Property Expo
×


ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖဲြ႕သည္ က်ဴးေက်ာ္ေန ထုိင္သူမ်ားအတြက္ တန္ဖိုးနည္း တုိက္ခန္းတစ္ေသာင္းေက်ာ္ စီစဥ္ ေနေၾကာင္း သတင္းရရွိသည္။


ႏုိ၀င္ဘာ ၁၆ ရက္တြင္ က်င္း ပေသာ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္၌ ဒဂုံၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္(၂)လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေက်ာ္ေဇယ်က တုိင္းေဒသႀကီးအစိုးရအဖဲြ႕အေနျဖင့္ က်ဴး ေက်ာ္ေနထုိင္သူမ်ားအတြက္ စီမံ ေဆာင္ရြက္ေနမႈကုိ ၾကယ္ပြင့္ျပ ေမးခြန္းေမးျမန္းရာ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ေျဖၾကားခဲ့ ျခင္း ျဖစ္သည္။

ရန္ကုန္တုိင္းေဒသႀကီး အစိုး ရအဖဲြ႕သည္ က်ဴးေက်ာ္ေနထုိင္သူ မ်ားအတြက္ လႈိင္သာယာႏွင့္ ဒဂုံ ၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္ ႏွစ္ခု တြင္ တုိက္ခန္းႏွစ္ေထာင္ေက်ာ္ ေဆာက္လုပ္ၿပီးစီးထားၿပီး လႈိင္သာယာ၊ သန္လ်င္၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)၊ ဒဂုံ(အေရွ႕ပိုင္း) စသည့္ၿမိဳ႕နယ္ ေလးခုတြင္ တိုက္ခန္းရွစ္ေထာင္ ထပ္မံတည္ေဆာက္ ရန္ စီစဥ္ေနေၾကာင္း နယ္လုံ၀န္ႀကီးဗိုလ္မွဴးႀကီးတင္ေအာင္ထြန္း က လႊတ္ေတာ္၌ေျပာၾကားသည္။

‘‘ေဆာက္လုပ္ၿပီးအျဖစ္ လႈိင္ သာယာၿမိဳ႕နယ္ ေရႊလင္ဗန္းအပိုင္း(၂၊၃)မွာ အခန္းတစ္ေထာင္၊ ဒဂုံ ၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ ယုဇန အိမ္ရာအပိုင္း (၁၊ ၂)မွာအခန္း တစ္ေထာင့္ႏွစ္ရာ့ရွစ္လုံး ျဖစ္ပါ တယ္။ ေဆာက္ဖို႔လ်ာထားတာ ေလးၿမိဳ႕နယ္မွာ ရွစ္ေထာင္လ်ာ ထားပါတယ္။ အေပၚက လႈိင္သာ ယာနဲ႔ သန္လ်င္က ခြင့္ျပဳခ်က္ရၿပီး ျဖစ္ပါတယ္။ က်န္တဲ့ႏွစ္ခုကေတာ့ စီမံေဆာင္ရြက္ဆဲ ျဖစ္ပါတယ္’’ဟု နယ္လုံ၀န္ႀကီးက ရွင္းျပသည္။

က်ဴးေက်ာ္စာရင္းေပးသြင္း႐ုံ ျဖင့္ အခန္းႏွင့္ေျမကြက္ရရွိမည္ မဟုတ္ဘဲ က်ဴးေက်ာ္ျပည္သူမ်ား အလုပ္လုပ္မွသာ အစိုးရအဖဲြ႕က ေနစရာ ဖန္တီးေပးႏုိင္မည္ျဖစ္ ေၾကာင္း ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက စက္တင္ဘာ ၁၇ရက္တြင္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ က်ဴးေက်ာ္မ်ားအား စာရင္းေကာက္ယူသည့္ အေနအထားကို သြားေရာက္ၾကည့္႐ႈစဥ္ ေျပာၾကားခဲ့သည္။

