Property Expo
×


အလုပ္မလုပ္မီ ေလ့က်င့္ခန္းျပဳလုပ္ျခင္း (သုိ႔မဟုတ္) ေၾကာ္ ထားေသာ အစားအစာမ်ားမစားဘဲ သစ္သီးမ်ား၊ ဟင္းသီးဟင္းရြက္ မ်ား စားသံုးပါက ဦးေႏွာက္လုပ္ေဆာင္ခ်က္ တုိးတက္ေကာင္းမြန္လာႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။


က်န္းမာေရးႏွင့္ညီေသာ လူေနမႈဘ၀ပံုစံမ်ားအတုိင္း ေနထိုင္ ျခင္းေၾကာင့္ မိမိကုိယ္ကုိယ္ထိန္းခ်ဳပ္ႏုိင္ျခင္း၊ ရည္မွန္းခ်က္မ်ား စီစဥ္ ထားရိွၿပီး ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ျခင္း၊ စိတ္ဆတ္မႈမရိွျခင္း ႏွင့္ ျပႆနာမ်ားေျဖရွင္းႏုိင္ျခင္းစေသာ စြမ္းရည္မ်ားကို ျဖစ္ေပၚေစ သည့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို ပိုေကာင္းလာေစႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

ကုိယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္း၊ ၾကာရွည္ခံေအာင္ စီမံထားေသာ အစားအစာမ်ား ေလွ်ာ့စားျခင္း၊ သစ္သီးမ်ား၊ ဟင္းသီးဟင္း ရြက္မ်ား ပုိစားေပးျခင္းတုိ႔ကဲ့သုိ႔ က်န္းမာေရးအေလ့အထမ်ားကို ေျပာင္းလဲလုပ္ေဆာင္သူမ်ားသည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ဦးေႏွာက္လုပ္ေဆာင္ခ်က္တုိးတက္လာႏုိင္ၿပီး အသက္အရြယ္ရလာခ်ိန္တြင္လည္း ဆက္လက္၍ က်န္းမာစြာ ေနထုိင္ႏုိင္ေျခပုိမ်ားလာႏုိင္သည္ဟု ၿဗိတိန္ႏုိင္ငံ အဘာဒင္းတကၠသုိလ္မွ သုေတသီမ်ားက ေျပာ သည္။

သုေတသီမ်ားက ကုိယ္လက္လႈပ္ရွားမႈႏွင့္ ဦးေႏွာက္လုပ္ ေဆာင္ခ်က္ၾကား ဆက္စပ္မႈကုိ ခဲြျခမ္းေလ့လာကာ အသက္အရြယ္၊က်ား/မကြာျခားမႈ၊ ပညာအရည္အခ်င္း၊ ခ်မ္းသာႂကြယ္၀မႈ၊  နာမ က်န္းျဖစ္မႈတုိ႔ကဲ့သို႔ အျခားေျပာင္းလဲႏုိင္ေသာ အေျခအေနမ်ားကို ညိႇႏိႈင္းကာ ေလ့လာခဲ့ၿပီး ယင္းျဖစ္ရပ္ႏွစ္ခုအၾကား အျပန္အလွန္ ဆက္စပ္မႈရိွေၾကာင္း ေလ့လာေတြ႕ရိွခဲ့သည္။

ဦးေႏွာက္လုပ္ေဆာင္ခ်က္ မေကာင္းသူမ်ားသည္ ကုိယ္လက္ လႈပ္ရွားမႈႏႈန္း နည္းပါးသူမ်ားျဖစ္ၿပီး အားကစားမ်ား၊ ကိုယ္လက္ လႈပ္ရွားမႈမ်ား ျပဳလုပ္ေသာ အသက္အရြယ္ႀကီးသူမ်ားသည္ အခ်ိန္ ၾကာလာသည္ႏွင့္အမွ် ဦးေႏွာက္လုပ္ေဆာင္ခ်က္ တုိးတက္ေကာင္း မြန္ေၾကာင္း သုေတသီမ်ားကေျပာသည္။

