Kantharyar Centre
×

ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕ျပည္သူ႔ေဆး႐ံုမွာ ဦးေႏွာက္မပါတဲ့ ကေလးတဦးေဖြးဖြားခဲ့ၿပီး ၉ နာရီအၾကာမွာ ကေလးငယ္ဟာ ေသဆုံးသြားပါတယ္။
ႏိုဝင္ဘာ ၂၀ ရက္ေန႔ ညေန ၅ နာရီအခ်ိန္က ေျမပုံၿမိဳ႕ ျပည္သူ႔ေဆး႐ံုမွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ေျခေတြ၊ လက္ေတြ အကုန္အစုံပါေပမယ့္ ဦးေႏွာက္မပါဘူးလို႔ ေျမပုံၿမိဳ႕မွ ေဒါက္တာ ဦးဝင္ႏိုင္စိုးက ဒီဗီြဘီကို ေျပာပါတယ္။

“မေန႔က ၅ နာရီေလာက္မွာ ေမြးတာပါ။ ဒီကေန႔ မနက္ ၂ နာရီေလာက္မွာ ကေလးက ဆုံးသြားပါၿပီ ခင္ဗ်။ နာရီပိုင္းေလာက္ အသက္ရွင္ပါတယ္။ ေျခေတြ၊ လက္ေတြ အကုန္စုံပါတယ္။ ဦးေႏွာက္တခုသာ မပါတာပါ။ အမ်ိဳးသမီးမွာ ဒီကေလးေမြးတာ ၅ ေယာက္ေျမာက္ ကေလး ေပ့ါေလ။ ခြဲၿပီး ေမြးတာလည္း မဟုတ္ဘူး။ ႐ိုး႐ိုးေလး ေမြးတာေပ့ါေလ။ အရင္ ၄ ေယာက္လုံး ဒီလိုေမြးဖြားတာ မရွိဘူးခင္ဗ်။ ေျခေတြ၊ လက္ေတြ အကုန္စုံပါတယ္။ ဦးေႏွာက္တခုသာ မပါတာပါ။”

ေျမပုံၿမိဳ႕မွာ အရင္က ဒီလိုကေလးမ်ိဳး ေမြးဖြားတာ မရွိဘူးသလို အခုအႀကိမ္ဟာ ပထဦးဆုံးအႀကိမ္ ျဖစ္ၿပီး ဇီကာလို႔ ေဝဖန္တာေတြ ထြက္ေနတာလည္း မဟုတ္ဘူးလို႔ ေဒါက္တာဝင္ႏိုင္စိုးက ဒီဗီြဘီကို ေျပာပါတယ္။

“ဇီကာဆိုၿပီး ဖြလိုက္ၾကတယ္ေပ့ါေလ။ ဒါေပမယ့္ ဒီကေလးက ဇီကာမဟုတ္ဘူး ခင္ဗ်။ ေမြးရာပါေပ့ါေလ။ ေမြးရာပါ ခြၽတ္ယြင္းခ်က္အေနနဲ႔ ဦးေႏွာက္မပါတဲ့ ကေလးေပါ့ေနာ္။ AENCEPHALY ပုံမွန္မဟုတ္လို႔ ေခၚပါတယ္။ အင္ပါရာလိုဂ်ီလို႔ ေခၚပါတယ္။ ေမြးရာပါ ခြၽတ္ယြင္းခ်က္ျဖစ္တယ္ေပ့ါေနာ္။ ဒါက ကြ်မ္းက်င္တဲ့ OG တဦးကို ေမးလိုက္ရင္ သိႏိုင္ပါတယ္။”

အခုလို ဦးေႏွာက္ပါဘဲ ေမြးလာတာနဲ႔ ပတ္သက္လို႔ ေမြးဖြားခဲ့တဲ့ အမ်ိိဳးေတြရဲ႕ မ်ိဳး႐ိုးေတြကို ဆန္းစစ္လိုက္တဲ့အခါ အခုလို ေမြးဖြားလာတဲ့ ကေလးမ်ိဳး မ်ိဳး႐ိုးမွာ မေတြ႔ရွိခဲ့ဘူးလို႔ ဆရာဝန္က ေျပာပါတယ္။

ဒါ့အျပင္ဇီကာဗိုင္းရစ္သစ္ေရာဂါပိုးဆိုတာလည္းမဟုတ္ေၾကာင္းနဲ႔ ျခင္က်ားကိုက္ခံရာမွ ျဖစ္ေပၚ
လာတဲ့ေရာဂါမ်ိဳး မဟုတ္ဘူးလို႔ ေဒါက္တာဦးဝင္ႏိုင္စိုးက ေျပာပါတယ္။

