Kantharyar Centre
×

 ႏိုဝင္ဘာအတြင္း ကမၻာ့ ေရႊေစ်းႏွင့္ ႏိုင္ငံျခား ေငြလဲႏႈန္း ျမင့္တက္လာျခင္းေၾကာင့္ ျပည္ တြင္းေရႊေစ်းလည္း ျပန္လည္ ျမင့္ တက္လာေၾကာင္း သတင္းရရွိ သည္။

စက္တင္ဘာလကုန္က ျပည္တြင္းေရႊေစ်းသည္ အေခါက္ေရႊတစ္က်ပ္သားလွ်င္ က်ပ္ကိုးသိန္းေက်ာ္ ျမင့္တက္ၿပီးေနာက္ေအာက္တိုဘာအတြင္း က်ပ္ရွစ္သိန္းခန္႔သို႔ ျပန္လည္က်ဆင္းခဲ့သည္။ ထုိ႔ေနာက္ ႏိုဝင္ဘာ ၅ ရက္တြင္ က်ပ္ရွစ္သိန္းကိုးေသာင္းခန္႔သို႔ ျပန္လည္ ျမင့္တက္လာျခင္းျဖစ္သည္။

ျပည္တြင္းအေခါက္ေရႊေစ်း သည္ စက္တင္ဘာႏွင့္ ေအာက္ တုိဘာ ႏွစ္လအတြင္း က်ပ္ေငြ တစ္သိန္းခန္႔ အေျပာင္းအလဲျဖစ္ ၿပီး ေရႊေစ်းကြက္ အတက္အက် အမ်ားဆံုး ကာလတစ္ခု ျဖစ္ ေၾကာင္း ဦးထံုေရႊဆိုင္ အေထြ ေထြ မန္ေနဂ်ာ ဦးေမာ္က ေျပာ ၾကားသည္။

‘‘ကမၻာ့ေရႊေစ်းက အျမင့္ဆံုးႏႈန္း တစ္ေအာင္စကို ၁,၃၀၅ ေဒၚလာျဖစ္ေနတယ္။ ေနာက္ၿပီး ေဒၚလာေငြလဲႏႈန္းက တစ္ေဒၚလာကို တစ္က်ပ္တက္တိုင္း ေရႊတစ္က်ပ္သားကို က်ပ္ ၆၅၀ ေစ်းတက္ေနတယ္။ ဒါကလည္းေစ်းတက္ရျခင္းရဲ႕ အေၾကာင္းပါ’’ဟု ဦးေမာ္က ေျပာသည္။

ေရႊေစ်းအတက္၊ အက်မ်ား ေနျခင္းေၾကာင့္ ဝယ္ေရာင္းလုပ္ ကိုင္သူမ်ားသာ အေရာင္းအဝယ္ လုပ္ၿပီး သာမန္ဝယ္ယူသူမ်ား မရွိ ေၾကာင္း ေရႊအေရာင္းအဝယ္သမား ဦးဆန္းေမာင္က ေျပာသည္။

‘‘ေရႊက ေငြရွိမွ ဝယ္ၾကတဲ့ ပစၥည္းေပါ့။ ဒါေၾကာင့္တက္လည္း တက္ေစ်းနဲ႔ ေရာင္းၾကတယ္။ ဝယ္ၾကတယ္။ က်လည္း ဒီလိုပဲ။ ဒါေၾကာင့္ ေစ်းအတက္အက်က ေရႊေလာကကို သိသိသာသာ ထိ ခိုက္တာမရွိပါဘူး။ စုိးရိမ္ရမွာက ေရႊေစ်းနဲ႔အတူ လိုက္တက္လာတဲ့ ကုန္ေစ်းႏႈန္းပါ’’ဟု မႏၲေလးရွိ ေရႊ ဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။

သီတင္းကြၽတ္၊ တန္ေဆာင္ တိုင္မ်ားတြင္ ျပည္တြင္း ေရႊေရာင္းအား ေကာင္းခဲ့ေသာ္လည္းယခုႏွစ္၌ ဝယ္လိုအားနည္းေနေၾကာင္း ရန္ကုန္တိုင္း ေရႊလုပ္ငန္းရွင္မ်ားအသင္းအတြင္းေရးမွဴး ဦးဝင္းျမင့္က ေျပာသည္။

