Kantharyar Centre
×

 ျမန္မာ႐ုပ္ရွင္ ဇာတ္ကားမ်ားထုတ္လုပ္ရာတြင္  အရည္အေသြး ေကာင္းမြန္ေသာ   အ႐ုပ္အသံ မ်ားျဖင့္ တင္ဆက္ႏုိင္ရန္ ျပည္တြင္းမွ Silver Egg Post ႐ုပ္ရွင္ ထုတ္လုပ္ေရးႏွင့္ စင္ကာပူအေျခ စိုက္ Mediacorp ကုမၸဏီတုိ႔ ပူးေပါင္းတင္ဆက္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

‘‘အခုလို ႏုိင္ငံျခားကုမၸဏီနဲ႔ ပူးေပါင္းျခင္းဟာ ျမန္မာႏုိင္ငံက ျပည္တြင္း႐ုပ္ရွင္ထုတ္လုပ္သူေတြ၊ ႏုိင္ငံျခားကေပးတဲ့ Service ပိုင္း ဆုိင္ရာ၊Quality ပိုင္းဆုိင္ရာ လက္ လွမ္းမီစြာနဲ႔ အဆင္ေျပလြယ္ကူစြာ ရရွိႏိုင္ေရးအတြက္ ကၽြန္ေတာ္တို႔ ဘက္က တတ္စြမ္းသမွ် ၀န္ေဆာင္ မႈေပးဖို႔ ႀကိဳးစားျခင္းသာ ျဖစ္ပါ တယ္’’ဟု Silver Egg Post မွ Digital Intermediate Director ေဒါက္တာ ဉာဏ္လင္းၿဖိဳးက ေျပာ သည္။

Silver Egg Post ထုတ္လုပ္ ေရးသည္ Mediacorp ႏွင့္ ပထမ ဆံုး စီမံကိန္းအေနျဖင့္ ဒါ႐ိုက္တာ ၀ိုင္း ႐ိုက္ကူးသည့္ ‘တာေတႀကီး’​႐ုပ္ရွင္ဇာတ္ကားႏွင့္ ဒါ႐ိုက္တာ မီးပြား႐ိုက္ကူးသည့္ ‘ခ်ိဳၿမိန္ေသာ လက္စားေခ်ျခင္း
’ဇာတ္ကားတို႔ကို အသံပုိင္းဆုိင္ရာ ဖန္တီးမႈမ်ား ျပင္ဆင္ေဆာင္ရြက္မည္ျဖစ္ ေၾကာင္း သိရသည္။

‘‘ကၽြန္မတို႔ရဲ႕ အေတြ႕အႀကံဳ  ေတြနဲ႔ ေနာက္ဆံုးေပၚနည္းပညာ ေတြကို ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ ရြက္မႈမွာ အသံုးျပဳသြားမွာပါ။ မွန္ ကန္ၿပီးျပည့္စံုတဲ့ DCI Solution နဲ႔ ကိုက္ညီတဲ့အ႐ုပ္အသံအရည္ အ ေသြးေတြကို ျပည္တြင္း
႐ုပ္ရွင္ ထုတ္လုပ္ေရးအတြက္ ျဖည့္ဆည္း ေပးသြားပါမယ္’’ဟု Mediacrop မွ Music and Sound Effect Director Ms.MoJu Li က ေျပာ သည္။

Mediacorp မွ အသံပိုင္းဆိုင္ ရာႏွင့္ပတ္သက္ၿပီး ၀န္ေဆာင္မႈ မ်ားအေနျဖင့္ ေနာက္ခံေတးဂီတ ေရးစပ္ျခင္း၊ ဇာတ္၀င္ေတးမ်ား ေရးစပ္ျခင္း၊ အသံဖမ္းယူျခင္း၊ ပတ္လည္အသံ သီးျခားဖမ္းယူ ျခင္း၊ ေနာက္ခံေတးဂီတစိစစ္ျခင္း၊  စကားေျပာသံသန္႔စင္ျခင္း၊ အသံ ထပ္ျခင္းဆုိင္ရာ ၀န္ေဆာင္မႈမ်ား၊ Meidacorp music library မွ music မ်ား သံုးစဲြြခြင့္ရယူျခင္း၊ပတ္ လည္ျပည့္အသံစနစ္ ဒီဇိုင္းျပဳလုပ္ ျခင္းမ်ား ျပဳလုပ္ေပးမည္ျဖစ္ ေၾကာင္း သိရသည္။

