Property Expo
×

အမ်ိဳးသမီးေတြအေနနဲ႔ မိတ္ကပ္ႀကိဳက္သူေတြ႐ွိသလို မႀကိဳက္သူေတြလည္း ႐ွိပါတယ္။ ဒီလိုအရာေတြကိုေတာ့ မိတ္ကပ္ႀကိဳက္တဲ့ မိန္းကေလးေတြအခ်င္းခ်င္းသာ နားလည္ၾကမွာပါ။

၁။ မိတ္ကပ္လွလွလိမ္းၿပီးတုိင္း ဆယ္ဖီမ႐ိုက္ရ မေနႏိုင္တာ

မိန္းကေလးတုိ႔သဘာဝဆုိတာ လွခ်င္ပခ်င္ၾကတယ္ေလ။ လွလွပပေလး ျပင္ဆင္ထားတုန္းမွာေတာ့ ဆယ္ဖီေလးေတာ့ဆြဲလုိက္ရမွ ေက်နပ္တတ္ၾကတာမ်ိဳးပါ။

၂။ ႏႈတ္ခမ္းနီမပ်က္ေအာင္ အစားအေသာက္၊ အေနအထိုင္ ဆင္ျခင္တာ

ပြဲလမ္းေတြမွာ တခ်ိဳ႕မိန္းကေလးေတြ အစားကို တုိ႔ကနန္း၊ ဆိတ္ကနန္းစားတာ ျမင္ဖူးမယ္ထင္ပါတယ္။ ႏႈတ္ခမ္းနီလွလွ မပ်က္ခ်င္တဲ့အခါ ေရကိုေတာင္မွ ဖန္ခြက္နဲ႔ႏႈတ္ခမ္း ထိၿပီး မေသာက္ခ်င္ၾကပါဘူး။

၃။ အႀကိဳက္ဆံုးမိတ္ကပ္ဘူးေလး က်ကြဲခ်ိန္

႐ွိစုမဲ့စု ပိုက္ဆံေလးနဲ႔ ဝယ္ထားမိတဲ့ တန္ဖိုးႀကီးမိတ္ကပ္ဘူးေလးဟာ လက္ကေန မေတာ္တဆ လြတ္က်သြားခ်ိန္မွာေတာ့ အသည္းကြဲရေတာ့တာပါပဲ။ ေစ်းလည္းႀကီး လိမ္းလို႔လည္းေကာင္းတာမုိ႔ တစ္စစီျဖစ္သြားတဲ့ မိတ္ကပ္ဘူးေလးျမင္ရတာ ေတာ္ေတာ္ေၾကကြဲရပါတယ္။

၄။ ေခါင္းကစြပ္ရတဲ့ အက်ႌေတြဝတ္တိုင္း သတိထားရတယ္

မ်က္ႏွာတစ္ခုလံုး မိတ္ကပ္အျပည့္အစံု လိမ္းၿပီးေတာ့မွ ေခါင္းစြပ္အက်ႌေတြ ဝတ္မယ္ဆုိ အေတာ္ႀကီးကို သတိထားမွျဖစ္မွာပါ။ အႏုစိတ္ျခယ္ထားတဲ့မ်က္လံုး၊ ပါးမို႔မို႔ႏွစ္ဖက္အျပင္ ႏႈတ္ခမ္းနီေတြ မထိေအာင္ ျဖည္းျဖည္းခ်င္း ဝတ္ရတာလည္း သည္းထိတ္ရင္ဖုိပါပဲ။

