Property Expo
×

မနက္စာကို ေခ်ာကလက္ကိတ္မုန္႔စားသင့္တယ္လို႔ အစားအစာကၽြမ္းက်င္သူမ်ားက  အၾကံေပးခဲ့ဖူးၿပီး အခုတစ္ခါလည္း ဂ်ပန္သိပၸံပညာရွင္တစ္ဦးက မနက္စာအျဖစ္ ေရခဲမုန္႔စားတာဟာ ေကာင္းၿပီး ဉာဏ္ရည္လည္း ပိုမိုထက္ျမက္ေစတယ္လို႔ ဆုိပါတယ္။

တုိက်ဳိၿမိဳ႕ရွိ က်ဳိရင္းတကၠသိုလ္ပါေမာကၡတစ္ဦးျဖစ္တဲ့ ယိုရွီဟီကိုကိုဂါက မနက္စာအျဖစ္ ေရခဲမုန္႔ကိုစးျခင္းက လူေတြရဲ႕ ႏိုးၾကြားမႈနဲ႔ စိတ္ပိုင္းဆုိင္ရာ စြမ္းေဆာင္ရည္ကို တိုးတက္ေစတယ္လို႔ ဆုိထားပါတယ္။


ယိုရွီဟီကိုရဲ႕ သုေတသနမွာ ပါဝင္သူေတြဟာ အိပ္ရာက ႏိုးႏိုးခ်င္း ေရခဲမုန္႔ကို စားခဲ့ကာ ကြန္ပ်ဴတာနဲ႔ စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္ခန္းေတြကို ျပဳလုပ္ခဲ့ရပါတယ္။

ယင္းစစ္ေဆးမႈျပဳလုပ္ရာမွာ ေရခဲမုန္႔မစားထားတဲ့ လူအုပ္စုထက္ မနက္စာအျဖစ္ ေရခဲမုန္႔စားထားတဲ့လူေတြက တံု႔ျပန္မႈ ပိုမိုျမန္ဆန္ၿပီး သတင္းအခ်က္အလက္ေတြေပးရာမွာလည္း ပိုမိုေကာင္းမြန္တာကို ေတြ႕ရွိရတယ္လို႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

မနက်စာကို ချောကလက်ကိတ်မုန့်စားသင့်တယ်လို့ အစားအစာကျွမ်းကျင်သူများက  အကြံပေးခဲ့ဖူးပြီး အခုတစ်ခါလည်း ဂျပန်သိပ္ပံပညာရှင်တစ်ဦးက မနက်စာအဖြစ် ရေခဲမုန့်စားတာဟာ ကောင်းပြီး ဉာဏ်ရည်လည်း ပိုမိုထက်မြက်စေတယ်လို့ ဆိုပါတယ်။

တိုကျိုမြို့ရှိ ကျိုရင်းတက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ ယိုရှီဟီကိုကိုဂါက မနက်စာအဖြစ် ရေခဲမုန့်ကိုစးခြင်းက လူတွေရဲ့ နိုးကြွားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ ဆိုထားပါတယ်။


ယိုရှီဟီကိုရဲ့ သုတေသနမှာ ပါဝင်သူတွေဟာ အိပ်ရာက နိုးနိုးချင်း ရေခဲမုန့်ကို စားခဲ့ကာ ကွန်ပျူတာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ရပါတယ်။

ယင်းစစ်ဆေးမှုပြုလုပ်ရာမှာ ရေခဲမုန့်မစားထားတဲ့ လူအုပ်စုထက် မနက်စာအဖြစ် ရေခဲမုန့်စားထားတဲ့လူတွေက တုံ့ပြန်မှု ပိုမိုမြန်ဆန်ပြီး သတင်းအချက်အလက်တွေပေးရာမှာလည်း ပိုမိုကောင်းမွန်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top