‘‘ဒီႏွစ္က ေရႊေစ်းတက္တာ အျပင္ ေတာင္သူေတြရဲ႕ ေကာက္ ပဲသီးႏွံေတြ အထြက္မေကာင္းတာ နဲ႔ ေစ်းေကာင္း မရတာေၾကာင့္ ဝယ္လိုအား နည္းတယ္လို႔ ထင္ တယ္။ ေတာင္သူလယ္သမား ေတြက ေရႊေစ်းကြက္ရဲ႕ အဓိက ဝယ္ယူသူပါ။ သူတို႔ အဆင္မေျပ ေတာ့ အေရာင္းပါးတာပါ’’ ဟု ဦးဝင္းျမင့္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version
 နိုဝင်ဘာအတွင်း ကမ္ဘာ့ ရွှေဈေးနှင့် နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် ပြည် တွင်းရွှေဈေးလည်း ပြန်လည် မြင့် တက်လာကြောင်း သတင်းရရှိ သည်။

စက်တင်ဘာလကုန်က ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းကျော် မြင့်တက်ပြီးနောက်အောက်တိုဘာအတွင်း ကျပ်ရှစ်သိန်းခန့်သို့ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၅ ရက်တွင် ကျပ်ရှစ်သိန်းကိုးသောင်းခန့်သို့ ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် စက်တင်ဘာနှင့် အောက် တိုဘာ နှစ်လအတွင်း ကျပ်ငွေ တစ်သိန်းခန့် အပြောင်းအလဲဖြစ် ပြီး ရွှေဈေးကွက် အတက်အကျ အများဆုံး ကာလတစ်ခု ဖြစ် ကြောင်း ဦးထုံရွှေဆိုင် အထွေ ထွေ မန်နေဂျာ ဦးမော်က ပြော ကြားသည်။

‘‘ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံးနှုန်း တစ်အောင်စကို ၁,၃၀၅ ဒေါ်လာဖြစ်နေတယ်။ နောက်ပြီး ဒေါ်လာငွေလဲနှုန်းက တစ်ဒေါ်လာကို တစ်ကျပ်တက်တိုင်း ရွှေတစ်ကျပ်သားကို ကျပ် ၆၅၀ ဈေးတက်နေတယ်။ ဒါကလည်းဈေးတက်ရခြင်းရဲ့ အကြောင်းပါ’’ဟု ဦးမော်က ပြောသည်။

ရွှေဈေးအတက်၊ အကျများ နေခြင်းကြောင့် ဝယ်ရောင်းလုပ် ကိုင်သူများသာ အရောင်းအဝယ် လုပ်ပြီး သာမန်ဝယ်ယူသူများ မရှိ ကြောင်း ရွှေအရောင်းအဝယ်သမား ဦးဆန်းမောင်က ပြောသည်။

‘‘ရွှေက ငွေရှိမှ ဝယ်ကြတဲ့ ပစ္စည်းပေါ့။ ဒါကြောင့်တက်လည်း တက်ဈေးနဲ့ ရောင်းကြတယ်။ ဝယ်ကြတယ်။ ကျလည်း ဒီလိုပဲ။ ဒါကြောင့် ဈေးအတက်အကျက ရွှေလောကကို သိသိသာသာ ထိ ခိုက်တာမရှိပါဘူး။ စိုးရိမ်ရမှာက ရွှေဈေးနဲ့အတူ လိုက်တက်လာတဲ့ ကုန်ဈေးနှုန်းပါ’’ဟု မန္တလေးရှိ ရွှေ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

သီတင်းကျွတ်၊ တန်ဆောင် တိုင်များတွင် ပြည်တွင်း ရွှေရောင်းအား ကောင်းခဲ့သော်လည်းယခုနှစ်၌ ဝယ်လိုအားနည်းနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

‘‘ဒီနှစ်က ရွှေဈေးတက်တာ အပြင် တောင်သူတွေရဲ့ ကောက် ပဲသီးနှံတွေ အထွက်မကောင်းတာ နဲ့ ဈေးကောင်း မရတာကြောင့် ဝယ်လိုအား နည်းတယ်လို့ ထင် တယ်။ တောင်သူလယ်သမား တွေက ရွှေဈေးကွက်ရဲ့ အဓိက ဝယ်ယူသူပါ။ သူတို့ အဆင်မပြေ တော့ အရောင်းပါးတာပါ’’ ဟု ဦးဝင်းမြင့်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top