ရန္ကုန္တုိင္းအစိုးရအဖဲြ႕သည္ က်ဴးေက်ာ္မ်ားအတြက္ ထန္းတပင္ၿမိဳ႕နယ္တြင္ ေျမဧရိယာ ၅၃၄ဧကေပၚ ၌ ေပ ၂၀ × ၃၀ အကြက္ေပါင္း တစ္ေသာင္းငါးေထာင္ခန္႔ရွိသည့္ ရပ္ကြက္တစ္ခုကုိ တုိးခ်ဲ႕တည္ေဆာက္ရန္ စီစဥ္ထားၿပီး တံြေတးၿမိဳ႕အနီး၌ အရန္ေျမေနရာဧကတစ္ေသာင္း လ်ာထားေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကျူးကျော်နေ ထိုင်သူများအတွက် တန်ဖိုးနည်း တိုက်ခန်းတစ်သောင်းကျော် စီစဉ် နေကြောင်း သတင်းရရှိသည်။


နိုဝင်ဘာ ၁၆ ရက်တွင် ကျင်း ပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျူး ကျော်နေထိုင်သူများအတွက် စီမံ ဆောင်ရွက်နေမှုကို ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့သည် ကျူးကျော်နေထိုင်သူ များအတွက် လှိုင်သာယာနှင့် ဒဂုံ မြို့သစ် (ဆိပ်ကမ်း)မြို့နယ် နှစ်ခု တွင် တိုက်ခန်းနှစ်ထောင်ကျော် ဆောက်လုပ်ပြီးစီးထားပြီး လှိုင်သာယာ၊ သန်လျင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံ(အရှေ့ပိုင်း) စသည့်မြို့နယ် လေးခုတွင် တိုက်ခန်းရှစ်ထောင် ထပ်မံတည်ဆောက် ရန် စီစဉ်နေကြောင်း နယ်လုံဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်း က လွှတ်တော်၌ပြောကြားသည်။

‘‘ဆောက်လုပ်ပြီးအဖြစ် လှိုင် သာယာမြို့နယ် ရွှေလင်ဗန်းအပိုင်း(၂၊၃)မှာ အခန်းတစ်ထောင်၊ ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇန အိမ်ရာအပိုင်း (၁၊ ၂)မှာအခန်း တစ်ထောင့်နှစ်ရာ့ရှစ်လုံး ဖြစ်ပါ တယ်။ ဆောက်ဖို့လျာထားတာ လေးမြို့နယ်မှာ ရှစ်ထောင်လျာ ထားပါတယ်။ အပေါ်က လှိုင်သာ ယာနဲ့ သန်လျင်က ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ ကျန်တဲ့နှစ်ခုကတော့ စီမံဆောင်ရွက်ဆဲ ဖြစ်ပါတယ်’’ဟု နယ်လုံဝန်ကြီးက ရှင်းပြသည်။

ကျူးကျော်စာရင်းပေးသွင်းရုံ ဖြင့် အခန်းနှင့်မြေကွက်ရရှိမည် မဟုတ်ဘဲ ကျူးကျော်ပြည်သူများ အလုပ်လုပ်မှသာ အစိုးရအဖွဲ့က နေစရာ ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၁၇ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ကျူးကျော်များအား စာရင်းကောက်ယူသည့် အနေအထားကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ကျူးကျော်များအတွက် ထန်းတပင်မြို့နယ်တွင် မြေဧရိယာ ၅၃၄ဧကပေါ် ၌ ပေ ၂၀ × ၃၀ အကွက်ပေါင်း တစ်သောင်းငါးထောင်ခန့်ရှိသည့် ရပ်ကွက်တစ်ခုကို တိုးချဲ့တည်ဆောက်ရန် စီစဉ်ထားပြီး တွံတေးမြို့အနီး၌ အရန်မြေနေရာဧကတစ်သောင်း လျာထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top