Kantharyar Centre
×

 ဆယ္ေက်ာ္သက္ၿဗိတိန္ မိန္းကေလးတစ္ဦး၏ ရင္သားကုိဆုပ္ကုိင္မႈျဖင့္ ေထာင္ ေျခာက္လက်ခံေနရေသာ ျမန္မာအေထြေထြဆရာ၀န္တစ္ဦးက ေနာက္ထပ္ တရားရင္ဆိုင္အၿပီးတြင္ ျပစ္ဒဏ္ မွ ကင္းလြတ္ခြင့္ရသြားသည္။


ဆိုးဆိုးရြားရြားနားလည္မႈ လဲြမွားမႈႀကီးအျဖစ္ တရားျပန္ လည္ရင္ဆုိင္ခုခံအၿပီးတြင္ ကင္း လြတ္ခြင့္ရခဲ့ျခင္းျဖစ္သည္။ အသက္ (၄၅)ႏွစ္အရြယ္ ေဒါက္ တာအံ့ထြန္းေမာင္သည္ ေဆးခန္း သို႔ လာျပေသာ အသက္ (၁၉)ႏွစ္ အရြယ္ မိန္းကေလးတစ္ဦးကို လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈစြပ္စြဲ ခ်က္ျဖင့္ ၿပီးခဲ့သည့္ဧၿပီလက ေထာင္က်ခဲ့သည္။ အဂၤလန္ႏုိင္ငံ တီးဆုိက္အရပ္ရိွ ထုိေဆးခန္းသုိ႔ မိန္းကေလးက ရင္ဘတ္ေအာင့္သျဖင့္ လာျပခဲ့ျခင္းျဖစ္သည္။

ဘာသာေရးကိုင္း႐ိႈင္းေသာ ဗုဒၶဘာသာ၀င္ေဒါက္တာအ့ံထြန္းေမာင္သည္ မိန္းကေလးအား ဘရာစီယာ ျဖဳတ္ခိုင္းၿပီး ရင္သားကုိ ကုိင္တြယ္ခဲ့သည္ဆုိကာ စြပ္စြဲခံရသည္။

သုိ႔ေသာ္ကေလးတစ္ဦး၏ ဖခင္ေဒါက္တာ အံ့ထြန္းေမာင္ သည္ တရားရင္ဆုိင္ရာတြင္ အႏုိင္ရခဲ့ၿပီး ျပစ္ဒဏ္မွ ကင္းလြတ္ ခြင့္ရခဲ့ၿပီျဖစ္သည္။

တရား႐ံုးအျပင္ဘက္၌ ေျပာၾကားရာတြင္ ေဒါက္တာအံ့ထြန္း ေမာင္က သူအလြန္စိတ္ေပါ့ပါး သက္သာရာရသြားၿပီဟု ဆုိသည္။‘‘ဒီအေၾကာင္းကို လူသိထင္ ရွားျဖစ္ခ်င္ပါတယ္။ ကြၽန္ေတာ့္ ဘက္ကေျပာတာကုိ ပိတ္ခံထား ရတာမို႔ တရား႐ံုးမွာတုန္းက ဥပ

ေဒအရ ကြၽန္ေတာ္က ေျပာခြင့္မရ ခဲ့ဘူး’’ဟု ေျပာသည္။ ၎ေဆးကုသခြင့္ကုိ ၂၀၁၃ ေအာက္တုိဘာကစၿပီး ပိတ္ပင္ထားခဲ့ၿပီး ယခုအခါ ျပန္လည္အလုပ္လုပ္ခြင့္ရ၍ ေနာက္ထပ္ ၾကားနာစစ္ေဆးမႈတစ္ခုကုိလည္း ရင္ဆုိင္ေနရသည္။

တရား႐ံုးတြင္ အမႈစစ္ေဆး စဥ္အတြင္း အဆိုပါအမ်ိဳးသမီး က သူသည္ အေအးမိတုပ္ေကြးက့ဲ သုိ႔ ေရာဂါမ်ိဳးျဖစ္သျဖင့္ ေဆးခန္း သို႔ လာေရာက္ျပသခဲ့သည္ဟု တရားသူႀကီးမ်ားအား ေလွ်ာက္ထားခဲ့သည္။ ေဒါက္တာသည္ ၎၏ နားႏွင့္ လည္ပင္းတုိ႔ကို စစ္ ေဆးၿပီး အက်ႌေအာက္အား နားၾကပ္ျဖင့္ ေထာက္ၿပီး အေရွ႕သုိ႔တုုိးရန္ ေျပာၾကားခဲ့သည္ဟုဆိုသည္။ ထုိေနာက္ ဘရာဇီယာကုိ ခြၽတ္ခုိင္းၿပီး ရင္သားကုိ ကုိင္ခဲ့သည္ဟု အမ်ိဳးသမီးက ေဒါက္တာအား စြပ္စဲြခဲ့သည္။

