Property Expo
×

ခ်ယ္လ္ဆီးအသင္း သည္ ယမန္ႏွစ္ကထက္ ပုိေတာင့္တင္းေသာ အသင္းျဖစ္လာၿပီး ယေန႔ညတြင္ မိမိတုိ႔အေျခအေန ေကာင္းမည္ဟု ေမွ်ာ္လင့္ေၾကာင္း အဲဗာတန္နည္းျပ ေရာ္နယ္ကုိးမန္းက ေျပာၾကားသည္။

အဲဗာတန္သည္ ၿပိဳင္ပြဲအရပ္ ရပ္ ငါးပြဲစလုံးတြင္ႏုိင္ပြဲမရိွေသာ အေျခအေန၌    ၀က္စ္ဟမ္းကုိ ၂-၀ ဂုိးျဖင့္ အႏုိင္ယူ၍ အဆံုးသတ္ခဲ့ၿပီး ယင္းမွာ ေျခာက္ပြဲအတြင္း အဲဗာတန္ေပးဂုိးမရိွသည့္ ပထမဆံုးပြဲျဖစ္သည္။

ခ်ယ္လ္ဆီးသုိ႔ သြားေရာက္ ယွဥ္ၿပိဳင္ရန္ ျပင္ဆင္ေနသည့္ အဲဗာတန္နည္းျပ ကိုးမန္းက ‘‘ခ်ယ္လ္ဆီးဟာ မႏွစ္ကနဲ႔ မတူ ေတာ့ဘဲ အင္အားေတာင့္တင္း တဲ့ အသင္းတစ္သင္းျဖစ္တယ္ဆုိ တာ ကြၽန္ေတာ္တုိ႔ သိပါတယ္။ ၿပီးေတာ့ သူတုိ႔ဟာ ေပးဂုိးမရိွတဲ့ ပြဲေတြအမ်ားႀကီးရထားတဲ့ ျခား နားတဲ့ စနစ္ရိွတဲ့ အသင္းျဖစ္ပါ တယ္။ ႏုိင္ပြဲေတြလည္း ရေနပါ တယ္’’ဟု ေျပာၾကားသည္။

ခ်ယ္လ္ဆီးသည္ ပရီးမီး ယားလိဂ္ ေလးပြဲဆက္ႏုိင္ထားၿပီး ၁၁ ဂုိးသြင္းကာ ေပးဂုိးမရိွေသး ေပ။ ေမာ္ရင္ဟုိလက္ထက္က ခ်ယ္လ္ဆီးမွ ထြက္ခြာလာခဲ့ေသာ အဲဗာတန္တုိက္စစ္မွဴး လူကာကူ အေနျဖင့္ အသင္းေဟာင္းကုိ ျပန္ ရင္ဆုိင္ရမည္ျဖစ္ကာ ခ်ယ္လ္ဆီး ၏ ခံစစ္မွဴးမ်ားျဖစ္ေသာ ေဒးဗစ္ လူး၀စ္ႏွင့္ ဂယ္ရီကာေဟးလ္တုိ႔ ကုိ ျဖတ္ေက်ာ္ကစားႏုိင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ကိုးမန္းက ေျပာသည္။

သုိ႔ေသာ္ခ်ယ္လ္ဆီးနည္းျပ ကြန္တီက လူကာကူသည္ ႀကီး က်ယ္ေသာ၊ ငယ္ရြယ္ေသာ တုိက္ စစ္မွဴးျဖစ္ေသာ္လည္း မိမိ၏ ကစားသမားမ်ားအေၾကာင္းကုိ သာ ေျပာဆုိလုိသည္ဟု ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

ချယ်လ်ဆီးအသင်း သည် ယမန်နှစ်ကထက် ပိုတောင့်တင်းသော အသင်းဖြစ်လာပြီး ယနေ့ညတွင် မိမိတို့အခြေအနေ ကောင်းမည်ဟု မျှော်လင့်ကြောင်း အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းက ပြောကြားသည်။

အဲဗာတန်သည် ပြိုင်ပွဲအရပ် ရပ် ငါးပွဲစလုံးတွင်နိုင်ပွဲမရှိသော အခြေအနေ၌    ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ယူ၍ အဆုံးသတ်ခဲ့ပြီး ယင်းမှာ ခြောက်ပွဲအတွင်း အဲဗာတန်ပေးဂိုးမရှိသည့် ပထမဆုံးပွဲဖြစ်သည်။

ချယ်လ်ဆီးသို့ သွားရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် အဲဗာတန်နည်းပြ ကိုးမန်းက ‘‘ချယ်လ်ဆီးဟာ မနှစ်ကနဲ့ မတူ တော့ဘဲ အင်အားတောင့်တင်း တဲ့ အသင်းတစ်သင်းဖြစ်တယ်ဆို တာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ သူတို့ဟာ ပေးဂိုးမရှိတဲ့ ပွဲတွေအများကြီးရထားတဲ့ ခြား နားတဲ့ စနစ်ရှိတဲ့ အသင်းဖြစ်ပါ တယ်။ နိုင်ပွဲတွေလည်း ရနေပါ တယ်’’ဟု ပြောကြားသည်။

ချယ်လ်ဆီးသည် ပရီးမီး ယားလိဂ် လေးပွဲဆက်နိုင်ထားပြီး ၁၁ ဂိုးသွင်းကာ ပေးဂိုးမရှိသေး ပေ။ မော်ရင်ဟိုလက်ထက်က ချယ်လ်ဆီးမှ ထွက်ခွာလာခဲ့သော အဲဗာတန်တိုက်စစ်မှူး လူကာကူ အနေဖြင့် အသင်းဟောင်းကို ပြန် ရင်ဆိုင်ရမည်ဖြစ်ကာ ချယ်လ်ဆီး ၏ ခံစစ်မှူးများဖြစ်သော ဒေးဗစ် လူးဝစ်နှင့် ဂယ်ရီကာဟေးလ်တို့ ကို ဖြတ်ကျော်ကစားနိုင်မည်ဟု မျှော်လင့်ကြောင်း ကိုးမန်းက ပြောသည်။

သို့သော်ချယ်လ်ဆီးနည်းပြ ကွန်တီက လူကာကူသည် ကြီး ကျယ်သော၊ ငယ်ရွယ်သော တိုက် စစ်မှူးဖြစ်သော်လည်း မိမိ၏ ကစားသမားများအကြောင်းကို သာ ပြောဆိုလိုသည်ဟု ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top