Property Expo
×

ဧရာ၀တီတုိင္း ဘုိကေလးၿမိဳ႕နယ္က ေလွလုံးကြဲေက်းရြာမွာ မိေက်ာင္းသုိက္ေတြ ေတြ႔ရွိၿပီး မိေက်ာင္းသိုက္ရွိတာေၾကာင့္ ေဒသခံရြာသားေတြကို ရန္ျပဳတာေတြပိုၿပီး လုပ္ေလ့ရွိတယ္လို႔ ေလွလံုးကြဲေက်းရြာကရြာသားေတြကေျပာပါတယ္။crocodileေလွလံုးကြဲေက်းရြာမွာ
 ႏွစ္စဥ္မိေက်ာင္းသိုက္ႏွစ္ခုခန္႔ အၿမဲလုပ္ေလ့ရွိၿပီး အသိုက္ကို ေမလမွာ စတင္လုပ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

“မိေက်ာင္းသိုက္ကေတာ့ႏွစ္တိုင္း ဒီလိုေတာဆင္ေျခဖံုးေလးရွိရင္တက္တယ္။ တက္တဲ့အခါ ဥဥၿပီးဥဥတဲ့ဝန္းက်င္မွာပဲ သူအၿမဲေနတယ္။ ေခ်ာင္း႐ိုးပတ္ဝန္းက်င္မွာေနတယ္။ ေလွငယ္ေတြလာရင္ လိုက္တယ္။ လူေတြကိုအနီးကပ္ေတြ႔ရင္လည္း ကိုက္တယ္ေပါ့။ ဂဏန္းေထာင္သမားေတြ ဘာေတြအနီးအနားမွာရွိရင္ မိေက်ာင္းကအလိုလိုသိတယ္။ သိၿပီးမၾကာခင္ ေရာက္လာေတာ့တာပဲ။ ေရာက္လာၿပီးလူေတြကို ရန္ျပဳေတာ့တာပဲ။ က်ေနာ္တို႔လက္ရွိေနတဲ့ ေခ်ာင္းထဲ မိေက်ာင္းက သူ႔ရာသီနီးလာရင္ သံုးေလးေကာင္ အၿမဲလာတယ္၊၊ ဒီႏွစ္ဆိုအသိုက္ကအေနာက္ ေခ်ာင္းမွာတခု၊ အေရွ႕ေခ်ာင္းမွာတခု။ ဒါကလူသိတာေပါ့။ လူမသိတာေတြလည္းရွိတယ္” လို႔ေလွလံုးကြဲေက်းရြာက ဆယ္အိမ္စုမႉး ကိုလွမင္းကဆိုပါတယ္။

မိေက်ာင္းေတြဟာ ဝါဆိုဝါေခါင္လေတြမွာ ဥဥေလ့ရွိၿပီး ေတာ္သလင္းလနဲ႔ သီတင္းကၽြတ္လေတြမွာ သားေပါက္ေလ့ရွိကာအသိုက္ကိုစြန္႔ေလ့ရွိတယ္လို႔ သူကဆိုပါတယ္။

မိေက်ာင္းအသိုက္ေတြကို ၿခံဳထူတဲ့ေနရာေတြမွာ လုပ္ေလ့ရွိၿပီး ငွက္ႀကီးေထာင္စတဲ့ သစ္ရြက္သစ္ခက္ေတြနဲ႔ စုကာအဝိုင္းအျဖစ္ လုပ္ထားၿပီး ေခြထားေလ့ရွိပါတယ္။

မိေက်ာင္းသိုက္ကိုမိေက်ာင္းအဖိုနဲ႔အမတို႔က ေစာင့္ေရွာက္ၿပီးအသိုက္အနီးမွာ ေရအိုင္လုပ္ထားေလ့ရွိပါတယ္။

