Property Expo
×

အိပ္စက္ျခင္းနဲ႔ ပတ္သက္ၿပီး အလြဲယံုၾကည္ ထားတာ မ်ားကို သိရျခင္းျဖင့္ အမွန္ကို သိရွိကာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ဖို႔ အကူအညီရ ႏုိင္သည္။

အလြဲ ၁ ။

တစ္ညလံုး မႏိုးတမ္းအိပ္မွ အိပ္ေရး၀သည္။

အမွန္ ၁ ။

ဘယ္သူမွ တစ္ညလံုး မႏိုးစတမ္း တစ္ေလွ်ာက္တည္း မအိပ္။ တစ္ညလံုး မႏိုးစတမ္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကီး အိပ္ေပ်ာ္ပါသည္ ဆိုသူမ်ားသည္ပင္ တကယ္တမ္းမွာ တစ္ညကို အခါ (၃၀) ေလာက္ ႏိုးၾကသည္။ ထိုသို႔ ႏိုးေၾကာင္း မသိၾက ျခင္းသာ ျဖစ္သည္။ တစ္ခါႏိုးလွ်င္ သံုးမိနစ္ခန္႔သာ ၾကာၿပီး အလိုလို ျပန္အိပ္ေပ်ာ္ သြားၾက သည္။ ထိုသို႔ႏိုးျခင္းသည္ ခႏၶာကိုယ္က ပတ္၀န္းက်င္တြင္ အႏၲရာယ္ ရွိမရွိ ေထာက္လွမ္းျခင္းသာ ျဖစ္ၿပီး၊ အႏၲရာယ္ မရွိဟု ဆံုးျဖတ္ပါက အလိုလို ျပန္အိပ္သြားသည္။ ထိုသို႔ႏိုးၿပီး ျပန္အိပ္မေပ်ာ္လွ်င္မူ အိပ္စက္ျခင္း ဆိုင္ရာ ျပႆနာရွိ ေနၿပီ။

အလြဲ ၂ ။

ရွစ္နာရီျပည့္ေအာင္ အိပ္ရမည္။

အမွန္ ၂ ။

ၾသစေၾတးလ် ႏုိင္ငံရွိ အိပ္စက္ျခင္း ေဖာင္ေဒးရွင္းက လုပ္ထားေသာ ေလ့လာ သုေတသနအရ အရြယ္ ေရာက္ၿပီးသူ တစ္ေယာက္သည္ တစ္ညလွ်င္ အိပ္ခ်ိန္ ခုနစ္နာရီမွ ကိုးနာရီၾကား ရွိသင့္သည္ဟု ဆိုထားသည္။ သို႔ေသာ္ လူတစ္ေယာက္ခ်င္း အေနျဖင့္ကား ၀န္းက်င္ အေနအထားႏွင့္ ခႏၶာကိုယ္ လိုအပ္ခ်က္ေပၚ မူတည္ကာ အိပ္ခ်ိန္ လိုအပ္ခ်က္သည္ ထိုႏႈန္းထက္ အနည္းငယ္ အေလွ်ာ့အတိုး ရွိႏိုင္ေၾကာင္းလည္း ေတြ႕ရွိ ထားသည္။

အလြဲ ၃ ။

သန္းေခါင္ မတိုင္ခင္ အိပ္တာ အေကာင္းဆံုး။

အမွန္ ၃ ။

လူတစ္ေယာက္၏ အိပ္ခ်ိန္ဟူသည္ အျပင္က နာရီေပၚ မူမတည္။ တစ္ဦးခ်င္းစီ၏ ခႏၶာကိုယ္ထဲရွိ ဇီ၀ နာရီ ေပၚသာ မူတည္သည္။ အျပင္က နာရီသည္ ည (၁၂) နာရီ ထိုးေနခ်ိန္တြင္ ဇီ၀ နာရီက ထို႔ထက္ ေစာခ်င္ ေစာေနႏုိင္ သလို၊ ေနာက္က်ခ်င္လည္း ေနာက္က်ေန ႏိုင္သည္။ သို႔ျဖစ္ရာ မိမိ၏ ခႏၶာကိုယ္က ဘယ္အခ်ိန္တြင္ အိပ္ခ်င္သည္၊ ဘယ္အခ်ိန္တြင္ တက္ႂကြသည္မ်ားကို မိမိဖာသာ သတိထားၾကည့္ကာ မိမိ ခႏၶာကိုယ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ႏုိင္မည့္ အခ်ိန္အပိုင္းအျခား အတြင္း အိပ္စက္ျဖစ္ေအာင္ ဂ႐ုျပဳၾကဖို႔ ျဖစ္သည္။

