Property Expo
×

အရပ္ပုတယ္ဆုိၿပီး အရပ္ရွည္ဖုိ႔အတြက္ ေဆးေတြေသာက္ရ၊ ေလ့က်င့္ခန္းေတြ လုပ္ရနဲ႔ ေနာက္ဆံုးေတာ့လည္း ဒီအရပ္ပဲမုိ႔ စိတ္ညစ္ေနစရာ မလုိပါဘူး။ တကယ္ေတာ့ အရပ္ပုတဲ့သူေတြမွာလည္း အားသာခ်က္ေတြ အမ်ားႀကီးပါ။ ဘယ္လိုအားသာခ်က္ေတြ ရွိသလဲဆိုတာ တစ္ခ်က္ၾကည့္လိုက္ပါဦး။

၁။ သူငယ္ခ်င္းေတြ အုပ္စုလုိက္ ဓာတ္ပံု ရိုက္တဲ့အခါ ကိုယ္က အၿမဲေရွ႕မွာ ေနရမယ္။

အုုပ္စုလိုက္ ဓာတ္ပံုရိုက္ေတာ့မယ္ဆုိ ကိုယ္က အၿမဲတမ္း ေရွ႕ကေနရမယ္။ မ်က္ႏွာတစ္ျခမ္း ဟိုလူနဲ႔ကြယ္မွာ၊ ကိုယ္၀တ္ထားတဲ့ အမိုက္စား တီရွပ္ေလး မေပၚမွာ မစိုးရေတာ့ဘူး။ ဘယ္ေလာက္မိုက္သလဲ။

၂။ပုေတာ့ ႏုတယ္။

ကိုယ္က အရပ္ပုေတာ့ ကိုယ့္အသက္ကို သူမ်ားေတြ ခန္႔မွန္းမိဖုိ႔ ခပ္ခက္ခက္ရယ္။ ေနာက္တစ္ခ်က္က လူေတြက ကိုယ့္ရဲ႕ရွိရင္းစြဲအသက္ထက္ ငယ္တယ္လို႔ အၿမဲထင္ေနလိမ့္မယ္။ မယံုရင္ ေမးၾကည့္။

၃။ခရီးသြားကား၊ ေလယာဥ္ေပၚမွာ ေျခေထာက္ ေကြးဆန္႔လုပ္ႏိုင္မယ္။

ခရီးသြားတဲ့အခါ ခရီးသြားကား၊ ေလယာဥ္ေပၚမွာ သူမ်ားေတြ အရပ္နဲ႔မလြတ္လို႔ ေခြေခါက္ထိုင္ေနၾကရတဲ့အခ်ိန္ ကိုယ္ကေတာ့ ေညာင္းတဲ့အခါ ေျခေထာက္ဆန္႔ထုတ္ၿပီး အေၾကာအခ်ဥ္ေျဖလို႔ေတာင္ ရပါေသးတယ္။

၄။ဖိနပ္အျမင့္ေတြ စီးတဲ့အခါ သူမ်ားထက္ ၾကည့္ေကာင္းေနမွာပါ။

ကိုယ့္အရပ္ေၾကာင့္ heel ေတြ၊ တျခားေဒါက္အျမင့္ ဖိနပ္ေတြ စီးလုိက္ရင္လည္း ဘယ္သူကမွ ဟယ္ ဘယ္လိုႀကီးလဲ ဆုိၿပီး ၾကည့္မယ့္သူ၊ ေျပာမယ့္သူ မရွိပါဘူး။ သူက အရပ္ပုလို႔ ဒီလုိ၀တ္လို႔ လွတာလို႔ပဲ ထင္ၾကမွာေနာ္။

၅။တုိပါတယ္ဆိုတဲ့ မီနီစကတ္ေတြေတာင္ ကိုယ္နဲ႔ဆို အံကိုက္ပဲ။

အရပ္ရွည္တဲ့သူေတြ မီနီစကတ္၀တ္ထားရင္ တုိနန္႔နန္႔နဲ႔ အဆင္မေျပျဖစ္တတ္ပါတယ္။ ကိုယ္နဲ႔ဆိုရင္ေတာ့ အဲ့ဒီလို စကတ္တိုေလးေတြေတာင္ ၾကည့္ေကာင္းေနတာေနာ္။

၆။ကုိယ္လိုခ်င္တဲ့ အက်ီဒီဇိုင္းမ်ိဳးေတြ ကေလးတန္းမွာ ရွိရင္ေတာင္ ၀ယ္၀တ္ပစ္ႏိုင္တယ္။

