Property Expo
×

 ဟီလာရီကလင္ တန္သည္ ႏို၀င္ဘာ ၉ ရက္တြင္ သမၼတေရြးေကာက္ပြဲ ႐ႈံးနိမ့္ခဲ့ ေၾကာင္း မိန္႔ခြန္းေျပာၾကားၿပီး ေနာက္ လူျမင္ကြင္း၌ ပထမဆံုး အႀကိမ္ ျမင္ေတြ႕ခဲ့ရသည္။

အေမရိကန္ ေရြးေကာက္ပြဲ တြင္ ႐ႈံးေၾကာင္း၀န္ခံၿပီးေနာက္ နယူးေယာက္ၿမိဳ႕ ခ်ာပါက်ဳရာၿမိဳ႕တြင္ ေျခလ်င္ခရီးထြက္စဥ္ မာ ဂက္ဂရက္စတာသည္ ဟီလာရီ ႏွင့္ ခင္ပြန္းျဖစ္သူ ဘီလ္တုိ႔အား ေတြ႕ဆံုခဲ့သည္။


နယူးေယာက္ၿမိဳ႕ ေတာင္ ပုိင္း ခ်ာပါက်ဳရာၿမိဳ႕တြင္ ဟီလာရီသည္ ၁၇ ႏွစ္ခန္႔ ေနထုိင္ခဲ့ေၾကာင္း Mashable.com ၀က္ဘ္ဆိုက္က ေဖာ္ျပခဲ့သည္။

အသက္ (၆၉)ႏွစ္အရြယ္ ဟီလာရီသည္ ေအးခ်မ္းတည္ၿငိမ္ ၍ က်က္သေရရိွပံုရေၾကာင္း ဂရက္စတာက စီအင္န္အင္န္ သတင္းဌာနသုိ႔ ႏုိ၀င္ဘာ ၁၀ ရက္က ေျပာသည္။

ေခြးကေလးပီပါ၊ ၁၃ လသားအရြယ္ သမီးကေလးႏွင့္ ေျခလ်င္ ခရီးထြက္ခဲ့ေသာ ၀ိႈက္ပလိမ္းၿမိဳ႕ ေဒသခံႏွင့္ ဟီလာရီတုိ႔ ၿပံဳးေန ေသာ ဓာတ္ပံုကုိ ဂရက္စတာ၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ တင္ ခဲ့သည္။

အဆိုပါဓာတ္ပံုကို ဟီလာရီ  ၏ခင္ပြန္း ဘီလ္ကလင္တန္က ႐ုိက္ကူးေပးခဲ့ျခင္းျဖစ္သည္။

ဂရက္စတာသည္ ၎ေန႔ စဥ္ေန႔တုိင္း ခရီးေ၀းေလွ်ာက္ရာ လမ္းတြင္ ဟီလာရီတုိ႔လင္မယား ႏွင့္ ေတြ႕ဆံုခဲ့ေၾကာင္း ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဟီလာရီကလင် တန်သည် နိုဝင်ဘာ ၉ ရက်တွင် သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ ကြောင်း မိန့်ခွန်းပြောကြားပြီး နောက် လူမြင်ကွင်း၌ ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ရသည်။

အမေရိကန် ရွေးကောက်ပွဲ တွင် ရှုံးကြောင်းဝန်ခံပြီးနောက် နယူးယောက်မြို့ ချာပါကျုရာမြို့တွင် ခြေလျင်ခရီးထွက်စဉ် မာ ဂက်ဂရက်စတာသည် ဟီလာရီ နှင့် ခင်ပွန်းဖြစ်သူ ဘီလ်တို့အား တွေ့ဆုံခဲ့သည်။


နယူးယောက်မြို့ တောင် ပိုင်း ချာပါကျုရာမြို့တွင် ဟီလာရီသည် ၁၇ နှစ်ခန့် နေထိုင်ခဲ့ကြောင်း Mashable.com ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အသက် (၆၉)နှစ်အရွယ် ဟီလာရီသည် အေးချမ်းတည်ငြိမ် ၍ ကျက်သရေရှိပုံရကြောင်း ဂရက်စတာက စီအင်န်အင်န် သတင်းဌာနသို့ နိုဝင်ဘာ ၁၀ ရက်က ပြောသည်။

ခွေးကလေးပီပါ၊ ၁၃ လသားအရွယ် သမီးကလေးနှင့် ခြေလျင် ခရီးထွက်ခဲ့သော ဝှိုက်ပလိမ်းမြို့ ဒေသခံနှင့် ဟီလာရီတို့ ပြုံးနေ သော ဓာတ်ပုံကို ဂရက်စတာ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင် ခဲ့သည်။

အဆိုပါဓာတ်ပုံကို ဟီလာရီ  ၏ခင်ပွန်း ဘီလ်ကလင်တန်က ရိုက်ကူးပေးခဲ့ခြင်းဖြစ်သည်။

ဂရက်စတာသည် ၎င်းနေ့ စဉ်နေ့တိုင်း ခရီးဝေးလျှောက်ရာ လမ်းတွင် ဟီလာရီတို့လင်မယား နှင့် တွေ့ဆုံခဲ့ကြောင်း ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top