အလြဲ ၄ ။

အသက္ႀကီးသူေတြ အိပ္ခ်ိန္ ပိုလိုသည္။

အမွန္ ၄ ။

အသက္ႀကီးသူမ်ားသည္လည္း ပ်မ္းမွ်အားျဖင့္ ခုနစ္နာရီ ၀န္းက်င္ေလာက္ အိပ္စက္ၾကေၾကာင္း ေလ့လာမႈ စစ္တမ္းမ်ားစြာက ေဖာ္ျပသည္။ လူငယ္ပိုင္းႏွင့္ တစ္ခု ကြာျခားသည္ကား အသက္ (၃၀) ေနာက္ ပိုင္းေရာက္လာေလ ခႏၶာဇီ၀ စနစ္မ်ား ေျပာင္းလဲမႈေၾကာင့္ ညအိပ္ေနစဥ္ မၾကာမၾကာ ပိုႏိုးေလ ျဖစ္တတ္သည္။

အလြဲ ၅ ။

အိပ္ခန္းဟာ ေအးခ်မ္းေနရမယ္။

အမွန္ ၅ ။

အိပ္ခန္း ေအးခ်မ္းေနမွ အိပ္ေပ်ာ္မည္ရယ္လို႔ တစ္ထစ္ခ် မွတ္ထားဖို႔ မလို။ သို႔ေသာ္ အိပ္ေပ်ာ္ဖို႔ အေကာင္းဆံုး အပူခ်ိန္က (၁၈) ဒီဂရီ ၀န္းက်င္ ျဖစ္ေၾကာင္း သတိျပဳေစ လိုသည္။ သိပ္ေအးလြန္း လွ်င္လည္း လူသည္ အိပ္ေပ်ာ္ဖို႔ခက္သည္။ ေအးလြန္းသည့္ ညမ်ားတြင္ မၾကာမၾကာ ႏိုးေနတတ္သည္ကို သတိျပဳပါေလ။ ေဆာင္းည မ်ားမွာ ျပတင္းေပါက္ေတြ အတင္းလံုေအာင္ ပိတ္ေနရန္ေတာ့ မလို။ အခန္းထဲ ေလနည္းနည္း၀င္ ေနျခင္းသည္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ဖို႔ အတြက္ ပိုအေထာက္အကူ ရသည္။ အခန္းလံုလြန္း ေနပါက ေအာက္စီဂ်င္ ေလ်ာ့နည္းကာ လူသည္ လန္႔ႏိုးလာ တတ္သည္။

အလြဲ ၆ ။

လျပည့္ညမွာ အိပ္မရပို ျဖစ္တတ္။

အမွန္ ၆ ။

လျပည့္ညသည္ လူကို အိပ္မရေအာင္ ပိုလုပ္တတ္သည္ဟု လူေတာ္ေတာ္မ်ားမ်ား ယံုၾကည္ တတ္ၾကသည္။ သိပၸံပညာရွင္မ်ား စနစ္တက် စစ္တမ္းေကာက္ ေလ့လာမႈ အရမူ လျပည့္ညသည္ လူ၏ အိပ္စက္မႈ အေပၚ မည္သို႔မွ် ထူးျခား သက္ေရာက္မႈ မရွိဟု သိရသည္။