ကေလးငယ္ဟာ ေယာက်္ားေလးတဦးျဖစ္ၿပီး ေျမပုံၿမိဳ႕နယ္၊ ႀကဳံေခ်ာင္းေက်းရြာမွ အမ်ိဳးသမီးတဦးက ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version
ရခိုင်ပြည်နယ်၊ မြေပုံမြို့ပြည်သူ့ဆေးရုံမှာ ဦးနှောက်မပါတဲ့ ကလေးတဦးဖွေးဖွားခဲ့ပြီး ၉ နာရီအကြာမှာ ကလေးငယ်ဟာ သေဆုံးသွားပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်က မြေပုံမြို့ ပြည်သူ့ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခြေတွေ၊ လက်တွေ အကုန်အစုံပါပေမယ့် ဦးနှောက်မပါဘူးလို့ မြေပုံမြို့မှ ဒေါက်တာ ဦးဝင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ၅ နာရီလောက်မှာ မွေးတာပါ။ ဒီကနေ့ မနက် ၂ နာရီလောက်မှာ ကလေးက ဆုံးသွားပါပြီ ခင်ဗျ။ နာရီပိုင်းလောက် အသက်ရှင်ပါတယ်။ ခြေတွေ၊ လက်တွေ အကုန်စုံပါတယ်။ ဦးနှောက်တခုသာ မပါတာပါ။ အမျိုးသမီးမှာ ဒီကလေးမွေးတာ ၅ ယောက်မြောက် ကလေး ပေ့ါလေ။ ခွဲပြီး မွေးတာလည်း မဟုတ်ဘူး။ ရိုးရိုးလေး မွေးတာပေ့ါလေ။ အရင် ၄ ယောက်လုံး ဒီလိုမွေးဖွားတာ မရှိဘူးခင်ဗျ။ ခြေတွေ၊ လက်တွေ အကုန်စုံပါတယ်။ ဦးနှောက်တခုသာ မပါတာပါ။”

မြေပုံမြို့မှာ အရင်က ဒီလိုကလေးမျိုး မွေးဖွားတာ မရှိဘူးသလို အခုအကြိမ်ဟာ ပထဦးဆုံးအကြိမ် ဖြစ်ပြီး ဇီကာလို့ ဝေဖန်တာတွေ ထွက်နေတာလည်း မဟုတ်ဘူးလို့ ဒေါက်တာဝင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ဇီကာဆိုပြီး ဖွလိုက်ကြတယ်ပေ့ါလေ။ ဒါပေမယ့် ဒီကလေးက ဇီကာမဟုတ်ဘူး ခင်ဗျ။ မွေးရာပါပေ့ါလေ။ မွေးရာပါ ချွတ်ယွင်းချက်အနေနဲ့ ဦးနှောက်မပါတဲ့ ကလေးပေါ့နော်။ AENCEPHALY ပုံမှန်မဟုတ်လို့ ခေါ်ပါတယ်။ အင်ပါရာလိုဂျီလို့ ခေါ်ပါတယ်။ မွေးရာပါ ချွတ်ယွင်းချက်ဖြစ်တယ်ပေ့ါနော်။ ဒါက ကျွမ်းကျင်တဲ့ OG တဦးကို မေးလိုက်ရင် သိနိုင်ပါတယ်။”

အခုလို ဦးနှောက်ပါဘဲ မွေးလာတာနဲ့ ပတ်သက်လို့ မွေးဖွားခဲ့တဲ့ အမျိုးတွေရဲ့ မျိုးရိုးတွေကို ဆန်းစစ်လိုက်တဲ့အခါ အခုလို မွေးဖွားလာတဲ့ ကလေးမျိုး မျိုးရိုးမှာ မတွေ့ရှိခဲ့ဘူးလို့ ဆရာဝန်က ပြောပါတယ်။

ဒါ့အပြင်ဇီကာဗိုင်းရစ်သစ်ရောဂါပိုးဆိုတာလည်းမဟုတ်ကြောင်းနဲ့ ခြင်ကျားကိုက်ခံရာမှ ဖြစ်ပေါ်

လာတဲ့ရောဂါမျိုး မဟုတ်ဘူးလို့ ဒေါက်တာဦးဝင်နိုင်စိုးက ပြောပါတယ်။

ကလေးငယ်ဟာ ယောကျ်ားလေးတဦးဖြစ်ပြီး မြေပုံမြို့နယ်၊ ကြုံချောင်းကျေးရွာမှ အမျိုးသမီးတဦးက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top