သို႔ေသာ္ယင္းျဖစ္ရပ္သည္႐ုိး႐ုိးသားသားနားလည္မႈလဲြျခင္းျဖစ္ၿပီး ရင္ဘတ္ႏွလံုးခုန္သံကို ႐ုိး႐ုိးနားေထာင္ျခင္းသာ ျဖစ္သည္ဟု ေဒါက္တာက ေခ်ပခဲ့သည္။

၎ဆယ္ေက်ာ္သက္မိန္းက ေလးအား ဘရာစီယာမခြၽတ္ခုိင္း ခဲ့ေၾကာင္း ေျပာသည္။

တရားခံဘက္မွ ခုခံကာ ကြယ္သူေရွ႕ေနကလည္း ‘‘ရင္ သားကုိကုိင္တာတုိ႔၊ ဆုပ္ကုိင္တာ တုိ႔မရိွပါဘူး။ ဒါက လုပ္သင့္တဲ့ က်န္းမာေရးစစ္ေဆးမႈတစ္ခုျဖစ္ ၿပီး ဒါေတြအားလံုးဆုိးဆုိးရြားရြား နားလည္မႈလြဲတာပါ’’ဟု ေလွ်ာက္ လဲခဲ့သည္။

၎အား ေထာင္ဒဏ္ ၁၈ လက်ခဲ့ၿပီးေနာက္ မိသားစုႏွင့္ မိတ္ေဆြမ်ားက အျပစ္ကင္းေၾကာင္း လႈပ္ရွားမႈမ်ား ေဆာင္ရြက္ခဲ့သကဲ့သုိ႔ အမႈကို ျပန္လည္ရင္ဆုိင္ စစ္ေဆးေစၿပီး ယခုကဲ့သုိ႔ အႏုိင္ ရခဲ့ျခင္းျဖစ္သည္။

ေဒါက္တာအံ့ထြန္းေမာင္ သည္ စာေရးဆရာမ လြန္းထား ထား၏ ခင္ပြန္းျဖစ္ၿပီး အမွန္တ ရားအတြက္ ကူညီခဲ့ၾကေသာ မိတ္ေဆြမ်ားကို ေက်းဇူးတင္ေၾကာင္း  စာေရးဆရာမ လြန္း ထားထားက သူ၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။

‘‘ကမၻာတစ္လႊားမွာရိွေနတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ ခ်စ္ ျခင္းေမတၱာ၊ စာနာေဖးမေထြးကု မႈေတြ မပါ၀င္ဘဲ ဒီေန႔အမွန္တ ရားအတြက္ တုိက္ပဲြမွာ ကြၽန္မတို႔ ေအာင္ျမင္ခဲ့မွာ မဟုတ္ပါဘူး။ ၁၁.၁၁.၂၀၁၆ ရက္ေန႔မွာ တရား မွ်တဲ့ ေအာင္ျမင္မႈကုိ ကြၽန္မတို႔ ရရိွခဲ့ပါတယ္။ အေမွာင္ရက္မ်ား မွာ ကမၻာတစ္လႊားမွာရိွၾကတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ ခ်စ္ ျခင္းေမတၱာေတြ ကူညီေစာင့္ ေရွာက္မႈေတြ၊ မွ်ေ၀ခံစားေပးခဲ့မႈ ေတြ အားလံုးအတြက္ ရင္နဲ႔အမွ် နက္နက္႐ိႈင္း႐ိႈင္း ေက်းဇူးတင္မိ ပါတယ္။ တစ္ဦးတစ္ေယာက္ ခ်င္းစီကုိ ေက်းဇူးတင္စကား ေျပာခ်င္မိပါတယ္။ ဒုကၡေရာက္ စဥ္မွာ ကမ္းလင့္ကူညီခဲ့ေသာ လက္အစံုေပါင္းမ်ားစြာကုိ လႈိက္ လိႈက္လဲွလဲွျပန္လည္ဆြဲကုိင္လႈပ္ ရမ္းၿပီး ေက်းဇူးစကားေျပာခ်င္မိ တာပါ။ ကမၻာတစ္လႊားရိွ မိတ္ ေဆြသူငယ္ခ်င္းေတြအားလံုးကို ခ်စ္ခင္ေက်းဇူးတင္စြာျဖင့္ ေက်းဇူးကမၸည္းတင္အပ္ပါတယ္။ ကြၽန္မ တုိ႔ရဲ႕ ေပ်ာ္ရြင္မႈေတြကုိလည္း မွ် ေ၀ပါတယ္ရွင္။ ခ်စ္ျခင္းမ်ားစြာ ျဖင့္ ေဒါက္တာ အံ့ထြန္းေမာင္၊ လြန္းထားထား၊ သမီးေလး ေမ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဆယ်ကျော်သက်ဗြိတိန် မိန်းကလေးတစ်ဦး၏ ရင်သားကိုဆုပ်ကိုင်မှုဖြင့် ထောင် ခြောက်လကျခံနေရသော မြန်မာအထွေထွေဆရာဝန်တစ်ဦးက နောက်ထပ် တရားရင်ဆိုင်အပြီးတွင် ပြစ်ဒဏ် မှ ကင်းလွတ်ခွင့်ရသွားသည်။