အလြဲ ၇ ။

မအိပ္ခင္ က်န္းမာေရး ေလ့က်င့္ခန္း လုပ္ရင္ ပိုအိပ္ေကာင္းတယ္။

အမွန္ ၇ ။

ထို အလြဲ ယံုၾကည္မႈ ျမစ္ဖ်ားခံရာကား လူသည္ ပင္ပန္းေနရင္ ပိုအိပ္ေပ်ာ္သည္ ဟူေသာ ယံုၾကည္မႈ ျဖစ္သည္။ ေလ့က်င့္ခန္း လုပ္လွ်င္ ခႏၶာကိုယ္ အပူခ်ိန္ ျမင့္တက္ကာ လူသည္ ပိုတက္ႂကြလာ တတ္သည္။ သို႔ျဖစ္ရာ အိပ္ခ်ိန္ႏွင့္ နီးေနခ်ိန္မ်ဳိးတြင္ ကိုယ္လက္ လႈပ္ရွားမႈ ျပင္းျပင္းထန္ထန္ လုပ္ျခင္းမ်ဳိး ေရွာင္ႏုိင္လွ်င္ အေကာင္းဆံုး ျဖစ္သည္။ ေလ့က်င့္ခန္း လုပ္ခ်ိန္သည္ အိပ္ခ်ိန္ႏွင့္ အနည္းဆံုး ႏွစ္နာရီေက်ာ္ေက်ာ္ ကြာရမည္။ စိတ္အား အလြန္စိုက္ထုတ္ လုပ္ကိုင္ရသည့္ လုပ္မ်ဳိး ကိုလည္း အိပ္ခ်ိန္နားနီးလွ်င္ မလုပ္တာ အေကာင္းဆံုး ျဖစ္သည္။ သို႔မွသာ ကိုယ္ေရာ စိတ္ပါ သက္ေသာင့္သက္သာ ရွိကာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္မည္။

အလြဲ ၈ ။

တီဗီၾကည့္ရင္း အိပ္။

အမွန္ ၈ ။

တီဗီၾကည့္ရင္း အိပ္ေပ်ာ္သြား တတ္တာ လူတိုင္း အသိ။ သို႔ေသာ္ မိမိအိပ္ေပ်ာ္ သြားလွ်င္ပင္ တီဗီမွ အလင္းႏွင့္ အသံတို႔က ခႏၶာကိုယ္ႏွင့္ ဦးေႏွာက္ကို သက္ေရာက္ေနဆဲ ျဖစ္သည္။ ထို႔ေၾကာင့္ လူသည္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ျခင္း မရွိဘဲ မိုးလင္းလွ်င္ အိပ္ေရးမ၀သည့္ ခံစားခ်က္ျဖင့္ ႏိုးလာတတ္သည္။ လပ္ေတာ့၊ တဲဘလက္၊ ဖုန္းေတြက ပိုေတာင္ ဆိုးေသးသည္။ အိပ္ရာထဲ ဖုန္းထားအိပ္လွ်င္ ဖုန္းကို ေကာက္ကိုင္ခ်င္သည့္ အက်င့္က အိပ္ေနတုန္း မွာပင္ ေႏွာင့္ယွက္ႏုိင္ သျဖင့္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ဖို႔ ခက္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger News Journal

#Unicode Version
အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး အလွဲယုံကြည် ထားတာ များကို သိရခြင်းဖြင့် အမှန်ကို သိရှိကာ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ အကူအညီရ နိုင်သည်။

အလွဲ ၁ ။

တစ်ညလုံး မနိုးတမ်းအိပ်မှ အိပ်ရေးဝသည်။

အမှန် ၁ ။

ဘယ်သူမှ တစ်ညလုံး မနိုးစတမ်း တစ်လျှောက်တည်း မအိပ်။ တစ်ညလုံး မနိုးစတမ်း နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ပါသည် ဆိုသူများသည်ပင် တကယ်တမ်းမှာ တစ်ညကို အခါ (၃၀) လောက် နိုးကြသည်။ ထိုသို့ နိုးကြောင်း မသိကြ ခြင်းသာ ဖြစ်သည်။ တစ်ခါနိုးလျှင် သုံးမိနစ်ခန့်သာ ကြာပြီး အလိုလို ပြန်အိပ်ပျော် သွားကြ သည်။ ထိုသို့နိုးခြင်းသည် ခန္ဓာကိုယ်က ပတ်ဝန်းကျင်တွင် အန္တရာယ် ရှိမရှိ ထောက်လှမ်းခြင်းသာ ဖြစ်ပြီး၊ အန္တရာယ် မရှိဟု ဆုံးဖြတ်ပါက အလိုလို ပြန်အိပ်သွားသည်။ ထိုသို့နိုးပြီး ပြန်အိပ်မပျော်လျှင်မူ အိပ်စက်ခြင်း ဆိုင်ရာ ပြဿနာရှိ နေပြီ။