ကိုယ္က အရပ္ပုတဲ့အတြက္ ကိုယ္လိုခ်င္တဲ့အက်ႍဆိုက္ဒ္က ကေလးဆိုက္ဒ္ျဖစ္ေနရင္ေတာင္ ၀ယ္၀တ္လိုက္ရံုပဲ။

၇။တစ္ခါတစ္ေလ လူေတြက ကိုယ့္ကို ပိုဦးစားေပးတတ္တယ္။

ကိုယ္ကပုေနလုိ႔ ကိုယ့္ကို လူေတြက ပိုဦးစားေပးတာမ်ိဳးေတြ ရွိပါတယ္။ ဒါဟာ ႏွိမ္ခ်တာမ်ိဳးမဟုတ္တဲ့ ခ်စ္ခင္မႈတစ္ခုကို ေဖာ္ျပတာမ်ိဳးပါပဲ။

၈။လိုအပ္မယ္ဆုိရင္ လူေတြမျမင္ေအာင္ အလြယ္ေလး ပုန္းေရွာင္ႏိုင္တယ္။

ကိုယ့္ကို လူတစ္ေယာက္က ရွာေနတယ္။ အဲ့ဒီလူကိုယ့္ကုိ ျမင္သြားမွာ စိုးရိမ္ေနတဲ့အခါမ်ိဳး လူအုပ္ၾကားထဲ၊ ဒါမွမဟုတ္ တစ္ခုခုနဲ႔ ကြယ္ၿပီး ေနလိုက္ရံုပဲ။

၉။တစ္ခုခုနဲ႔ ေဆာင့္မိမွာမ်ိဳး ပူစရာမလိုဘူး။

ကိုယ့္အရပ္က သူမ်ားထက္ ပုေနတဲ့အခါမ်ိဳးမွာ ေခါင္းနဲ႔ေဆာင့္မိတတ္တဲ့ အရာမ်ိဳးေတြကို အထူးသတိထားစရာ မလိုေတာ့ဘူး။

၁၀။တစ္စံုတစ္ေယာက္နဲ႔ ဆံုတဲ့အခါ ကိုယ့္က ထူးျခားေနတဲ့အတြက္ ကိုယ့္ကို အာရံုျပဴမိမယ္။

ကိုယ္ကအရပ္ပုတဲ့အတြက္ ခုမွဆံုမယ့္ လူတစ္ေယာက္ရဲ႕ အာရံုကို ဖမ္းစားႏိုင္မယ္။ သူတုိ႔ကလည္း ကုိယ့္ကိုထူးျခားတယ္လုိ႔ ေတြးလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အရပ်ပုတယ်ဆိုပြီး အရပ်ရှည်ဖို့အတွက် ဆေးတွေသောက်ရ၊ လေ့ကျင့်ခန်းတွေ လုပ်ရနဲ့ နောက်ဆုံးတော့လည်း ဒီအရပ်ပဲမို့ စိတ်ညစ်နေစရာ မလိုပါဘူး။ တကယ်တော့ အရပ်ပုတဲ့သူတွေမှာလည်း အားသာချက်တွေ အများကြီးပါ။ ဘယ်လိုအားသာချက်တွေ ရှိသလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။

၁။ သူငယ်ချင်းတွေ အုပ်စုလိုက် ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ်က အမြဲရှေ့မှာ နေရမယ်။

အုုပ်စုလိုက် ဓာတ်ပုံရိုက်တော့မယ်ဆို ကိုယ်က အမြဲတမ်း ရှေ့ကနေရမယ်။ မျက်နှာတစ်ခြမ်း ဟိုလူနဲ့ကွယ်မှာ၊ ကိုယ်ဝတ်ထားတဲ့ အမိုက်စား တီရှပ်လေး မပေါ်မှာ မစိုးရတော့ဘူး။ ဘယ်လောက်မိုက်သလဲ။

၂။ပုတော့ နုတယ်။

ကိုယ်က အရပ်ပုတော့ ကိုယ့်အသက်ကို သူများတွေ ခန့်မှန်းမိဖို့ ခပ်ခက်ခက်ရယ်။ နောက်တစ်ချက်က လူတွေက ကိုယ့်ရဲ့ရှိရင်းစွဲအသက်ထက် ငယ်တယ်လို့ အမြဲထင်နေလိမ့်မယ်။ မယုံရင် မေးကြည့်။