ေဆးလိပ္ေသာက္ျခင္း (သို႔မဟုတ္) အရက္အလြန္အကြၽံ ေသာက္ျခင္းကဲ့သို႔ က်န္းမာေရးႏွင့္မညီေသာ အျပဳအမူမ်ားေၾကာင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကုိ ထိခိုက္အားေလ်ာ့ေစႏုိင္ေၾကာင္း သု ေတသီမ်ားက ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အလုပ်မလုပ်မီ လေ့ကျင့်ခန်းပြုလုပ်ခြင်း (သို့မဟုတ်) ကြော် ထားသော အစားအစာများမစားဘဲ သစ်သီးများ၊ ဟင်းသီးဟင်းရွက် များ စားသုံးပါက ဦးနှောက်လုပ်ဆောင်ချက် တိုးတက်ကောင်းမွန်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။


ကျန်းမာရေးနှင့်ညီသော လူနေမှုဘဝပုံစံများအတိုင်း နေထိုင် ခြင်းကြောင့် မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်း၊ ရည်မှန်းချက်များ စီစဉ် ထားရှိပြီး ပြီးမြောက်အောင် လုပ်ဆောင်ခြင်း၊ စိတ်ဆတ်မှုမရှိခြင်း နှင့် ပြဿနာများဖြေရှင်းနိုင်ခြင်းစသော စွမ်းရည်များကို ဖြစ်ပေါ်စေ သည့် ဦးနှောက်လုပ်ဆောင်ချက်ကို ပိုကောင်းလာစေနိုင်သည်ဟု သုတေသီများကပြောသည်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကြာရှည်ခံအောင် စီမံထားသော အစားအစာများ လျှော့စားခြင်း၊ သစ်သီးများ၊ ဟင်းသီးဟင်း ရွက်များ ပိုစားပေးခြင်းတို့ကဲ့သို့ ကျန်းမာရေးအလေ့အထများကို ပြောင်းလဲလုပ်ဆောင်သူများသည် အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်လုပ်ဆောင်ချက်တိုးတက်လာနိုင်ပြီး အသက်အရွယ်ရလာချိန်တွင်လည်း ဆက်လက်၍ ကျန်းမာစွာ နေထိုင်နိုင်ခြေပိုများလာနိုင်သည်ဟု ဗြိတိန်နိုင်ငံ အဘာဒင်းတက္ကသိုလ်မှ သုတေသီများက ပြော သည်။

သုတေသီများက ကိုယ်လက်လှုပ်ရှားမှုနှင့် ဦးနှောက်လုပ် ဆောင်ချက်ကြား ဆက်စပ်မှုကို ခွဲခြမ်းလေ့လာကာ အသက်အရွယ်၊ကျား/မကွာခြားမှု၊ ပညာအရည်အချင်း၊ ချမ်းသာကြွယ်ဝမှု၊  နာမ ကျန်းဖြစ်မှုတို့ကဲ့သို့ အခြားပြောင်းလဲနိုင်သော အခြေအနေများကို ညှိနှိုင်းကာ လေ့လာခဲ့ပြီး ယင်းဖြစ်ရပ်နှစ်ခုအကြား အပြန်အလှန် ဆက်စပ်မှုရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဦးနှောက်လုပ်ဆောင်ချက် မကောင်းသူများသည် ကိုယ်လက် လှုပ်ရှားမှုနှုန်း နည်းပါးသူများဖြစ်ပြီး အားကစားများ၊ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်သော အသက်အရွယ်ကြီးသူများသည် အချိန် ကြာလာသည်နှင့်အမျှ ဦးနှောက်လုပ်ဆောင်ချက် တိုးတက်ကောင်း မွန်ကြောင်း သုတေသီများကပြောသည်။

ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) အရက်အလွန်အကျွံ သောက်ခြင်းကဲ့သို့ ကျန်းမာရေးနှင့်မညီသော အပြုအမူများကြောင့် ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်အားလျော့စေနိုင်ကြောင်း သု တေသီများက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top