Property Expo
×

၎၏ သမၼတဘဝ အေစာပိုင္း ကာလမ်ားတြင္ သမၼတကေတာ္ကို အိမ္ျဖဴေတာ္သို႔ ေခၚေဆာင္လာဦးမည္ မဟုတ္ဟု ေဒၚနယ္လ္ထရမ့္က အတည္ျပဳ ေျပာၾကားခဲ့သည္။

ဇန္နဝါရီတြင္ အေမရိကန္ သမၼတသစ္ ျဖစ္လာေတာ့မည့္ ထရမ့္က အိမ္ ျဖဴေတာ္တြင္ က်မ္းသစၥာ က်ိန္ဆိုၿပီးသည့္တိုင္ သမၼတကေတာ္ႏွင့္ သားျဖစ္သူတို႔မွာ နယူးေယာက္တြင္ ယာယီ ဆက္လက္ ေနထိုင္ျဖစ္မည္ဟု ဆိုသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထရမ့္၏ ၁၀ ႏွစ္အရြယ္ သားျဖစ္သူ ဘာရြမ္ထရမ့္မွာ လက္ရွိ စာသင္ႏွစ္တြင္ နယူးေယာက္၌ ေက်ာင္းဆက္တက္လို၍ဟု သိရသည္။

ကန္းဆက္စ္ျပည္နယ္ အစိုးရအဖြဲ႕၏ ႏုိင္ငံျခားေရးဝန္ႀကီး ကရစ္ကိုဘက္ခ်္ႏွင့္အတူ Bedminster ေဂါက္ကလပ္၌ ေတြ႕ဆံုစကားေျပာခ်ိန္၌ ထရမ့္က ၎သည္ အိမ္ျဖဴေတာ္တြင္ အေျခခ် ေနထုိင္ရန္ ဆႏၵရွိေၾကာင္း အတည္ျပဳ ခဲ့သည္။ အေစာပိုင္း သတင္းမ်ား၌ ထရမ့္သည္ အိမ္ျဖဴေတာ္၌ အခ်ိန္ျပည့္ မေနဘဲ နယူးေယာက္ရွိ ၎ပိုင္ ထရမ့္တာဝါ မိုးပ်ံတိုက္ႀကီးတြင္ အေျခစိုက္မည္ဟု ေဖာ္ျပခဲ့သည္။

သတင္းေထာက္မ်ားက သမၼတကေတာ္ အေနျဖင့္ အိမ္ျဖဴေတာ္သို႔ လိုက္ေနရန္ အစီအစဉ္ ရွိမရွိ ေမးျမန္းသည့္ အခါတြင္ ထရမ့္က “သိပ္ေတာ့ ၾကာမွာ မဟုတ္ပါဘူး။ သူလည္း လုိက္လာမွာပါ။ ကၽြန္ေတာ့္သားရဲ႕ စာသင္ႏွစ္ တစ္ႏွစ္ ၿပီးရင္ေပါ့”ဟု ေျဖၾကားခဲ့သည္။

ထရမ့္၏ အာဏာလႊဲေျပာင္းယူေရး ညႇိႏိႈင္းေဆြးေႏြးမႈ ကိုယ္စားလွယ္အဖြဲ႕ ေျပာေရးဆိုခြင့္ရ အရာရွိ ေဂ်ဆန္မီလာက “မစၥတာထရမ့္ရဲ႕ မိသားစုဟာ ႏုိင္ငံအတြက္ ထမ္းရြက္ရမယ့္ တာဝန္အသစ္နဲ႔ ပတ္သက္ၿပီး အရမ္း တက္ႂကြေနသလို စိတ္လႈပ္ရွာေးနၾကပါတယ္။ သမၼတ အေနနဲ႔ ႏုိင္ငံတိုးတက္မႈေတြကို ေ႐ွ႕ဆက္ ဦးေဆာင္သြားဖို႔ မစၥတာထရမ့္ေရာ၊ မိသားစုကပါ အရမ္း လိုလားေနပါတယ္”ဟု ေျပာၾကားခဲ့သည္။