အလွဲ ၂ ။

ရှစ်နာရီပြည့်အောင် အိပ်ရမည်။

အမှန် ၂ ။

သြစတြေးလျ နိုင်ငံရှိ အိပ်စက်ခြင်း ဖောင်ဒေးရှင်းက လုပ်ထားသော လေ့လာ သုတေသနအရ အရွယ် ရောက်ပြီးသူ တစ်ယောက်သည် တစ်ညလျှင် အိပ်ချိန် ခုနစ်နာရီမှ ကိုးနာရီကြား ရှိသင့်သည်ဟု ဆိုထားသည်။ သို့သော် လူတစ်ယောက်ချင်း အနေဖြင့်ကား ဝန်းကျင် အနေအထားနှင့် ခန္ဓာကိုယ် လိုအပ်ချက်ပေါ် မူတည်ကာ အိပ်ချိန် လိုအပ်ချက်သည် ထိုနှုန်းထက် အနည်းငယ် အလျှော့အတိုး ရှိနိုင်ကြောင်းလည်း တွေ့ရှိ ထားသည်။

အလွဲ ၃ ။

သန်းခေါင် မတိုင်ခင် အိပ်တာ အကောင်းဆုံး။

အမှန် ၃ ။

လူတစ်ယောက်၏ အိပ်ချိန်ဟူသည် အပြင်က နာရီပေါ် မူမတည်။ တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ထဲရှိ ဇီ၀ နာရီ ပေါ်သာ မူတည်သည်။ အပြင်က နာရီသည် ည (၁၂) နာရီ ထိုးနေချိန်တွင် ဇီ၀ နာရီက ထို့ထက် စောချင် စောနေနိုင် သလို၊ နောက်ကျချင်လည်း နောက်ကျနေ နိုင်သည်။ သို့ဖြစ်ရာ မိမိ၏ ခန္ဓာကိုယ်က ဘယ်အချိန်တွင် အိပ်ချင်သည်၊ ဘယ်အချိန်တွင် တက်ကြွသည်များကို မိမိဖာသာ သတိထားကြည့်ကာ မိမိ ခန္ဓာကိုယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မည့် အချိန်အပိုင်းအခြား အတွင်း အိပ်စက်ဖြစ်အောင် ဂရုပြုကြဖို့ ဖြစ်သည်။

အလွဲ ၄ ။

အသက်ကြီးသူတွေ အိပ်ချိန် ပိုလိုသည်။

အမှန် ၄ ။

အသက်ကြီးသူများသည်လည်း ပျမ်းမျှအားဖြင့် ခုနစ်နာရီ ဝန်းကျင်လောက် အိပ်စက်ကြကြောင်း လေ့လာမှု စစ်တမ်းများစွာက ဖော်ပြသည်။ လူငယ်ပိုင်းနှင့် တစ်ခု ကွာခြားသည်ကား အသက် (၃၀) နောက် ပိုင်းရောက်လာလေ ခန္ဓာဇီ၀ စနစ်များ ပြောင်းလဲမှုကြောင့် ညအိပ်နေစဉ် မကြာမကြာ ပိုနိုးလေ ဖြစ်တတ်သည်။

