Property Expo
×
#Unicode Version
ကမ္ဘာကျော် အနုပညာရှင်တွေအဖို့ သူတို့ရဲ့ အောင်မြင်မှုတွေဆီ မလျှောက်လှမ်းနိုင်ခဲ့စဉ်တုန်းက သူတု့ိလုပ်ကိုင်ခဲ့တဲ့ အလုပ်အကိုင် တွေက ထူးခြားပြီးတော့ အံ့သြစရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့ တွေရဲ့ အလုပ်အပေါ် စိတ်ပါဝင်စားပြီး ပျော်ရွှင်မှုတွေကလည်း သူတို့အလုပ်ကို စိတ်ကျေနပ် လုပ်ကိုင်နိုင်ခဲ့ဖို့ ဖြစ်စေခဲ့တာပါပဲ။
လူနဲ့ အလုပ်အကိုင် အပ်စပ်မှုမရှိပေမဲ့လည်း အလုပ်အပေါ် စိတ်ပါလက်ပါ နဲ့ လုပ်ကိုင်နိုင်ခဲ့တာကာ အံ့သြချီးကျူးစရာကောင်းပါတယ်။ ဒါ့ ကြောင့် ကမ္ဘာကျော် ဆယ်လီတွေရဲ့ မအောင်မြင်ခင်က လုပ်ကိုင်ခဲ့ တဲ့ စိတ်ဝင်စားစရာ အလုပ်အကိုင်တွေအကြောင်း ဖော်ပြပေးလိုက် ပါတယ်။
၁။ ဂျော့ကလွန်းနေးက အမျိုးသမီး ဖိနပ်တွေကို ရောင်းချပေးတဲ့  အလုပ်အကိုင်တွေကို လုပ်ကိုင်ခဲ့ဖူးပါတယ်။ အမျိုးသမီး ဖိနပ်တွေကို တိုက်ချွတ်ဖုန်သုတ်ပေးရတယ်။ ဖိနပ်ဝယ်ယူမယ့် အမျိုးသမီးရဲ့ ခြေ ထောက်မှာ ဖိနပ်ကို စိတ်ရှည်လက်ရှည်နဲ့ စီးပေးရပါတယ်။
၂။ ဟာသသရုပ်ဆောင် ဂျင်ကယ်ရီက သူ့ရဲ့ ငယ်စဉ်လူငယ်ဘဝအ ရွယ်ကတည်းက စပြီးတော့ မိဘတွေရဲ့ အလုပ်လုပ်ကိုင်ဖို့ တိုက် တွန်းခြင်းကို ခံရပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အချိန်ပိုင်း တံခါး စောင့်၊ အပေါက်စောင့် လုံခြုံရေးအလုပ်ကိုလုပ်ကိုင်ခဲ့ရပါတယ်။ တစ်ရက်လုံး နာရီပြည့်တက်ရတဲ့ ကျောင်းချိန်ပြီးနောက်ဆိုရင် သူက ၈ နာရီကြာ အလုပ်ဆင်းရတယ်လို့လည်း သိရပါတယ်။
၃။ ကမ္ဘာကျော် မင်းသမီးကြီး အိန်ဂျလီနာဂျိုလီရဲ့ အလုပ်အကိုင်က တော့ ထူးခြားပါတယ်။ အသုဘအခမ်းအနားပွဲစီစဉ်သူ ဒါရိုက်တာအ လုပ်ကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အဖိုးဖြစ်သူကွယ်လွန်သွားခဲ့ချိန် အသုဘအခမ်းအနားရဲ့ စိတ်ပျက် စရာအစီအစဉ်တွေနဲ့ အခမ်းအနားပြုလုပ်ခြင်းကို သူမအနေနဲ့ ဒီ အလုပ်လုပ်ကိုင်ခြင်းကို စိတ်ကူးရသွားခဲ့တာပဲ ဖြစ်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top