Property Expo
×




Credit: duwun

#Unicode Version

ဧည့်စာရင်းတိုင်စရာမလိုတော့တဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို ဒီနေ့ (နိုဝင်ဘာ ၂၁ ရက်)ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းက တတိယအကြိမ်ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းဖြစ်ပြီး ဧည့်စာရင်းတိုင်စရာမလိုတော့ပေမဲ့ နေရပ်တစ်ခုမှာ တစ်လကျော်ပြောင်း ရွေ့နေထိုင်မယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အသိပေးရမယ်လို့ ဆိုပါတယ်။

ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်လို့ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကနေ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ဖို့ သမ္မတထံ ဆက်လက်ပေးပို့သွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top