပေမယ့် လိုလိုလားလားဘဲ ရှိသမျကို ရောင်းလိုက်ပါတယ် ။ ပေါင်မုန့်အလုံး ၄၀၀ ကို ဝယ်တာ ဒေါ်လာ တစ်ရာတောင် မကျခဲ့ပါဘူး…တစ်လုံးကို ၂၅ ပြားတောင် မကျဘဲကိုးဗျ ။

ဒါနဲ့ဘဲ နေ့စဉ်သုံးပစ္စည်းတချို့ကို နောက်ထပ် ဒေါ်လာတစ်ရာဖိုး ထပ်ဝယ်ခဲ့လိုက်တယ် ။ ပြီးတော့ သူက အဲဒီကလေးတွေ ရှိနေတဲ့ လမ်းထဲကို မုန့်အပြည့်တင်ထားတဲ့ ကားနဲ့ ဝင်သွားတယ် ။ ပြီးတော့ ကလေးတွေနဲ့ လူကြီးတချို့ကို မုန့်တွေ ပစ္စည်းတွေ ဝေပေးလိုက်တယ် ။ ကလေးတွေဆိုတာလည်း အများစုက မသန်မစွမ်းတွေပါ ။ အဲလိုဝေတော့ သူတို့ခမျာ တဟေးဟေးနဲ့ ပျော်ကြ သူ့ကို ကျေးဇူးတင် အလေးပြုကြ လုပ်ကြတာပေါ့ ။

ကျနော့်သူငယ်ချင်းလည်း အဲဒီတော့မှ သူ့ဘဝမှာ ပထမဆုံးအကြိမ်တွေးမိသတဲ့ …….သြော်…..လူတွေဟာ ၂၅ ပြားတောင် မတန်တဲ့ ပေါင်မုန့်တစ်လုံးအတွက် ဂုဏ်သက္ခာဆိုတာကို စွန့်လွှတ်တဲ့အထိ ဖြစ်တတ်ပါလားပေါ့ ။

စင်္ကာပူနိုင်ငံသားဖြစ်ရတဲ့အတွက် ဘယ်လောက်ကံကောင်းလိုက်သလဲ
လို့လည်း သူ့ကိုယ်သူ ထင်မိလာတယ် ။ ပြည့်စုံတဲ့ ကိုယ်ခန္ဒာကို ရထားတာ ၊ အလုပ်တစ်ခု မယ်မယ်ရရ ရှိတာ ၊ မိသားစု ရှိတာ ၊ ဘယ်အစားအစာက ကောင်းတယ် ဘယ်ဟာကဖြင့် အရသာ မရှိဘူးရယ်လို့ ညဉ်းတွားခွင့်ရတာ ၊ အဝတ်အစား ပြည့်ပြည့်စုံစုံ ဝတ်ခွင့်ရတာ ………ဟောဒီ ကလေးတွေ လူတွေမှာ မရှိတဲ့ တခြားတခြားသော အရာတွေများစွာ သူ့မှာ ရှိနေတာဟာ ကံကောင်းလိုက်တာ လို့ မြင်လာတယ် ။

အခုတော့ ကျနော်လည်း ကျနော့်သူငယ်ချင်းလို တွေးနေ ခံစားတတ်နေပြီဗျ ။ ကျနော့်ဘဝက တကယ်ရော အဲသလောက် ဆိုးခဲ့လို့လား ။

ဟင့်အင်း….မထင်ပါဘူး ။ အဲသလို ဆိုးဖို့အကြောင်း ရှိကို မရှိတာပါ ။

ဒါနဲ့ ခင်ဗျားရောဗျ ။

နောက်တခါ ” ငါ ကံဆိုးလိုက်တာ ” လို့ တွေးမိခဲ့ရင် လမ်းပေါ်မှာ တောင်းစားဖို့ ဆိုပြီး လက်တစ်ဖက် အဖြတ်ခံရတဲ့ ကလေးကို သတိရလိုက်ပါဗျာ ………။

http://eguyz.com/be-content-about-your-life/ ကို ဘာသာပြန်ဆိုသည် ။
———————–
မူရင်းစာရေးသူနှင့် ဘာသာပြန်သူ ဆရာမ Spring Flowers ကို ကျေးဇူးတင်စွာ credit ပေးပါသည်။ ( Fireflies )
ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top