Kantharyar Centre
×

၂၄.၁၁.၂၀၁၆ ရက္ေန႕ ၁၉း၂၅ အခ်ိန္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ (၆)ရပ္ကြက္၊ ဟံသာဝတီဘူတာႏွင့္ လွည္တန္းဘူတာၾကား၊ မိုင္တိုင္အမွတ္(၄/၁၂) ရထား သံလမ္းေပၚတြင္ မိန္းကေလးငယ္တစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း သတင္းအရ ကမာ႐ြတ္ၿမိဳ႕မ ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ စစ္ေဆးခဲ့ရာ အဆိုပါေနရာ၌ အသက္(၁၀)ႏွစ္ခန႔္ရွိ မိန္းကေလးငယ္ တစ္ဦးမွာ လည္ပင္းျပတ္ရွဒဏ္ရာမ်ား၊ ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို စစ္ေဆးေတြ႕ရွိရၿပီး အခင္းျဖစ္ေနရာအနီးတြင္ လြယ္အိတ္(၂)လုံးႏွင့္ ခဲတံ ခြၽန္ေခါက္ဓားတစ္ေခ်ာင္းတို႔အား ေတြ႕ရွိရသျဖင့္ ကမာ႐ြတ္ၿမိဳ႕မရဲစခန္း(ပ)၆၄၁/၂၀၁၆၊ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအားဖမ္းဆီး ရမိေရး စုံစမ္းေဆာင္႐ြက္လ်က္ရွိပါသည္။

အမႈႏွင့္ပတ္သက္၍ ကမာ႐ြတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္ မ်ားက စစ္ေဆးေဆာင္႐ြက္ခဲ့ရာ ေသဆုံးသူမွာ လွိုင္သာယာၿမိဳ႕နယ္၊ မီးခြက္ေစ်းေအာက္ထိပ္ေန မဝင္းဝင္းေအး၊ (၁၀)ႏွစ္ျဖစ္ၿပီး ၎၏မိခင္မေဌးႏွင့္အတူ လွည္းတန္းဂုံးတံတား ေအာက္တြင္ ပန္းေရာင္းသည့္ အလုပ္လုပ္ကိုင္ေၾကာင္းကိုမိခင္ျဖစ္သူ၏ ေျပာဆိုခ်က္ အရ အတည္ျပဳ သိရွိခဲ့ရပါသည္။

စစ္ေမးခ်က္အရ ၂၄.၁၁.၂၀၁၆ ရက္ေန႕တြင္ ၎ႏွင့္ သမီးျဖစ္သူ တို႔ လွည္းတန္းဂုံးတံတားေအာက္၌ ပန္း ေရာင္းေနစဥ္ ညီမျဖစ္သူမိဆယ္၏ခင္ပြန္းေဟာင္းျဖစ္သူ ျပာဂေလာင္(ခ)ေက်ာ္ႀကီး ေရာက္ရွိလာၿပီး ၎တစ္ဦးထဲ ပိုက္ဆံေတာင္းရမ္း ေနသည္မွာ အဆင္မေျပသျဖင့္သမီးျဖစ္သူအား ထည့္ေပးရန္ေျပာရာ သမီးျဖစ္သူ မဝင္းဝင္းေအးအား ထည့္ေပးလိုက္ေၾကာင္း၊ ၎ေနာက္ ၁၉း၄၅ အခ်ိန္တြင္ ျပာဂေလာင္(ခ)ေက်ာ္ႀကီးမွာ တစ္ဦး တည္း ျပန္လည္ေရာက္ရွိလာသျဖင့္ သမီးျဖစ္သူအားေမးျမန္းရာ အရင္ျပန္လႊတ္လိုက္ၿပီျဖစ္ေၾကာင္း ေျပာဆို ေသာ္လည္း ၎မွ သမီးျဖစ္သူမွာ ျပန္လည္ေရာက္ရွိျခင္း မရွိေသးေၾကာင္း ျပန္ေျပာရာ ျပာဂေလာင္(ခ)ေက်ာ္ႀကီး မွ လိုက္ရွာဦးမည္ဟုေျပာဆို၍ အင္းယားကန္ေဘာင္ ဘက္သို႔ ထြက္သြားခဲ့ေၾကာင္း၊ ၎မွလည္း သမီးျဖစ္သူ အား လိုက္လံရွာေဖြစဥ္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ မိန္းကေလး ငယ္တစ္ဦး ေသဆုံးေနေၾကာင္း ဓါတ္ပုံအားျပသသျဖင့္ ၾကည့္ရႈရာမွ သမီးျဖစ္သူမွာ ဟံသာဝတီဘူတာႏွင့္ လွည္းတန္း ဘူတာၾကား ရထားသံလမ္းေပၚတြင္ ဒဏ္ရာ မ်ားျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္းသိရွိရၿပီး အနီးတြင္လည္း ျပာဂေလာင္(ခ)ေက်ာ္ႀကီး လြယ္သြား ေသာ အျပာအျဖဴစိမ္း ပတ္လည္စင္းပါ ခ်ည္လြယ္အိတ္ အား ေတြ႕ရွိျခင္းျဖစ္ေၾကာင္း သိရွိရပါသည္။

