Property Expo
×

၁၉၈၈ခုႏွစ္ဒီဇင္ဘာလ၂ရက္မွာအြမ္ဆင္းရက္သြန္အိႏၵိယလူငယ္ေလးတစ္ေယာက္ဟာ ႏိုင္ငံအေနာက္ပိုင္းမွာ
ရွိတဲ့ ပါလီၿမိဳ႕နဲ႔ ၁၆ မိုင္ေဝးတဲ့ သူ႔ရဲ႕ေမြးရပ္ရြာေလးဆီ ဆုိင္ကယ္စီးၿပီး ျပန္လာခဲ့ပါတယ္။
ဒါေပမဲ့ ရက္သြန္ဟာ သူ႔ရဲ႕ရြာကို မေရာက္ခဲ့ပါဘူး။ သူ႔ရဲ႕ဆုိင္ကယ္ဟာ လမ္းေခ်ာ္သြားၿပီး သစ္ပင္တစ္ပင္ကို ဝင္တုိက္ၿပီးတဲ့ေနာက္ ေျမာင္းတစ္ခုထဲ ျပဳတ္က်ၿပီး ခ်က္ခ်င္း ေသဆံုးသြားခဲ့ပါတယ္။

ေျမပိုင္ရွင္သူေဌးတစ္ဦးရဲ႕သားျဖစ္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ ရက္သြန္ဟာ ဆယ္ေက်ာ္သက္ဘဝကတည္းက 350cc Royal Enfield Bullet ေမာ္ေတာ္ဆုိင္ကယ္ကို ဝယ္ထားတာျဖစ္ၿပီး သူ ေသဆံုးခဲ့တဲံ လမ္းေပၚမွာ အျမဲေမာင္းေနက် ျဖစ္ပါတယ္။

စံုစမ္းစစ္ေဆးဖို႔အတြက္ ရဲေတြက ရက္သြန္ရဲ႕ အခ်စ္ေတာ္ ဆုိင္ကယ္ႀကီးကို ရဲစခန္းကို သိမ္းယူသြားခဲ့ေပမဲ့ ေနာက္တစ္ေန႔ နံနက္မွာပဲ ဆုိင္ကယ္က ေပ်ာက္ဆံုးသြားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က ျပန္လုိက္ရွာေတာ့ ဆုိင္ကယ္ကို ရက္သြန္ ဝင္တုိက္ခဲ့တဲ့ သစ္ပင္ေအာက္မွာ ျပန္ေတြ႕ခဲ့ပါတယ္။

ဒါဟာ ေနာက္ေျပာင္က်ီစယ္တာ ျဖစ္မယ္လုိ႔ ယူဆၿပီး ရဲမွဴးက ဆုိင္ကယ္ကို ဆီကုန္ေအာင္ထုတ္ၿပီး သံႀကိဳးနဲ႔ ခ်ည္ခုိင္းထားေပမဲ့ ဆုိင္ကယ္က ေပ်ာက္သြားျပန္ၿပီး အဲဒီသစ္ပင္ေအာက္ပဲ ေရာက္ေနျပန္ပါတယ္။

အဲဒီအျဖစ္အပ်က္ဟာ ႀကိမ္ဖန္မ်ားစြာ ျဖစ္ပ်က္လာေတာ့ ဆုိင္ကယ္က နတ္ဘုရားမို႔လို႔ပဲလို႔ ယူဆလုိက္ၾကပါတယ္။

အဲဒီသတင္းက အနီးအနားေက်းရြာေတြကို ပ်ံ႕ႏွံ႔သြားၿပီး ရက္သြန္ေသဆံုးသြားခဲ့တဲ့ ေျမာင္းေပၚမွာ ပလက္ေဖာင္းတစ္ခု ေဆာက္ၿပီး ေမာ္ေတာ္ဆုိင္ကယ္ကို နတ္ဘုရားလို စတင္ပူေဇာ္ပသလာၾကပါတယ္။

ဆုိင္ကယ္ကို အေမႊးတုိင္ေတြ၊ ပန္းေတြနဲ႔ အုန္းသီးေတြ ဆက္ကပ္ၾကပါတယ္။

ရက္သြန္ရဲ႕ ဝိညာဥ္က ဆက္လက္ရွင္သန္ေနၿပီး သူ႔ရဲ႕ဆုိင္ကယ္ကို ယူသြားတာ ႀကိဳက္ပံုမရဘူးလို႔ ယူဆရတဲ့အတြက္ ရဲတပ္ဖြဲ႕ကလည္း ဆုိင္ကယ္ကို အဲဒီေနရာမွာပဲထားဖုိ႔ ဆံုးျဖတ္လုိက္ပါေတာ့တယ္။

အဲဒီအခ်ိန္ကတည္းကစလို႔ ဆုိင္ကယ္နတ္နဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းမ်ားစြာ ထြက္ေပၚလာခဲ့ပါတယ္။ ေမာ္ေတာ္ဆုိင္ကယ္စီးသမားတစ္ေယာက္ရဲ႕ အေျပာအရ အဲဒီနားမွာ သူ ဆုိင္ကယ္ေမွာက္ၿပီး ေသြးထြက္သံယိုျဖစ္ေနတုန္း ဆုိင္ကယ္နတ္ဘုရား ေရာက္လာၿပီး သူ႔ကို ကယ္ထုတ္ခဲ့တယ္လို႔ ဆုိပါတယ္။

