Kantharyar Centre
×

 ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ဂ်ပန္ႏုိင္ငံ ခရီး စဥ္တြင္ အဓိကအက်ိဳးရလဒ္သံုးခု ထြက္ ေပၚခဲ့ေၾကာင္း ဂ်ပန္အစုိးရအဖဲြ႕ အတြင္း ေရးမွဴးခ်ဳပ္ မစၥတာယုိရွိဟိဒဲစူးဂါးက ယမန္ ေန႔က ေျပာၾကားသည္။မစၥတာ ယုိရွိဟိဒဲစူးဂါးသည္ ေဒၚေအာင္ဆန္းစုၾကည္အားႏုိ၀င္ဘာ ၄ ရက္တြင္ ႏုိင္ငံေတာ္ ဧည့္ေဂဟာ တိုးခ်ဲ႕ခန္းမေဆာင္၌ဂုဏ္ျပဳညစာျဖင့္ ဧည့္ခံစဥ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပထမအခ်က္မွာ ဂ်ပန္ႏုိင္ငံ အေနျဖင့္ ျမန္မာအစိုးရသစ္အား အကူအညီေပးရန္ ကတိက၀တ္ မ်ား ျပဳလုပ္ႏုိင္ခဲ့ျခင္း၊ ဒုတိယအ ခ်က္မွာ ၀န္ႀကီးခ်ဳပ္ အာေဘးႏွင့္ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္တို႔အၾကား အနာဂတ္မ်ိဳးဆက္သစ္မ်ား ကူးလူးဆက္ဆံမႈျမႇင့္တင္ေရးကို အေကာင္အထည္ေဖာ္ရန္ အျမင္ခ်င္းဖလွယ္ႏုိင္ျခင္းႏွင့္ တတိယအခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဂ်ပန္ႏုိင္ငံမွလုပ္ငန္းမ်ားအား ျမန္မာႏိုင္ငံသို႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚႏုိုင္ျခင္းတို႔ျဖစ္ေၾကာင္း ႏုိင္ငံပုိင္႐ုပ္သံမီီဒီယာက ည ၈ နာရီသတင္းတြင္ ေၾကညာသည္။

ထုိ႔အျပင္ အတြင္းေရးမွဴးခ်ဳပ္က ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္၏ ဂ်ပန္ႏုိင္ငံခရီးစဥ္သည္ ျမန္မာ-ဂ်ပန္ ႏွစ္ႏုိင္ငံအၾကား အက်ိဳးရလဒ္မ်ားစြာျဖစ္ထြန္းေစခဲ့ေၾကာင္းႏွင့္ ေခါင္းေဆာင္ႏွစ္ဦးေတြ႕ဆံုစဥ္ ရရွိခဲ့သည့္ သေဘာတူညီခ်က္မ်ားကို အျမန္ဆံုး အေကာင္အထည္ေဖာ္ႏုိင္ရန္ ပူးေပါင္း  ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ သည္ ႏုိ၀င္ဘာ ၄ ရက္တြင္ တို က်ိဳၿမိဳ႕ရွိ ဂ်ပန္ဘုရင့္နန္းေတာ္သုိ႔ သြားေရာက္၍ ဂ်ပန္ႏုိင္ငံဘုရင္ အာကီဟီတိုႏွင့္ မိဖုရား မီခ်ီကိုတို႔ အား သြားေရာက္ေတြ႕ဆံုခဲ့သည္။

ထို႔အျပင္ ႏိုဝင္ဘာ ၄ ရက္ မြန္းလြဲတြင္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ဂ်ပန္စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းႏွင့္ ဂ်ပန္ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ားအသင္းတို႔ႏွင့္အလုပ္သ ေဘာေတြ႕ဆံုခဲ့သည္။ ယင္းကဲ့သို႔ ေတြ႕ဆံုစဥ္ ေဒၚေအာင္္ဆန္းစု ၾကည္က ျမန္မာႏိုင္ငံသို႔ ဂ်ပန္ႏုိင္ ငံမွ တာဝန္ယူမႈရွိေသာ ရင္းႏွီးျမႇဳပ္ ႏွံမႈမ်ား ပိုမိုလာေရာက္ရန္ ဖိတ္ ေခၚခဲ့ၿပီး ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္ဝင္းႏွင့္အတူ ဂ်ပန္စီးပြား ေရးလုပ္ငန္းရွင္မ်ားက ျမန္မာႏိုင္ ငံ၏ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္  ႏွံမႈဆိုင္ရာမ်ားကို ေမးျမန္းရာ ျပန္လည္ ရွင္းလင္း ေျဖၾကားခဲ့ ေၾကာင္း သတင္းထုတ္ျပန္သည္။