Mediacorp Audio Post ကို စင္ကာပူႏုိင္ငံတြင္ ၁၉၇၉ ၌ စ တင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္ စဥ္ TV Productions နာရီေပါင္း တစ္ေထာင္ေက်ာ္ကုိ ၀န္ေဆာင္မႈ ေပးလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မြန်မာရုပ်ရှင် ဇာတ်ကားများထုတ်လုပ်ရာတွင်  အရည်အသွေး ကောင်းမွန်သော   အရုပ်အသံ များဖြင့် တင်ဆက်နိုင်ရန် ပြည်တွင်းမှ Silver Egg Post ရုပ်ရှင် ထုတ်လုပ်ရေးနှင့် စင်ကာပူအခြေ စိုက် Mediacorp ကုမ္ပဏီတို့ ပူးပေါင်းတင်ဆက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခုလို နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းခြင်းဟာ မြန်မာနိုင်ငံက ပြည်တွင်းရုပ်ရှင်ထုတ်လုပ်သူတွေ၊ နိုင်ငံခြားကပေးတဲ့ Service ပိုင်း ဆိုင်ရာ၊Quality ပိုင်းဆိုင်ရာ လက် လှမ်းမီစွာနဲ့ အဆင်ပြေလွယ်ကူစွာ ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ ဘက်က တတ်စွမ်းသမျှ ဝန်ဆောင် မှုပေးဖို့ ကြိုးစားခြင်းသာ ဖြစ်ပါ တယ်’’ဟု Silver Egg Post မှ Digital Intermediate Director ဒေါက်တာ ဉာဏ်လင်းဖြိုးက ပြော သည်။

Silver Egg Post ထုတ်လုပ် ရေးသည် Mediacorp နှင့် ပထမ ဆုံး စီမံကိန်းအနေဖြင့် ဒါရိုက်တာ ဝိုင်း ရိုက်ကူးသည့် ‘တာတေကြီး’ရုပ်ရှင်ဇာတ်ကားနှင့် ဒါရိုက်တာ မီးပွားရိုက်ကူးသည့် ‘ချိုမြိန်သော လက်စားချေခြင်း
’ဇာတ်ကားတို့ကို အသံပိုင်းဆိုင်ရာ ဖန်တီးမှုများ ပြင်ဆင်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

‘‘ကျွန်မတို့ရဲ့ အတွေ့အကြုံ  တွေနဲ့ နောက်ဆုံးပေါ်နည်းပညာ တွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှုမှာ အသုံးပြုသွားမှာပါ။ မှန် ကန်ပြီးပြည့်စုံတဲ့ DCI Solution နဲ့ ကိုက်ညီတဲ့အရုပ်အသံအရည် အ သွေးတွေကို ပြည်တွင်း
ရုပ်ရှင် ထုတ်လုပ်ရေးအတွက် ဖြည့်ဆည်း ပေးသွားပါမယ်’’ဟု Mediacrop မှ Music and Sound Effect Director Ms.MoJu Li က ပြော သည်။

Mediacorp မှ အသံပိုင်းဆိုင် ရာနှင့်ပတ်သက်ပြီး ဝန်ဆောင်မှု များအနေဖြင့် နောက်ခံတေးဂီတ ရေးစပ်ခြင်း၊ ဇာတ်ဝင်တေးများ ရေးစပ်ခြင်း၊ အသံဖမ်းယူခြင်း၊ ပတ်လည်အသံ သီးခြားဖမ်းယူ ခြင်း၊ နောက်ခံတေးဂီတစိစစ်ခြင်း၊  စကားပြောသံသန့်စင်ခြင်း၊ အသံ ထပ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ Meidacorp music library မှ music များ သုံးစွဲွခွင့်ရယူခြင်း၊ပတ် လည်ပြည့်အသံစနစ် ဒီဇိုင်းပြုလုပ် ခြင်းများ ပြုလုပ်ပေးမည်ဖြစ် ကြောင်း သိရသည်။

Mediacorp Audio Post ကို စင်ကာပူနိုင်ငံတွင် ၁၉၇၉ ၌ စ တင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ် စဉ် TV Productions နာရီပေါင်း တစ်ထောင်ကျော်ကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top