ထရမ့္မိသားစု အေနျဖင့္ အိမ္ျဖဴေတာ္တြင္ မည္သည့္အခ်ိန္၌ လာေရာက္ ေနထုိင္မည္ကို တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္ဦးမည္ မဟုတ္ေသာ္လည္း ဘာရြမ္၏ ပညာေရးကို အေႏွာင့္အယွက္ မျဖစ္ေစရန္ ဦးစားေပး စဉ္းစား ကိုင္တြယ္သြားမည္ဟုလည္း မီလာက အတည္ျပဳသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

၎င်း၏ သမ္မတဘဝ အစောပိုင်း ကာလများတွင် သမ္မတကတော်ကို အိမ်ဖြူတော်သို့ ခေါ်ဆောင်လာဦးမည် မဟုတ်ဟု ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့သည်။

ဇန်နဝါရီတွင် အမေရိကန် သမ္မတသစ် ဖြစ်လာတော့မည့် ထရမ့်က အိမ် ဖြူတော်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးသည့်တိုင် သမ္မတကတော်နှင့် သားဖြစ်သူတို့မှာ နယူးယောက်တွင် ယာယီ ဆက်လက် နေထိုင်ဖြစ်မည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်၏ ၁၀ နှစ်အရွယ် သားဖြစ်သူ ဘာရွမ်ထရမ့်မှာ လက်ရှိ စာသင်နှစ်တွင် နယူးယောက်၌ ကျောင်းဆက်တက်လို၍ဟု သိရသည်။

ကန်းဆက်စ်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီး ကရစ်ကိုဘက်ချ်နှင့်အတူ Bedminster ဂေါက်ကလပ်၌ တွေ့ဆုံစကားပြောချိန်၌ ထရမ့်က ၎င်းသည် အိမ်ဖြူတော်တွင် အခြေချ နေထိုင်ရန် ဆန္ဒရှိကြောင်း အတည်ပြု ခဲ့သည်။ အစောပိုင်း သတင်းများ၌ ထရမ့်သည် အိမ်ဖြူတော်၌ အချိန်ပြည့် မနေဘဲ နယူးယောက်ရှိ ၎င်းပိုင် ထရမ့်တာဝါ မိုးပျံတိုက်ကြီးတွင် အခြေစိုက်မည်ဟု ဖော်ပြခဲ့သည်။

သတင်းထောက်များက သမ္မတကတော် အနေဖြင့် အိမ်ဖြူတော်သို့ လိုက်နေရန် အစီအစဉ် ရှိမရှိ မေးမြန်းသည့် အခါတွင် ထရမ့်က “သိပ်တော့ ကြာမှာ မဟုတ်ပါဘူး။ သူလည်း လိုက်လာမှာပါ။ ကျွန်တော့်သားရဲ့ စာသင်နှစ် တစ်နှစ် ပြီးရင်ပေါ့”ဟု ဖြေကြားခဲ့သည်။

ထရမ့်၏ အာဏာလွှဲပြောင်းယူရေး ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျေဆန်မီလာက “မစ္စတာထရမ့်ရဲ့ မိသားစုဟာ နိုင်ငံအတွက် ထမ်းရွက်ရမယ့် တာဝန်အသစ်နဲ့ ပတ်သက်ပြီး အရမ်း တက်ကြွနေသလို စိတ်လှုပ်ရှာေးနကြပါတယ်။ သမ္မတ အနေနဲ့ နိုင်ငံတိုးတက်မှုတွေကို ရှေ့ဆက် ဦးဆောင်သွားဖို့ မစ္စတာထရမ့်ရော၊ မိသားစုကပါ အရမ်း လိုလားနေပါတယ်”ဟု ပြောကြားခဲ့သည်။

ထရမ့်မိသားစု အနေဖြင့် အိမ်ဖြူတော်တွင် မည်သည့်အချိန်၌ လာရောက် နေထိုင်မည်ကို တရားဝင် ကြေညာချက် ထုတ်ပြန်ဦးမည် မဟုတ်သော်လည်း ဘာရွမ်၏ ပညာရေးကို အနှောင့်အယှက် မဖြစ်စေရန် ဦးစားပေး စဉ်းစား ကိုင်တွယ်သွားမည်ဟုလည်း မီလာက အတည်ပြုသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top