တခ်ဳိ႕ကလည္း ညဘက္ဆုိရင္ ဆုိင္ကယ္စက္သံေတြၾကားရတယ္လို႔ ေျပာၾကပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
၁၉၈၈ခုနှစ်ဒီဇင်ဘာလ၂ရက်မှာအွမ်ဆင်းရက်သွန်အိန္ဒိယလူငယ်လေးတစ်ယောက်ဟာ နိုင်ငံအနောက်ပိုင်းမှာ

ရှိတဲ့ ပါလီမြို့နဲ့ ၁၆ မိုင်ဝေးတဲ့ သူ့ရဲ့မွေးရပ်ရွာလေးဆီ ဆိုင်ကယ်စီးပြီး ပြန်လာခဲ့ပါတယ်။
ဒါပေမဲ့ ရက်သွန်ဟာ သူ့ရဲ့ရွာကို မရောက်ခဲ့ပါဘူး။ သူ့ရဲ့ဆိုင်ကယ်ဟာ လမ်းချော်သွားပြီး သစ်ပင်တစ်ပင်ကို ဝင်တိုက်ပြီးတဲ့နောက် မြောင်းတစ်ခုထဲ ပြုတ်ကျပြီး ချက်ချင်း သေဆုံးသွားခဲ့ပါတယ်။

မြေပိုင်ရှင်သူဌေးတစ်ဦးရဲ့သားဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ရက်သွန်ဟာ ဆယ်ကျော်သက်ဘဝကတည်းက 350cc Royal Enfield Bullet မော်တော်ဆိုင်ကယ်ကို ဝယ်ထားတာဖြစ်ပြီး သူ သေဆုံးခဲ့တဲံ လမ်းပေါ်မှာ အမြဲမောင်းနေကျ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးဖို့အတွက် ရဲတွေက ရက်သွန်ရဲ့ အချစ်တော် ဆိုင်ကယ်ကြီးကို ရဲစခန်းကို သိမ်းယူသွားခဲ့ပေမဲ့ နောက်တစ်နေ့ နံနက်မှာပဲ ဆိုင်ကယ်က ပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြန်လိုက်ရှာတော့ ဆိုင်ကယ်ကို ရက်သွန် ဝင်တိုက်ခဲ့တဲ့ သစ်ပင်အောက်မှာ ပြန်တွေ့ခဲ့ပါတယ်။

ဒါဟာ နောက်ပြောင်ကျီစယ်တာ ဖြစ်မယ်လို့ ယူဆပြီး ရဲမှူးက ဆိုင်ကယ်ကို ဆီကုန်အောင်ထုတ်ပြီး သံကြိုးနဲ့ ချည်ခိုင်းထားပေမဲ့ ဆိုင်ကယ်က ပျောက်သွားပြန်ပြီး အဲဒီသစ်ပင်အောက်ပဲ ရောက်နေပြန်ပါတယ်။

အဲဒီအဖြစ်အပျက်ဟာ ကြိမ်ဖန်များစွာ ဖြစ်ပျက်လာတော့ ဆိုင်ကယ်က နတ်ဘုရားမို့လို့ပဲလို့ ယူဆလိုက်ကြပါတယ်။

အဲဒီသတင်းက အနီးအနားကျေးရွာတွေကို ပျံ့နှံ့သွားပြီး ရက်သွန်သေဆုံးသွားခဲ့တဲ့ မြောင်းပေါ်မှာ ပလက်ဖောင်းတစ်ခု ဆောက်ပြီး မော်တော်ဆိုင်ကယ်ကို နတ်ဘုရားလို စတင်ပူဇော်ပသလာကြပါတယ်။

ဆိုင်ကယ်ကို အမွှေးတိုင်တွေ၊ ပန်းတွေနဲ့ အုန်းသီးတွေ ဆက်ကပ်ကြပါတယ်။

ရက်သွန်ရဲ့ ဝိညာဉ်က ဆက်လက်ရှင်သန်နေပြီး သူ့ရဲ့ဆိုင်ကယ်ကို ယူသွားတာ ကြိုက်ပုံမရဘူးလို့ ယူဆရတဲ့အတွက် ရဲတပ်ဖွဲ့ကလည်း ဆိုင်ကယ်ကို အဲဒီနေရာမှာပဲထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

အဲဒီအချိန်ကတည်းကစလို့ ဆိုင်ကယ်နတ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်စီးသမားတစ်ယောက်ရဲ့ အပြောအရ အဲဒီနားမှာ သူ ဆိုင်ကယ်မှောက်ပြီး သွေးထွက်သံယိုဖြစ်နေတုန်း ဆိုင်ကယ်နတ်ဘုရား ရောက်လာပြီး သူ့ကို ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

တချို့ကလည်း ညဘက်ဆိုရင် ဆိုင်ကယ်စက်သံတွေကြားရတယ်လို့ ပြောကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top