Property Expo
×

ကားကိုတစ္ခါမွ မေမာင္းဘူးတဲ့သူတစ္ေယာက္အတြက္ေတာ့ ကားေမာင္းရတာ စိတ္လႈပ္ရွားစရာေကာင္းမွာ အမွန္ပါပဲ။ ကားနဲ႔ ပထမဆံုးထိေတြ႕ရမယ့္ သူတစ္ေယာက္ကေတာ့ ေၾကာက္စိတ္ေတြ ျဖစ္ေပၚေနပါလိမ့္မယ္။ ကားေမာင္းရမွာေၾကာက္ေနတယ္ဆိုရင္ ဘယ္လုိလုပ္မလဲဆိုတာ ဓူ၀ံပရိသတ္ေတြအတြက္ ေဖာ္ျပလိုက္ပါတယ္။

စနစ္တက် သင္တန္းတက္ဖို႔လိုပါတယ္

ျမန္မာႏိုင္ငံမွာ အသက္ ၁၈ ႏွစ္ျပည့္ၿပီးရင္ ယာဥ္ေမာင္းလုိင္စင္ေလ်ာက္ထားလုိ႔ရပါၿပီ။ ကားတစ္စီးကုိ စိတ္ခ်လက္ခ်ေမာင္းႏွင္ႏိုင္ဖုိ႔ စနစ္တက် သင္တန္းတက္ထားတာက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ သင္တန္းစနစ္တက် တက္ထားရင္ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈ ပိုရွိလာမွာျဖစ္လုိ႔ပါ။

ေန႔ခင္းအခ်ိန္မွာ ကားေမာင္းပါ

ကားစေမာင္းမယ့္ သူေတြအတြက္ေတာ့ ျမင္ကြင္းရွင္းတဲ့အခ်ိန္မွာ ကားေမာင္းတာအေကာင္းဆံုးပါပဲ။ ညဘက္မွာဆိုရင္ ကားအ၀င္အထြက္၊ အယူအဆက လြဲႏိုင္ၿပီး ရုတ္တရက္အႏၱရာယ္ျဖစ္လာတာေတြကုိ ေရွာင္ရွားႏိုင္ေအာင္ ေန႔ဘက္ကားေမာင္းတာ အေကာင္းဆံုးပါပဲ။

အေဖာ္တစ္ေယာက္ေယာက္ေခၚသြားပါ

ပထမဆံုးအႀကိမ္ တစ္ေယာက္တည္း ကားထြက္ေမာင္းဖုိ႔ကေတာ့ အရမ္းကုိစြန္႔စားရာက်ပါလိမ့္မယ္။ ကိုယ္နဲ႔အတူ အေဖာ္တစ္ေယာက္ေခၚသြားရင္ ယံုၾကည့္မႈ ပိုမိုရွိလာႏိုင္သလုိ ကားေမာင္းတဲ့ ေနရာမွာလည္း ေၾကာက္စိတ္ရွိေတာ့မွာ မဟုတ္ပါဘူး။

သတၱိရွိဖို႔လိုအပ္ပါတယ္

ပထမဆံုးအႀကိမ္ တစ္ေယာက္တည္းကားေမာင္းတဲ့အခ်ိန္မွာ အနည္းနဲ႔အမ်ားေၾကာက္စိတ္ေတာ့ ၀င္ၾကမွာပါပဲ။ စိုးရိမ္စိတ္ မရွိေအာင္လုိ႔ ကုိယ္လုပ္ႏိုင္တယ္ဆိုတဲ့ စိတ္ေမြးၿပီးေမာင္းရင္ အားလံုးအဆင္ေျပသြားပါလိမ့္မယ္။ မေတာ္တဆျဖစ္ခဲ့ရင္ဆိုတဲ့ စိတ္ကုိ ေခါင္းထဲက ထုတ္ထားလိုက္တာ အေကာင္းဆံုးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ကားကိုတစ်ခါမှ မမောင်းဘူးတဲ့သူတစ်ယောက်အတွက်တော့ ကားမောင်းရတာ စိတ်လှုပ်ရှားစရာကောင်းမှာ အမှန်ပါပဲ။ ကားနဲ့ ပထမဆုံးထိတွေ့ရမယ့် သူတစ်ယောက်ကတော့ ကြောက်စိတ်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။ ကားမောင်းရမှာကြောက်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ ဓူဝံပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

စနစ်တကျ သင်တန်းတက်ဖို့လိုပါတယ်

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီးရင် ယာဉ်မောင်းလိုင်စင်လျောက်ထားလို့ရပါပြီ။ ကားတစ်စီးကို စိတ်ချလက်ချမောင်းနှင်နိုင်ဖို့ စနစ်တကျ သင်တန်းတက်ထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သင်တန်းစနစ်တကျ တက်ထားရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာမှာဖြစ်လို့ပါ။

နေ့ခင်းအချိန်မှာ ကားမောင်းပါ

ကားစမောင်းမယ့် သူတွေအတွက်တော့ မြင်ကွင်းရှင်းတဲ့အချိန်မှာ ကားမောင်းတာအကောင်းဆုံးပါပဲ။ ညဘက်မှာဆိုရင် ကားအဝင်အထွက်၊ အယူအဆက လွဲနိုင်ပြီး ရုတ်တရက်အန္တရာယ်ဖြစ်လာတာတွေကို ရှောင်ရှားနိုင်အောင် နေ့ဘက်ကားမောင်းတာ အကောင်းဆုံးပါပဲ။

အဖော်တစ်ယောက်ယောက်ခေါ်သွားပါ

ပထမဆုံးအကြိမ် တစ်ယောက်တည်း ကားထွက်မောင်းဖို့ကတော့ အရမ်းကိုစွန့်စားရာကျပါလိမ့်မယ်။ ကိုယ်နဲ့အတူ အဖော်တစ်ယောက်ခေါ်သွားရင် ယုံကြည့်မှု ပိုမိုရှိလာနိုင်သလို ကားမောင်းတဲ့ နေရာမှာလည်း ကြောက်စိတ်ရှိတော့မှာ မဟုတ်ပါဘူး။

သတ္တိရှိဖို့လိုအပ်ပါတယ်

ပထမဆုံးအကြိမ် တစ်ယောက်တည်းကားမောင်းတဲ့အချိန်မှာ အနည်းနဲ့အများကြောက်စိတ်တော့ ဝင်ကြမှာပါပဲ။ စိုးရိမ်စိတ် မရှိအောင်လို့ ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ စိတ်မွေးပြီးမောင်းရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ မတော်တဆဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်ကို ခေါင်းထဲက ထုတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top