ဆိုးဆိုးရွားရွားနားလည်မှု လွဲမှားမှုကြီးအဖြစ် တရားပြန် လည်ရင်ဆိုင်ခုခံအပြီးတွင် ကင်း လွတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အသက် (၄၅)နှစ်အရွယ် ဒေါက် တာအံ့ထွန်းမောင်သည် ဆေးခန်း သို့ လာပြသော အသက် (၁၉)နှစ် အရွယ် မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲ ချက်ဖြင့် ပြီးခဲ့သည့်ဧပြီလက ထောင်ကျခဲ့သည်။ အင်္ဂလန်နိုင်ငံ တီးဆိုက်အရပ်ရှိ ထိုဆေးခန်းသို့ မိန်းကလေးက ရင်ဘတ်အောင့်သဖြင့် လာပြခဲ့ခြင်းဖြစ်သည်။

ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်ဒေါက်တာအံ့ထွန်းမောင်သည် မိန်းကလေးအား ဘရာစီယာ ဖြုတ်ခိုင်းပြီး ရင်သားကို ကိုင်တွယ်ခဲ့သည်ဆိုကာ စွပ်စွဲခံရသည်။

သို့သော်ကလေးတစ်ဦး၏ ဖခင်ဒေါက်တာ အံ့ထွန်းမောင် သည် တရားရင်ဆိုင်ရာတွင် အနိုင်ရခဲ့ပြီး ပြစ်ဒဏ်မှ ကင်းလွတ် ခွင့်ရခဲ့ပြီဖြစ်သည်။

တရားရုံးအပြင်ဘက်၌ ပြောကြားရာတွင် ဒေါက်တာအံ့ထွန်း မောင်က သူအလွန်စိတ်ပေါ့ပါး သက်သာရာရသွားပြီဟု ဆိုသည်။‘‘ဒီအကြောင်းကို လူသိထင် ရှားဖြစ်ချင်ပါတယ်။ ကျွန်တော့် ဘက်ကပြောတာကို ပိတ်ခံထား ရတာမို့ တရားရုံးမှာတုန်းက ဥပ

ဒေအရ ကျွန်တော်က ပြောခွင့်မရ ခဲ့ဘူး’’ဟု ပြောသည်။ ၎င်းဆေးကုသခွင့်ကို ၂၀၁၃ အောက်တိုဘာကစပြီး ပိတ်ပင်ထားခဲ့ပြီး ယခုအခါ ပြန်လည်အလုပ်လုပ်ခွင့်ရ၍ နောက်ထပ် ကြားနာစစ်ဆေးမှုတစ်ခုကိုလည်း ရင်ဆိုင်နေရသည်။

တရားရုံးတွင် အမှုစစ်ဆေး စဉ်အတွင်း အဆိုပါအမျိုးသမီး က သူသည် အအေးမိတုပ်ကွေးကဲ့ သို့ ရောဂါမျိုးဖြစ်သဖြင့် ဆေးခန်း သို့ လာရောက်ပြသခဲ့သည်ဟု တရားသူကြီးများအား လျှောက်ထားခဲ့သည်။ ဒေါက်တာသည် ၎င်း၏ နားနှင့် လည်ပင်းတို့ကို စစ် ဆေးပြီး အကျႌအောက်အား နားကြပ်ဖြင့် ထောက်ပြီး အရှေ့သို့တိုုးရန် ပြောကြားခဲ့သည်ဟုဆိုသည်။ ထိုနောက် ဘရာဇီယာကို ချွတ်ခိုင်းပြီး ရင်သားကို ကိုင်ခဲ့သည်ဟု အမျိုးသမီးက ဒေါက်တာအား စွပ်စွဲခဲ့သည်။

