Property Expo
×






Credit:DVB

#Unicode Version
နိုင်ဂျီးရီးယားနိုင်ငံ ရွာသားတွေဟာ မြွေကြီးက နွားကောင်ပေါက်လေးကို မျိုထားတယ်လို့ ထင်ပြီး မြွေကြီးကို သတ်ဖြတ်လိုက်ပါတယ်။

လယ်သမားတွေရဲ့ နွားကိုစားတယ်လို့ ထင်ပြီး မြွေကြီးကို သတ်လိုက်တာဖြစ်ကြောင်း ဒေသခံသတင်းဌာနတွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ရွာသားတွေက မြွေရဲ့ဗိုက်ကို ခွဲလိုက်ချိန်မှာတော့ မြွေက ကိုယ်ဝန်ရှိနေတာဖြစ်ပြီး ဘာကနွားကို သတ်ဖြတ်လိုက်လည်းဆိုတာတော့ ရှင်းရှင်းလင်း မသိရသေးပါဘူး။

မြွေဥဒါဇင်ပေါင်းများစွာက မြွေရဲ့ကိုယ်ထဲကနေ ထွက်ကျနေပြီး အဲဒီဒေသမှာ မြွေဥတွေက ရတောင့်ရခဲစားစရာတွေဖြစ်နေလို့ ဒီဥတွေကို ဒေသခံတွေက အလျင်အမြန်ပဲ ယူဆောင်သွားကြပါတယ်။

မြွေက ဘာအမျိုးအစားလဲဆိုတာ မသိပေမယ့် မြွေအတော်များများက တကြိမ်တည်းမှာ ဥပေါင်း ၁၀၀ ထိ ဥနိုင်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top