Property Expo
×

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ ကရင္ေတာရပ္ကြက္မွာ ေအာက္တိုဘာလ ၃၁ ရက္(ယေန႔) မနက္ပိုင္းက သမီးရည္းစားႏွစ္ဦး ဓားထိုးမႈျဖစ္ပြားခဲ့ၿပီး ႏွစ္ဦးစလံုးေသဆံုးမႈျဖစ္ခဲ့တယ္လုိ႔ သိရပါတယ္။

ေက်ာက္ျဖဴၿမိဳ႕ ကရင္ေတာရပ္ကြက္မွာေနတဲ့ မေမဆုထြန္း(၂၈) ႏွစ္က ဒီေန႔မနက္ပိုင္းမွာ ရံုးသြားဖို႔ ဆိုင္ကယ္နဲ႔ ထြက္လာတုန္းမွာ ပိုက္ဆိပ္ရပ္ကြက္မွာေနတဲ့ ရည္းစားျဖစ္သူ ထြန္းျမတ္ဇံက လမ္းကေနေစာင့္ၿပီး ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့ကာ ကိုယ့္ကိုယ္ကိုလည္း ဓားနဲ႔ျပန္ထိုးသတ္ခဲ့တာလို႔ ေက်ာက္ျဖဴရဲစခန္းမွ ရဲအုပ္ဝင္းလြင္က ဒီဗီြဘီသတင္းဌာနကုိ ေျပာခဲ့ပါတယ္။

"ေကာင္မေလးကုိ ဓားနဲ႔ ကုိးခ်က္ေတာင္ ထိုးလိုက္တာ။ ေကာင္မေလးကိုထိုးလို႔ ၿပီးတာနဲ႔ သူ႔ကိုယ္သူ ဓားနဲ႔ျပန္ထိုးတယ္။ ေကာင္ေလးကေတာ့ ရင္ဘတ္နဲ႔ဗိုက္မွာ ဒဏ္ရာသုံးခ်က္ရသြားတာေပ့ါ။ သူတို႔ႏွစ္ေယာက္ကေတာ့ သမီးရည္းစားလို႔ေတာ့ ေျပာတယ္ဗ်။ ဘယ္လို အေၾကာင္းေၾကာင္းနဲ႔ ထိုးတယ္ဆိုတာကေတာ့ မသိဘူး”လို႔  ရဲအုပ္ဝင္းလြင္က ေျပာပါတယ္။

ဓားနဲ႔အထိုးခံရတဲ့ မေမဆုထြန္းက ရင္ဘတ္၊ ေနာက္ေက်ာ၊ လက္ေမာင္းေတြမွာ ဓားထိုးဒဏ္ရာကိုးခ်က္နဲ႔ ေဆး႐ံုေရာက္ၿပီး မိနစ္ ၂၀ အၾကာမွာဆံုးသြားခဲ့ၿပီး ထြန္းျမတ္ဇံ ကေတာ့ ရင္ဘတ္န႔ဲ ဗိုက္မွာ ဓားထိုးဒဏ္ရာ သံုးခ်က္နဲ႔ ေဆး႐ံုေရာက္ၿပီး ၄၅ မိနစ္ေလာက္အၾကာမွာ ဆုံးသြားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ကရင်တောရပ်ကွက်မှာ အောက်တိုဘာလ ၃၁ ရက်(ယနေ့) မနက်ပိုင်းက သမီးရည်းစားနှစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးသေဆုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ ကရင်တောရပ်ကွက်မှာနေတဲ့ မမေဆုထွန်း(၂၈) နှစ်က ဒီနေ့မနက်ပိုင်းမှာ ရုံးသွားဖို့ ဆိုင်ကယ်နဲ့ ထွက်လာတုန်းမှာ ပိုက်ဆိပ်ရပ်ကွက်မှာနေတဲ့ ရည်းစားဖြစ်သူ ထွန်းမြတ်ဇံက လမ်းကနေစောင့်ပြီး ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ကာ ကိုယ့်ကိုယ်ကိုလည်း ဓားနဲ့ပြန်ထိုးသတ်ခဲ့တာလို့ ကျောက်ဖြူရဲစခန်းမှ ရဲအုပ်ဝင်းလွင်က ဒီဗွီဘီသတင်းဌာနကို ပြောခဲ့ပါတယ်။

"ကောင်မလေးကို ဓားနဲ့ ကိုးချက်တောင် ထိုးလိုက်တာ။ ကောင်မလေးကိုထိုးလို့ ပြီးတာနဲ့ သူ့ကိုယ်သူ ဓားနဲ့ပြန်ထိုးတယ်။ ကောင်လေးကတော့ ရင်ဘတ်နဲ့ဗိုက်မှာ ဒဏ်ရာသုံးချက်ရသွားတာပေ့ါ။ သူတို့နှစ်ယောက်ကတော့ သမီးရည်းစားလို့တော့ ပြောတယ်ဗျ။ ဘယ်လို အကြောင်းကြောင်းနဲ့ ထိုးတယ်ဆိုတာကတော့ မသိဘူး”လို့  ရဲအုပ်ဝင်းလွင်က ပြောပါတယ်။

ဓားနဲ့အထိုးခံရတဲ့ မမေဆုထွန်းက ရင်ဘတ်၊ နောက်ကျော၊ လက်မောင်းတွေမှာ ဓားထိုးဒဏ်ရာကိုးချက်နဲ့ ဆေးရုံရောက်ပြီး မိနစ် ၂၀ အကြာမှာဆုံးသွားခဲ့ပြီး ထွန်းမြတ်ဇံ ကတော့ ရင်ဘတ်နဲ့ ဗိုက်မှာ ဓားထိုးဒဏ်ရာ သုံးချက်နဲ့ ဆေးရုံရောက်ပြီး ၄၅ မိနစ်လောက်အကြာမှာ ဆုံးသွားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top