Property Expo
×

အမေရိကန် ကုန်သွယ်ရေးစင်တာ အကြမ်းဖက်ခံရမှုနဲ့ ဆူနာမီလို သဘာဝဘေး အကြီးစားဖြစ်မယ်လို့ ရာနှုန်းပြည့် ဟောကိန်းထုတ်နိုင်ခဲ့တဲ့ ထူးဆန်းတဲ့ မျက်မမြင်အဘွားအိုဟာ နောက်ထပ်အံ့သြစရာ ကိစ္စတစ်ခုကိုလည်း ဟောကိန်းထုတ်ခဲ့ပါသေးတယ်။

ဥရောပတောင်းပိုင်း မထင်မရှား ကျွန်းဆွယ်လေးဖြစ်တဲ့ ဘာလ်ကန်အရပ်မှာ နေထိုင်တဲ့ အဆိုပါအဘွားအိုကို ဘာဘာဗန်ဂါလို့ လူသိများပါတယ်။ သူမရဲ့ ဟောကိန်းတွေထဲမှာ အမေရိကရဲ့ ၄၄ ဆက်မြောက် သမ္မတဟာ အာဖရိက သွေးနှောမယ့်သူလို့ အိုဘားမား သမ္မတဖြစ်မလာခင်ကတည်း ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးပဲ အဲဒီသမ္မတဟာ အမေရိကန်အတွက် နောက်ဆုံးသမ္မတဖြစ်လိမ့်မယ်လို့လည်း ကြိုပြီး ဟောကိန်းထုတ်ခဲ့ပါသေးတယ်။ ဘူလ်ဂေးရီးယားနွယ်ဖွား အဆိုပါ မျက်မမြင် ဗေဒင်ဆရာမအဘွားအိုဟာ အသက် ၈၅ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပြီး အဲဒီအချိန်က ၁၉၉၆ ခုနှစ်သာ ရှိပါသေးတယ်။ သူမရဲ့ ဟောပြောချက် ၈၅ ရာခိုင်နှုန်းခန့်ဟာ မှန်ကန်ခဲ့ပြီး အိုက်အက်စ်လို အကြမ်းဖက်သမားတွေ ထွက်ပေါ်အင်အားကောင်းလာမယ်ဆိုတဲ့ အချက်လည်းမှန်ခဲ့ပါတယ်။

ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲအနိုင်ရသွားခဲ့ပေမယ့် လက်ရှိမှာ အမေရိကန်ရဲ့က တရားဝင်သမ္မတက အိုဘားမား ဖြစ်နေဆဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၇ ဇန်နဝါရီ ၂၀ ရက်နေ့ ကျမ်းကျိန်ပြီးမှသာ ဒေါ်နယ်ထရန့်က အမေရိကရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာမှာပါ။

လူတွေအများစု မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်ပဲ နောက်အာဏာရလာမယ့်သူဟာ တိုင်းပြည်ကိုမွဲပြာကျအောင် ပြုလုပ်မယ့်အပြင် တောင်နဲ့မြောက် ပဋိပက္ခဖြစ်စေလိမ့်မယ်လို့ ဆိုခဲ့ကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top