သို့သော်ယင်းဖြစ်ရပ်သည်ရိုးရိုးသားသားနားလည်မှုလွဲခြင်းဖြစ်ပြီး ရင်ဘတ်နှလုံးခုန်သံကို ရိုးရိုးနားထောင်ခြင်းသာ ဖြစ်သည်ဟု ဒေါက်တာက ချေပခဲ့သည်။

၎င်းဆယ်ကျော်သက်မိန်းက လေးအား ဘရာစီယာမချွတ်ခိုင်း ခဲ့ကြောင်း ပြောသည်။

တရားခံဘက်မှ ခုခံကာ ကွယ်သူရှေ့နေကလည်း ‘‘ရင် သားကိုကိုင်တာတို့၊ ဆုပ်ကိုင်တာ တို့မရှိပါဘူး။ ဒါက လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခုဖြစ် ပြီး ဒါတွေအားလုံးဆိုးဆိုးရွားရွား နားလည်မှုလွဲတာပါ’’ဟု လျှောက် လဲခဲ့သည်။

၎င်းအား ထောင်ဒဏ် ၁၈ လကျခဲ့ပြီးနောက် မိသားစုနှင့် မိတ်ဆွေများက အပြစ်ကင်းကြောင်း လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သကဲ့သို့ အမှုကို ပြန်လည်ရင်ဆိုင် စစ်ဆေးစေပြီး ယခုကဲ့သို့ အနိုင် ရခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအံ့ထွန်းမောင် သည် စာရေးဆရာမ လွန်းထား ထား၏ ခင်ပွန်းဖြစ်ပြီး အမှန်တ ရားအတွက် ကူညီခဲ့ကြသော မိတ်ဆွေများကို ကျေးဇူးတင်ကြောင်း  စာရေးဆရာမ လွန်း ထားထားက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။

‘‘ကမ္ဘာတစ်လွှားမှာရှိနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ချစ် ခြင်းမေတ္တာ၊ စာနာဖေးမထွေးကု မှုတွေ မပါဝင်ဘဲ ဒီနေ့အမှန်တ ရားအတွက် တိုက်ပွဲမှာ ကျွန်မတို့ အောင်မြင်ခဲ့မှာ မဟုတ်ပါဘူး။ ၁၁.၁၁.၂၀၁၆ ရက်နေ့မှာ တရား မျှတဲ့ အောင်မြင်မှုကို ကျွန်မတို့ ရရှိခဲ့ပါတယ်။ အမှောင်ရက်များ မှာ ကမ္ဘာတစ်လွှားမှာရှိကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ချစ် ခြင်းမေတ္တာတွေ ကူညီစောင့် ရှောက်မှုတွေ၊ မျှဝေခံစားပေးခဲ့မှု တွေ အားလုံးအတွက် ရင်နဲ့အမျှ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိ ပါတယ်။ တစ်ဦးတစ်ယောက် ချင်းစီကို ကျေးဇူးတင်စကား ပြောချင်မိပါတယ်။ ဒုက္ခရောက် စဉ်မှာ ကမ်းလင့်ကူညီခဲ့သော လက်အစုံပေါင်းများစွာကို လှိုက် လှိုက်လဲှလဲှပြန်လည်ဆွဲကိုင်လှုပ် ရမ်းပြီး ကျေးဇူးစကားပြောချင်မိ တာပါ။ ကမ္ဘာတစ်လွှားရှိ မိတ် ဆွေသူငယ်ချင်းတွေအားလုံးကို ချစ်ခင်ကျေးဇူးတင်စွာဖြင့် ကျေးဇူးကမ္ပည်းတင်အပ်ပါတယ်။ ကျွန်မ တို့ရဲ့ ပျော်ရွင်မှုတွေကိုလည်း မျှ ဝေပါတယ်ရှင်။ ချစ်ခြင်းများစွာ ဖြင့် ဒေါက်တာ အံ့ထွန်းမောင်၊ လွန်းထားထား၊ သမီးလေး မေ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top