အလွဲ ၅ ။

အိပ်ခန်းဟာ အေးချမ်းနေရမယ်။

အမှန် ၅ ။

အိပ်ခန်း အေးချမ်းနေမှ အိပ်ပျော်မည်ရယ်လို့ တစ်ထစ်ချ မှတ်ထားဖို့ မလို။ သို့သော် အိပ်ပျော်ဖို့ အကောင်းဆုံး အပူချိန်က (၁၈) ဒီဂရီ ဝန်းကျင် ဖြစ်ကြောင်း သတိပြုစေ လိုသည်။ သိပ်အေးလွန်း လျှင်လည်း လူသည် အိပ်ပျော်ဖို့ခက်သည်။ အေးလွန်းသည့် ညများတွင် မကြာမကြာ နိုးနေတတ်သည်ကို သတိပြုပါလေ။ ဆောင်းည များမှာ ပြတင်းပေါက်တွေ အတင်းလုံအောင် ပိတ်နေရန်တော့ မလို။ အခန်းထဲ လေနည်းနည်းဝင် နေခြင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ အတွက် ပိုအထောက်အကူ ရသည်။ အခန်းလုံလွန်း နေပါက အောက်စီဂျင် လျော့နည်းကာ လူသည် လန့်နိုးလာ တတ်သည်။

အလွဲ ၆ ။

လပြည့်ညမှာ အိပ်မရပို ဖြစ်တတ်။

အမှန် ၆ ။

လပြည့်ညသည် လူကို အိပ်မရအောင် ပိုလုပ်တတ်သည်ဟု လူတော်တော်များများ ယုံကြည် တတ်ကြသည်။ သိပ္ပံပညာရှင်များ စနစ်တကျ စစ်တမ်းကောက် လေ့လာမှု အရမူ လပြည့်ညသည် လူ၏ အိပ်စက်မှု အပေါ် မည်သို့မျှ ထူးခြား သက်ရောက်မှု မရှိဟု သိရသည်။

အလွဲ ၇ ။

မအိပ်ခင် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ရင် ပိုအိပ်ကောင်းတယ်။

အမှန် ၇ ။

ထို အလွဲ ယုံကြည်မှု မြစ်ဖျားခံရာကား လူသည် ပင်ပန်းနေရင် ပိုအိပ်ပျော်သည် ဟူသော ယုံကြည်မှု ဖြစ်သည်။ လေ့ကျင့်ခန်း လုပ်လျှင် ခန္ဓာကိုယ် အပူချိန် မြင့်တက်ကာ လူသည် ပိုတက်ကြွလာ တတ်သည်။ သို့ဖြစ်ရာ အိပ်ချိန်နှင့် နီးနေချိန်မျိုးတွင် ကိုယ်လက် လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ခြင်းမျိုး ရှောင်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ လေ့ကျင့်ခန်း လုပ်ချိန်သည် အိပ်ချိန်နှင့် အနည်းဆုံး နှစ်နာရီကျော်ကျော် ကွာရမည်။ စိတ်အား အလွန်စိုက်ထုတ် လုပ်ကိုင်ရသည့် လုပ်မျိုး ကိုလည်း အိပ်ချိန်နားနီးလျှင် မလုပ်တာ အကောင်းဆုံး ဖြစ်သည်။ သို့မှသာ ကိုယ်ရော စိတ်ပါ သက်သောင့်သက်သာ ရှိကာ နှစ်ခြိုက်စွာ အိပ်ပျော်မည်။

အလွဲ ၈ ။

တီဗီကြည့်ရင်း အိပ်။

အမှန် ၈ ။

တီဗီကြည့်ရင်း အိပ်ပျော်သွား တတ်တာ လူတိုင်း အသိ။ သို့သော် မိမိအိပ်ပျော် သွားလျှင်ပင် တီဗီမှ အလင်းနှင့် အသံတို့က ခန္ဓာကိုယ်နှင့် ဦးနှောက်ကို သက်ရောက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် လူသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း မရှိဘဲ မိုးလင်းလျှင် အိပ်ရေးမဝသည့် ခံစားချက်ဖြင့် နိုးလာတတ်သည်။ လပ်တော့၊ တဲဘလက်၊ ဖုန်းတွေက ပိုတောင် ဆိုးသေးသည်။ အိပ်ရာထဲ ဖုန်းထားအိပ်လျှင် ဖုန်းကို ကောက်ကိုင်ချင်သည့် အကျင့်က အိပ်နေတုန်း မှာပင် နှောင့်ယှက်နိုင် သဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger News Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top