၃။ခရီးသွားကား၊ လေယာဉ်ပေါ်မှာ ခြေထောက် ကွေးဆန့်လုပ်နိုင်မယ်။

ခရီးသွားတဲ့အခါ ခရီးသွားကား၊ လေယာဉ်ပေါ်မှာ သူများတွေ အရပ်နဲ့မလွတ်လို့ ခွေခေါက်ထိုင်နေကြရတဲ့အချိန် ကိုယ်ကတော့ ညောင်းတဲ့အခါ ခြေထောက်ဆန့်ထုတ်ပြီး အကြောအချဉ်ဖြေလို့တောင် ရပါသေးတယ်။

၄။ဖိနပ်အမြင့်တွေ စီးတဲ့အခါ သူများထက် ကြည့်ကောင်းနေမှာပါ။

ကိုယ့်အရပ်ကြောင့် heel တွေ၊ တခြားဒေါက်အမြင့် ဖိနပ်တွေ စီးလိုက်ရင်လည်း ဘယ်သူကမှ ဟယ် ဘယ်လိုကြီးလဲ ဆိုပြီး ကြည့်မယ့်သူ၊ ပြောမယ့်သူ မရှိပါဘူး။ သူက အရပ်ပုလို့ ဒီလိုဝတ်လို့ လှတာလို့ပဲ ထင်ကြမှာနော်။

၅။တိုပါတယ်ဆိုတဲ့ မီနီစကတ်တွေတောင် ကိုယ်နဲ့ဆို အံကိုက်ပဲ။

အရပ်ရှည်တဲ့သူတွေ မီနီစကတ်ဝတ်ထားရင် တိုနန့်နန့်နဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ဆိုရင်တော့ အဲ့ဒီလို စကတ်တိုလေးတွေတောင် ကြည့်ကောင်းနေတာနော်။

၆။ကိုယ်လိုချင်တဲ့ အကျီဒီဇိုင်းမျိုးတွေ ကလေးတန်းမှာ ရှိရင်တောင် ဝယ်ဝတ်ပစ်နိုင်တယ်။

ကိုယ်က အရပ်ပုတဲ့အတွက် ကိုယ်လိုချင်တဲ့အကျႍဆိုက်ဒ်က ကလေးဆိုက်ဒ်ဖြစ်နေရင်တောင် ဝယ်ဝတ်လိုက်ရုံပဲ။

၇။တစ်ခါတစ်လေ လူတွေက ကိုယ့်ကို ပိုဦးစားပေးတတ်တယ်။

ကိုယ်ကပုနေလို့ ကိုယ့်ကို လူတွေက ပိုဦးစားပေးတာမျိုးတွေ ရှိပါတယ်။ ဒါဟာ နှိမ်ချတာမျိုးမဟုတ်တဲ့ ချစ်ခင်မှုတစ်ခုကို ဖော်ပြတာမျိုးပါပဲ။

၈။လိုအပ်မယ်ဆိုရင် လူတွေမမြင်အောင် အလွယ်လေး ပုန်းရှောင်နိုင်တယ်။

ကိုယ့်ကို လူတစ်ယောက်က ရှာနေတယ်။ အဲ့ဒီလူကိုယ့်ကို မြင်သွားမှာ စိုးရိမ်နေတဲ့အခါမျိုး လူအုပ်ကြားထဲ၊ ဒါမှမဟုတ် တစ်ခုခုနဲ့ ကွယ်ပြီး နေလိုက်ရုံပဲ။

၉။တစ်ခုခုနဲ့ ဆောင့်မိမှာမျိုး ပူစရာမလိုဘူး။

ကိုယ့်အရပ်က သူများထက် ပုနေတဲ့အခါမျိုးမှာ ခေါင်းနဲ့ဆောင့်မိတတ်တဲ့ အရာမျိုးတွေကို အထူးသတိထားစရာ မလိုတော့ဘူး။

၁၀။တစ်စုံတစ်ယောက်နဲ့ ဆုံတဲ့အခါ ကိုယ့်က ထူးခြားနေတဲ့အတွက် ကိုယ့်ကို အာရုံပြူမိမယ်။

ကိုယ်ကအရပ်ပုတဲ့အတွက် ခုမှဆုံမယ့် လူတစ်ယောက်ရဲ့ အာရုံကို ဖမ်းစားနိုင်မယ်။ သူတို့ကလည်း ကိုယ့်ကိုထူးခြားတယ်လို့ တွေးလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top