Property Expo
×

ယေန႔မနက္ အေစာပိုင္း ကစားခဲ့ၾကတဲ့ ေတာင္အေမရိကန္ဇုန္ ကမၻာ့ဖလား ေျခစစ္ပြဲမွာ ဘရာဇီးအသင္းက အာဂ်င္တီးနားအသင္းကို ဂိုးျပတ္အႏုိင္ရရွိသြားခဲ့ေၾကာင္း သိရပါတယ္။ `

တုိက္စစ္မွာ အဂူ႐ိုမပါတဲ့ အာဂ်င္တီးနားအသင္းက ဘရာဇီးကို အဖက္ဖက္က မယွဥ္ႏုိင္ခဲ့သလို ဟီဂူအင္နဲ႔ မက္ဆီတို႔ကလည္း ဂိုးေပါက္ေပ်ာက္ခဲ့ၾကပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ဘရာဇီးတုိက္စစ္မွဴး ေနမာဟာ ဒီပြဲမွာ သူ႔အတြက္ ႏုိင္ငံတကာ ဂိုး ၅၀ ျပည့္ဂိုးကို သြင္းယူႏိုင္ခဲ့တာေတြ႔ရပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာတင္ ဖိလစ္ေကာ္တင္ညိဳက အာဂ်င္တီးနား ခံစစ္ တစ္ခ်က္မွားသြားတာကို အခြင့္ေကာင္ယူၿပီး ဧရိယာထိပ္က လွမ္းကန္ခဲ့လို႔ ဘရာဇီးအဖြင့္ဂိုး ရခဲ့ပါတယ္။ ဒီ႐ံႈးပြဲေၾကာင့္ အာဂ်င္တီးနားအသင္းဟာ ကမၻာ့ဖလား ေျခစစ္ပြဲမွာ ႏုိင္ပြဲေပ်ာက္တဲ့ ေလးပြဲ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္း ၿပီးခါနီမွာ ဂါဘရီရယ္ ကြင္းလယ္သာသာေလာက္က ဆြဲေျပးလာတဲ့ေဘာလံုးကို ေနမာဆီ ထိုးေပးလိုက္ၿပီးေနာက္ ေနမာက အမွားအယြင္းမရွိ အဆံုးသတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းက ပြဲခ်ိန္ ၂၂ မိနစ္မွာ ဘစ္ဂလီယာရဲ႕ ကန္ခ်က္ ေကာင္းမြန္ၿပီးဂိုးရႏုိင္ေလာက္တဲ့ အေျခအေနျဖစ္ခဲ့ေပမယ့္ ဂိုးသမား မယံုႏုိင္ေလာက္ေအာင္ ကာကြယ္သြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဂိုးစည္းေက်ာ္ခါနီေဘာလံုးကို ၾသဂတ္စ္တိုက ထိန္းၿပီး ဂိုးေရွ႕ျပန္အခ်ေပးမွာ ေပၚလင္ဟိုက အမွားအယြင္းမရွိ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဦးေဆာင္တဲ့ အာဂ်င္တီးနားကေတာ့ ဒီပြဲမွာ ဂိုးကံခံတဲ့အျပင္ ခံစစ္အမွားေတြေၾကာင့္ ႏိုင္ပြဲေပ်ာက္ခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ယနေ့မနက် အစောပိုင်း ကစားခဲ့ကြတဲ့ တောင်အမေရိကန်ဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးအသင်းက အာဂျင်တီးနားအသင်းကို ဂိုးပြတ်အနိုင်ရရှိသွားခဲ့ကြောင်း သိရပါတယ်။ `

တိုက်စစ်မှာ အဂူရိုမပါတဲ့ အာဂျင်တီးနားအသင်းက ဘရာဇီးကို အဖက်ဖက်က မယှဉ်နိုင်ခဲ့သလို ဟီဂူအင်နဲ့ မက်ဆီတို့ကလည်း ဂိုးပေါက်ပျောက်ခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဒီပွဲမှာ သူ့အတွက် နိုင်ငံတကာ ဂိုး ၅၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့တာတွေ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတင် ဖိလစ်ကော်တင်ညိုက အာဂျင်တီးနား ခံစစ် တစ်ချက်မှားသွားတာကို အခွင့်ကောင်ယူပြီး ဧရိယာထိပ်က လှမ်းကန်ခဲ့လို့ ဘရာဇီးအဖွင့်ဂိုး ရခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နိုင်ပွဲပျောက်တဲ့ လေးပွဲ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်း ပြီးခါနီမှာ ဂါဘရီရယ် ကွင်းလယ်သာသာလောက်က ဆွဲပြေးလာတဲ့ဘောလုံးကို နေမာဆီ ထိုးပေးလိုက်ပြီးနောက် နေမာက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက ပွဲချိန် ၂၂ မိနစ်မှာ ဘစ်ဂလီယာရဲ့ ကန်ချက် ကောင်းမွန်ပြီးဂိုးရနိုင်လောက်တဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် ဂိုးသမား မယုံနိုင်လောက်အောင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ ဂိုးစည်းကျော်ခါနီဘောလုံးကို သြဂတ်စ်တိုက ထိန်းပြီး ဂိုးရှေ့ပြန်အချပေးမှာ ပေါ်လင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားကတော့ ဒီပွဲမှာ ဂိုးကံခံတဲ့အပြင် ခံစစ်အမှားတွေကြောင့် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top