Property Expo
×

နယူးကာဆယ္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ တုိက္စစ္မွဴးေဟာင္းတစ္ေယာက္ျဖစ္တဲ့ အဂၤလန္ကစားသမား အန္ဒီကာရုိးလ္ကို ဆိုင္ကယ္စီးနင္းလာတဲ့ ေသနတ္သမားေတြက လုိက္လံပစ္ခတ္ခဲ့တာနဲ႔ ပတ္သက္ၿပီး အဂၤလန္ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

ကာရုိးလ္ဟာဆိုရင္ေတာ့ ေလ့က်င့္ေရးကြင္းကေန အိမ္အျပန္မွာ အခုလိုပဲ ေသနတ္သမားေတြနဲ႔ ရင္ဆုိင္ခဲ့ရတာျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းရဲ႕ ေလ့က်င့္ေရးကြင္းျဖစ္တဲ့ Rush Green ဘက္ကို ကားကုိ ျပန္လွည့္ၿပီး ေမာင္းေျပးခဲ့ရတယ္လုိ႔ သိရပါတယ္။ ဝက္စ္ဟမ္းအသင္းရဲ႕ ေျပာေရးဆုိခြင့္ရွိသူကေတာ့ ဒီျဖစ္ရပ္ေပၚကို တင္းတင္းၾကပ္ၾကပ္စစ္ေဆးလ်က္ရွိေနတယ္လုိ႔ ေျပာပါတယ္။ အန္ဒီကာရုိးလ္ကေတာ့ လက္မတင္ေလး ေဘးကင္းခဲ့ၿပီး ကံေကာင္းခဲ့ပါတယ္။

ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာတဲ့ အဂၤလန္လက္ေရြးစင္တုိက္စစ္မွဴးေဟာင္း ကာရုိးလ္ဟာဆုိရင္ေတာ့ ဝက္စ္ဟမ္းအသင္းအတြက္ မကစားေပးနုိင္တာ အခ်ိန္ၾကာျမင့္ေနပါၿပီ။ ရာသီအစကရင္း အနားယူေနရတဲ့ ကာရုိးလ္ဟာဆိုရင္ေတာ့ ၂၀၁၃ ခုႏွစ္အတြင္းမွာ လီဗာပူးလ္အသင္းကေန ဝက္စ္ဟမ္းအသင္းကို ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး ၃၈ ပြဲသာ ပြဲထြက္ကစားရေသးတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
နယူးကာဆယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ အင်္ဂလန်ကစားသမား အန်ဒီကာရိုးလ်ကို ဆိုင်ကယ်စီးနင်းလာတဲ့ သေနတ်သမားတွေက လိုက်လံပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး အင်္ဂလန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ကာရိုးလ်ဟာဆိုရင်တော့ လေ့ကျင့်ရေးကွင်းကနေ အိမ်အပြန်မှာ အခုလိုပဲ သေနတ်သမားတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ Rush Green ဘက်ကို ကားကို ပြန်လှည့်ပြီး မောင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီဖြစ်ရပ်ပေါ်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးလျက်ရှိနေတယ်လို့ ပြောပါတယ်။ အန်ဒီကာရိုးလ်ကတော့ လက်မတင်လေး ဘေးကင်းခဲ့ပြီး ကံကောင်းခဲ့ပါတယ်။

ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကာရိုးလ်ဟာဆိုရင်တော့ ဝက်စ်ဟမ်းအသင်းအတွက် မကစားပေးနိုင်တာ အချိန်ကြာမြင့်နေပါပြီ။ ရာသီအစကရင်း အနားယူနေရတဲ့ ကာရိုးလ်ဟာဆိုရင်တော့ ၂၀၁၃ ခုနှစ်အတွင်းမှာ လီဗာပူးလ်အသင်းကနေ ဝက်စ်ဟမ်းအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃၈ ပွဲသာ ပွဲထွက်ကစားရသေးတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top