  ထို႔အျပင္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ေခတၱ တည္းခိုသည့္ ဟိုတယ္၌ ျမန္မာ ႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားအား ေတြ႕ဆံုၿပီး ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံ အၾကား ကုန္သြယ္ေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးကိစၥရပ္မ်ားကို  ေဆြးေႏြးခဲ့ေၾကာင္းလည္း သတင္းရရွိသည္။

ျမန္မာစီးပြားေရး လုပ္ငန္း ရွင္မ်ားသည္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ႏိုဝင္ဘာ ၁ ရက္မွ ၅ ရက္အထိ ၾကာျမင့္မည့္ ခရီးစဥ္ႏွင့္ သက္ဆုိင္ျခင္းမရွိဘဲ စီမံဘ႑ာ ဝန္ႀကီး ဦးေက်ာ္ဝင္းႏွင့္သာ သက္ ဆုိင္ေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္၏ ခရီးစဥ္အၿပီးတြင္ ဦး ေက်ာ္ဝင္းက ႏိုဝင္ဘာ ၉ ရက္အ ထိ က်န္ရွိေနၿပီျဖစ္ၿပီး ႏိုဝင္ဘာ ၈ ရက္၌ ျမန္မာ-ဂ်ပန္စီးပြားေရး လုပ္ငန္းရွင္မ်ားပူးေပါင္း၍ စီးပြား ေရး ဖိုရမ္တစ္ခု ျပဳလုပ္မည္ဟု သမၼတ႐ံုးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ ေဌးက ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီး စဉ်တွင် အဓိကအကျိုးရလဒ်သုံးခု ထွက် ပေါ်ခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်း ရေးမှူးချုပ် မစ္စတာယိုရှိဟိဒဲစူးဂါးက ယမန် နေ့က ပြောကြားသည်။မစ္စတာ ယိုရှိဟိဒဲစူးဂါးသည် ဒေါ်အောင်ဆန်းစုကြည်အားနိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် ဧည့်ဂေဟာ တိုးချဲ့ခန်းမဆောင်၌ဂုဏ်ပြုညစာဖြင့် ဧည့်ခံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပထမအချက်မှာ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာအစိုးရသစ်အား အကူအညီပေးရန် ကတိကဝတ် များ ပြုလုပ်နိုင်ခဲ့ခြင်း၊ ဒုတိယအ ချက်မှာ ဝန်ကြီးချုပ် အာဘေးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အကြား အနာဂတ်မျိုးဆက်သစ်များ ကူးလူးဆက်ဆံမှုမြှင့်တင်ရေးကို အကောင်အထည်ဖော်ရန် အမြင်ချင်းဖလှယ်နိုင်ခြင်းနှင့် တတိယအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဂျပန်နိုင်ငံမှလုပ်ငန်းများအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နိုင်ခြင်းတို့ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက ည ၈ နာရီသတင်းတွင် ကြေညာသည်။

ထို့အပြင် အတွင်းရေးမှူးချုပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား အကျိုးရလဒ်များစွာဖြစ်ထွန်းစေခဲ့ကြောင်းနှင့် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံစဉ် ရရှိခဲ့သည့် သဘောတူညီချက်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်း  ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၄ ရက်တွင် တို ကျိုမြို့ရှိ ဂျပန်ဘုရင့်နန်းတော်သို့ သွားရောက်၍ ဂျပန်နိုင်ငံဘုရင် အာကီဟီတိုနှင့် မိဖုရား မီချီကိုတို့ အား သွားရောက်တွေ့ဆုံခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၄ ရက် မွန်းလွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် ဂျပန်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့နှင့်အလုပ်သ ဘောတွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံသို့ ဂျပန်နိုင် ငံမှ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ် နှံမှုများ ပိုမိုလာရောက်ရန် ဖိတ် ခေါ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းနှင့်အတူ ဂျပန်စီးပွား ရေးလုပ်ငန်းရှင်များက မြန်မာနိုင် ငံ၏ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်  နှံမှုဆိုင်ရာများကို မေးမြန်းရာ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။

  ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခေတ္တ တည်းခိုသည့် ဟိုတယ်၌ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြောင်းလည်း သတင်းရရှိသည်။

မြန်မာစီးပွားရေး လုပ်ငန်း ရှင်များသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကြာမြင့်မည့် ခရီးစဉ်နှင့် သက်ဆိုင်ခြင်းမရှိဘဲ စီမံဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်းနှင့်သာ သက် ဆိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီးတွင် ဦး ကျော်ဝင်းက နိုဝင်ဘာ ၉ ရက်အ ထိ ကျန်ရှိနေပြီဖြစ်ပြီး နိုဝင်ဘာ ၈ ရက်၌ မြန်မာ-ဂျပန်စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်း၍ စီးပွား ရေး ဖိုရမ်တစ်ခု ပြုလုပ်မည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top