Property Expo
×
#Unicode Version
ကျန်းမာခြင်းဆိုတာ လူတိုင်းတောင့်တကြတဲ့ တန်ဖိုးကြီး ဆုလက်ဆောင်တစ်ခုလိုပါပဲ။ လူတိုင်းတော့ မရနိုင်ကြပါဘူး။ ဘယ်သူကမှ လည်း ဖန်တီးပေးလိုက်မရပါဘူး။ ကိုယ်တိုင်ပဲ အသိဉာဏ်ရှိရှိနဲ့ ဆင်ခြင်နေထိုင်မယ်ဆိုရင်တော့ ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ပြီး နေထိုင်နိုင်မှာပါ။
ဒါ့ကြောင့်မို့လို့ အစားအသောက်နဲ့ အနေအထိုင်မှ စလို့ ကျန်းမာဖို့အတွက် အစားအသောက် စားသုံး ခြင်း နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်…
- သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါ။
- အသား၊ ငါးတွေစားသုံးမယ်ဆိုရင် အဆီတက်နိုင်မယ့်၊ ကယ်လိုရီ တက်မယ့် အစာတွေကို ရွေးချယ်ရှောင်ရှားပါ။
- တစ်ပတ်ကို နှစ်ကြိမ်ခန့် ငါးစားပေးပါ။
- အစေ့၊ အဆံတွေကို စားသုံးပေးပါ။
- အရက်နဲ့ အယ်လ်ကိုဟောဓာတ်ပါတဲ့ အချိုရည်ယမကာ သောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
အချိုဓာတ်နဲ့ အငံဓာတ်များများ စားသုံးခြင်းကို ရှောင်ပါ။
- အစားစားသုံးပြီးချင်း လှဲလျောင်းခြင်း၊ ခန္ဓာကိုယ်အလှည့်အပြောင်း လုပ်ခြင်းတွေကို သတိထားပါ။
- မီးကင်ထားတဲ့ အသားနဲ့ အစားအစာတွေကို အလွန်အကျွံ မစားသုံးပါနဲ့။
- ညစာကို ညဥ့်နက်စားသုံးခြင်း မပြုပါနဲ့။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top