အမႈမွျပစ္မႈက်ဴးလြန္သူ ျပာဂေလာင္(ခ)ေက်ာ္ႀကီးအား ဖမ္းဆီးရမိေရး ရဲတပ္ဖြဲ႕မွ စုံစမ္းေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
၂၄.၁၁.၂၀၁၆ ရက်နေ့ ၁၉း၂၅ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၄/၁၂) ရထား သံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အသက်(၁၀)နှစ်ခန့်ရှိ မိန်းကလေးငယ် တစ်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးတွင် လွယ်အိတ်(၂)လုံးနှင့် ခဲတံ ချွန်ခေါက်ဓားတစ်ချောင်းတို့အား တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၆၄၁/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအားဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအောက်ထိပ်နေ မဝင်းဝင်းအေး၊ (၁၀)နှစ်ဖြစ်ပြီး ၎င်း၏မိခင်မဌေးနှင့်အတူ လှည်းတန်းဂုံးတံတား အောက်တွင် ပန်းရောင်းသည့် အလုပ်လုပ်ကိုင်ကြောင်းကိုမိခင်ဖြစ်သူ၏ ပြောဆိုချက် အရ အတည်ပြု သိရှိခဲ့ရပါသည်။

စစ်မေးချက်အရ ၂၄.၁၁.၂၀၁၆ ရက်နေ့တွင် ၎င်းနှင့် သမီးဖြစ်သူ တို့ လှည်းတန်းဂုံးတံတားအောက်၌ ပန်း ရောင်းနေစဉ် ညီမဖြစ်သူမိဆယ်၏ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတစ်ဦးထဲ ပိုက်ဆံတောင်းရမ်း နေသည်မှာ အဆင်မပြေသဖြင့်သမီးဖြစ်သူအား ထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မဝင်းဝင်းအေးအား ထည့်ပေးလိုက်ကြောင်း၊ ၎င်းနောက် ၁၉း၄၅ အချိန်တွင် ပြာဂလောင်(ခ)ကျော်ကြီးမှာ တစ်ဦး တည်း ပြန်လည်ရောက်ရှိလာသဖြင့် သမီးဖြစ်သူအားမေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောဆို သော်လည်း ၎င်းမှ သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ပြန်ပြောရာ ပြာဂလောင်(ခ)ကျော်ကြီး မှ လိုက်ရှာဦးမည်ဟုပြောဆို၍ အင်းယားကန်ဘောင် ဘက်သို့ ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူ အား လိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေး ငယ်တစ်ဦး သေဆုံးနေကြောင်း ဓါတ်ပုံအားပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနှင့် လှည်းတန်း ဘူတာကြား ရထားသံလမ်းပေါ်တွင် ဒဏ်ရာ များဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းသိရှိရပြီး အနီးတွင်လည်း ပြာဂလောင်(ခ)ကျော်ကြီး လွယ်သွား သော အပြာအဖြူစိမ်း ပတ်လည်စင်းပါ ချည်လွယ်အိတ် အား တွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ပြာဂလောင်(ခ)ကျော်ကြီးအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top