အိမ္ကသားက ဂဏန္းသြားေထာင္တာ။ ပိုင္ေတြခ်ေနရင္းနဲ႔ ေရကတက္လာေရာ။ ေရကေရာက္လာေတာ့ မိေက်ာင္းက ထိုးတက္ၿပီးေတာ့ ကေလးေနာက္ကိုလိုက္တာ။ ကေလးကေၾကာက္ၿပီးေတာ့ ပိုင္ေတြပစ္ထားခဲ့ၿပီးသမွဲ႔ပင္ေပၚတက္ေျပးလို႔လြတ္တာ”လို ေလွလံုးကြဲေက်းရြာေန ေဒၚစန္းျမင့္ကေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး မိန္းမလွကၽြန္း ေတာရိုင္းတိရိစၧာန္ ေဘးမဲ့ေတာဧရိယာဟာ ၃၃၇၇၉ ဧကရွိၿပီး၊ ကၽြန္းအတြင္းမွာ ေရခ်ဳိေရငန္စပ္ မိေက်ာင္းအေကာင္ေရ ၃၀ ေက်ာ္ရွိေနေၾကာင္း၊ အႀကီးဆံုးမိေက်ာင္းဟာ ၁၈ ေပအထိရွိၿပီး၊ ကၽြန္းျပင္ပဧရိယာအတြင္းမွာ လည္းစာရင္းေကာက္ယူထားျခင္း မရွိေသးတဲ့ မိေက်ာင္းေတြရွိႏိုင္ေၾကာင္း၊ မိန္းမလွ ကၽြန္းအတြင္းမွာ မိေက်ာင္းသိုက္ ၄ ခုရွိၿပီး၊ႏွစ္စဥ္ဥအလံုးေရ ၂၀၀ ခန္႔ဥေလ့ရွိေၾကာင္း၊ မိေက်ာင္းရဲ႕ အရြယ္အစားေပၚမူတည္ကာ တေကာင္ကို ဥအလံုးေရ၅၀ မွ ၇၀ ခန္႔အထိ ဥေလ့ရွိၿပီး၊ မိေက်ာင္းသားေပါက္ရဲ႕ ရွင္သန္မႈႏႈန္းဟာ အေကာင္တရာကို တေကာင္ႏႈန္းသာရွိတယ္လို႔ဘိုကေလးၿမိဳ႕နယ္သဘာဝပတ္ဝန္းက်င္ႏွင့္ ေတာ႐ိုင္းတိရစၧာန္ထိန္းသိမ္းေရးဌာန
က ဦးစီးအရာရွိ ဦးျမလြင္ကေျပာပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB

#Unicode Version
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က လှေလုံးကွဲကျေးရွာမှာ မိကျောင်းသိုက်တွေ တွေ့ရှိပြီး မိကျောင်းသိုက်ရှိတာကြောင့် ဒေသခံရွာသားတွေကို ရန်ပြုတာတွေပိုပြီး လုပ်လေ့ရှိတယ်လို့ လှေလုံးကွဲကျေးရွာက ရွာသားတွေကပြောပါတယ်။crocodile

လှေလုံးကွဲကျေးရွာမှာ နှစ်စဉ်မိကျောင်းသိုက်နှစ်ခုခန့် အမြဲလုပ်လေ့ရှိပြီး အသိုက်ကို မေလမှာ စတင်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“မိကျောင်းသိုက်ကတော့နှစ်တိုင်း ဒီလိုတောဆင်ခြေဖုံးလေးရှိရင်တက်တယ်။ တက်တဲ့အခါ ဥဥပြီးဥဥတဲ့ဝန်းကျင်မှာပဲ သူအမြဲနေတယ်။ ချောင်းရိုးပတ်ဝန်းကျင်မှာနေတယ်။ လှေငယ်တွေလာရင် လိုက်တယ်။ လူတွေကိုအနီးကပ်တွေ့ရင်လည်း ကိုက်တယ်ပေါ့။ ဂဏန်းထောင်သမားတွေ ဘာတွေအနီးအနားမှာရှိရင် မိကျောင်းကအလိုလိုသိတယ်။ သိပြီးမကြာခင် ရောက်လာတော့တာပဲ။ ရောက်လာပြီးလူတွေကို ရန်ပြုတော့တာပဲ။ ကျနော်တို့လက်ရှိနေတဲ့ ချောင်းထဲ မိကျောင်းက သူ့ရာသီနီးလာရင် သုံးလေးကောင် အမြဲလာတယ်၊၊ ဒီနှစ်ဆိုအသိုက်ကအနောက် ချောင်းမှာတခု၊ အရှေ့ချောင်းမှာတခု။ ဒါကလူသိတာပေါ့။ လူမသိတာတွေလည်းရှိတယ်” လို့လှေလုံးကွဲကျေးရွာက ဆယ်အိမ်စုမှူး ကိုလှမင်းကဆိုပါတယ်။