၅။ မ်က္ေတာင္ေကာ့ေဆးသံုးတဲ့အခ်ိန္

မ်က္ခံုးေတြပင့္ၿပီး မ်က္လံုးကို ေမွးလိုက္၊ ျပဴးလိုက္နဲ႔ မ်က္ေတာင္ေကာ့ေဆး သံုးေနတဲ့အခ်ိန္က ရယ္စရာေကာင္းပါတယ္။ သူမ်ားကိုၾကည့္ၿပီး ရယ္ခ်င္သလို၊ ကိုယ္မ်က္ေတာင္ေကာ့ေဆးသံုးခ်ိန္မွာ ၾကည့္မယ္ဆုိလည္း ရယ္စရာပံုႀကီး ျဖစ္ေနပါတယ္။ ဒါေပမဲ့ မိတ္ကပ္ႀကိဳက္သူအခ်င္းခ်င္းဆုိရင္ေတာ့ ဒါကို ရယ္စရာလို႔ကို မျမင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အမျိုးသမီးတွေအနေနဲ့ မိတ်ကပ်ကြိုက်သူတွေရှိသလို မကြိုက်သူတွေလည်း ရှိပါတယ်။ ဒီလိုအရာတွေကိုတော့ မိတ်ကပ်ကြိုက်တဲ့ မိန်းကလေးတွေအချင်းချင်းသာ နားလည်ကြမှာပါ။

၁။ မိတ်ကပ်လှလှလိမ်းပြီးတိုင်း ဆယ်ဖီမရိုက်ရ မနေနိုင်တာ

မိန်းကလေးတို့သဘာဝဆိုတာ လှချင်ပချင်ကြတယ်လေ။ လှလှပပလေး ပြင်ဆင်ထားတုန်းမှာတော့ ဆယ်ဖီလေးတော့ဆွဲလိုက်ရမှ ကျေနပ်တတ်ကြတာမျိုးပါ။

၂။ နှုတ်ခမ်းနီမပျက်အောင် အစားအသောက်၊ အနေအထိုင် ဆင်ခြင်တာ

ပွဲလမ်းတွေမှာ တချို့မိန်းကလေးတွေ အစားကို တို့ကနန်း၊ ဆိတ်ကနန်းစားတာ မြင်ဖူးမယ်ထင်ပါတယ်။ နှုတ်ခမ်းနီလှလှ မပျက်ချင်တဲ့အခါ ရေကိုတောင်မှ ဖန်ခွက်နဲ့နှုတ်ခမ်း ထိပြီး မသောက်ချင်ကြပါဘူး။

၃။ အကြိုက်ဆုံးမိတ်ကပ်ဘူးလေး ကျကွဲချိန်

ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ဝယ်ထားမိတဲ့ တန်ဖိုးကြီးမိတ်ကပ်ဘူးလေးဟာ လက်ကနေ မတော်တဆ လွတ်ကျသွားချိန်မှာတော့ အသည်းကွဲရတော့တာပါပဲ။ ဈေးလည်းကြီး လိမ်းလို့လည်းကောင်းတာမို့ တစ်စစီဖြစ်သွားတဲ့ မိတ်ကပ်ဘူးလေးမြင်ရတာ တော်တော်ကြေကွဲရပါတယ်။

၄။ ခေါင်းကစွပ်ရတဲ့ အကျႌတွေဝတ်တိုင်း သတိထားရတယ်

မျက်နှာတစ်ခုလုံး မိတ်ကပ်အပြည့်အစုံ လိမ်းပြီးတော့မှ ခေါင်းစွပ်အကျႌတွေ ဝတ်မယ်ဆို အတော်ကြီးကို သတိထားမှဖြစ်မှာပါ။ အနုစိတ်ခြယ်ထားတဲ့မျက်လုံး၊ ပါးမို့မို့နှစ်ဖက်အပြင် နှုတ်ခမ်းနီတွေ မထိအောင် ဖြည်းဖြည်းချင်း ဝတ်ရတာလည်း သည်းထိတ်ရင်ဖိုပါပဲ။

၅။ မျက်တောင်ကော့ဆေးသုံးတဲ့အချိန်

မျက်ခုံးတွေပင့်ပြီး မျက်လုံးကို မှေးလိုက်၊ ပြူးလိုက်နဲ့ မျက်တောင်ကော့ဆေး သုံးနေတဲ့အချိန်က ရယ်စရာကောင်းပါတယ်။ သူများကိုကြည့်ပြီး ရယ်ချင်သလို၊ ကိုယ်မျက်တောင်ကော့ဆေးသုံးချိန်မှာ ကြည့်မယ်ဆိုလည်း ရယ်စရာပုံကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ မိတ်ကပ်ကြိုက်သူအချင်းချင်းဆိုရင်တော့ ဒါကို ရယ်စရာလို့ကို မမြင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top