မိကျောင်းတွေဟာ ဝါဆိုဝါခေါင်လတွေမှာ ဥဥလေ့ရှိပြီး တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ သားပေါက်လေ့ရှိကာအသိုက်ကိုစွန့်လေ့ရှိတယ်လို့ သူကဆိုပါတယ်။

မိကျောင်းအသိုက်တွေကို ခြုံထူတဲ့နေရာတွေမှာ လုပ်လေ့ရှိပြီး ငှက်ကြီးထောင်စတဲ့ သစ်ရွက်သစ်ခက်တွေနဲ့ စုကာအဝိုင်းအဖြစ် လုပ်ထားပြီး ခွေထားလေ့ရှိပါတယ်။

မိကျောင်းသိုက်ကို မိကျောင်းအဖိုနဲ့ အမတို့က စောင့်ရှောက်ပြီး အသိုက်အနီးမှာ ရေအိုင်လုပ်ထားလေ့ရှိပါတယ်။

“အိမ်ကသားက ဂဏန်းသွားထောင်တာ။ ပိုင်တွေချနေရင်းနဲ့ ရေကတက်လာရော။ ရေကရောက်လာတော့ မိကျောင်းက ထိုးတက်ပြီးတော့ ကလေးနောက်ကိုလိုက်တာ။ ကလေးကကြောက်ပြီးတော့ ပိုင်တွေပစ်ထားခဲ့ပြီး သမှဲ့ပင်ပေါ်တက်ပြေးလို့ လွတ်တာ”လို လှေလုံးကွဲကျေးရွာနေ ဒေါ်စန်းမြင့်ကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောဧရိယာဟာ ၃၃၇၇၉ ဧကရှိပြီး၊ ကျွန်းအတွင်းမှာ ရေချိုရေငန်စပ် မိကျောင်းအကောင်ရေ ၃၀ ကျော်ရှိနေကြောင်း၊ အကြီးဆုံးမိကျောင်းဟာ ၁၈ ပေအထိရှိပြီး၊ ကျွန်းပြင်ပဧရိယာအတွင်းမှာ လည်းစာရင်းကောက်ယူထားခြင်း မရှိသေးတဲ့ မိကျောင်းတွေရှိနိုင်ကြောင်း၊ မိန်းမလှ ကျွန်းအတွင်းမှာ မိကျောင်းသိုက် ၄ ခုရှိပြီး၊နှစ်စဉ်ဥအလုံးရေ ၂၀၀ ခန့်ဥလေ့ရှိကြောင်း၊ မိကျောင်းရဲ့ အရွယ်အစားပေါ်မူတည်ကာ တကောင်ကို ဥအလုံးရေ၅၀ မှ ၇၀ ခန့်အထိ ဥလေ့ရှိပြီး၊ မိကျောင်းသားပေါက်ရဲ့ ရှင်သန်မှုနှုန်းဟာ အကောင်တရာကို တကောင်နှုန်းသာရှိတယ်လို့ ဘိုကလေးမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဦးစီးအရာရှိ ဦးမြလွင်ကပြောပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top